တစ်နေ့တာကုန်ဆုံးဖို့ရန် မိုးကောင်းကင်ကြီးမှာ မီးခိုးရောင်မှ မဟူရာရောင်သို့ပြောင်းလို့လာချေပြီ~~~~
သို့သော်...ကောင်းကင်၌လှပလင်းလက်သော ကြယ်များမတွေ့ ရပေ....
အဘယ်ကြောင့်ဆိုသော်.....
မိုးညဖြစ်နေသောကြောင့်~~~~~ကျနော်တစ်နေ့တာ ပင်ပန်းခဲ့သမျှတွေကို အနားယူဖို့ရန် အိပ်ရာဝင်ခဲ့သည်.......
သို့သော် ချက်ချင်းတော့အိပ်မပျော်နိုင်၊ကျနော့်၏စိတ်သည် ကျနော့်အားအိပ်ခွင့်မပြုသေးးးးးး
အခန်းပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်နေသောကြောင့် ပြတင်းပေါက်မှန်ကိုရိုက်ခတ်နေသော မိုးစက်မိုးပေါက်သံများကိုမူကြားနေရသည်--------
ထိုသို့မိုးစက်များ၏ရိုက်ခတ်မှုကြောင့် ပြတင်းပေါက်မှန်မှာ နာကျင်နေမှာအမှန်ပင်~~~
သို့သော် ကျနော့်နှလုံးသားကပို၍နာကျင်နေသည်~~~~
Buzzzzzzzz))))
ပင်ပန်းသောလက်များဖြင့် ph ကို အိပ်ရာဘေးမှလှမ်းယူကာ ဖွင့်ကြည့်လိုက်သည်.......
"ဒီအတောအတွင်း အဆင်ပြေရဲ့လား"
တဲ့ ဒါ...ဒါသူမဆီက စာပဲ ◠‿◠ကျနော်တစ်နေ့တာ ပင်ပန်းခဲ့သမျှ ၊လွမ်းခဲ့ဆွေးခဲ့ရသမျှတွေ ဒီစာလေးတစ်စောင်လောက်နဲ့ပင် ဒီရေကျသလို ကျသွားခဲ့သည်.......
ဪ....သူမက အဝေးတစ်နေရာမှာရှိနေတာတောင် ကျနော့်ကိုသတိရနေသေးသားပဲ.......
ထိုစာလေးကိုကြည့်ရင်း ပီတိဖြာနေပေမယ့် ကျနော် reply မလုပ်ခဲ့ပါ.....
အကြောင်းမှာ.....
ကျနော်..သူနဲ့အတူရှိနေစဉ် အချိန်တွေမှာ သူ့အပေါ်အရေးမလုပ်ခဲ့ပေ။
ဘာကြောင့်???
သူကျနော့်ကို ချစ်မိသွားမှာစိုးရိမ်လို့...
ကျနော်ဟာ သူ့အချစ်တွေနဲ့ မထိုက်တန်သူတစ်ယောက်ပါ×××××××
