{1}

2.6K 179 7
                                    

အကျည်းတန်လွန်းသော အစွန်းရောက်အချစ်

Part -1

မီးရောင်စုံ တလက်လက်တောက်ပပြီး ပျက်စီးနေတဲ့ လူငယ် လူရွယ် အပျော်အပါးလိုက်စားတဲ့သူတွေ ပျော်မွေ့ရာ Night Club......

အမှန်ဆို ကျွန်တော်က ဒီလိုနေရာမှာပဲ နေသင့်တာ ဒီလိုနေရာမျိုးမှာပဲ ပျော်မွေ့တာ
လူအများကြီးရဲ့ရှေ့မှာ ဟန်ဆောင်ပြုံးနေရတာ ကျွန်တော်မဟုတ်ဖူး
idol ဘဝကို အရမ်းဝါသနာ ပါလွန်းလို့ဆိုပြီး အမြဲပြောနေတဲ့သူက ကျွန်တော်မဟုတ်ဖူး
အမှောင် ကမ္ဘာထဲမှာပဲ ပျော်မွေ့နေတဲ့သူက ကျွန်တော်
အမှောင် ကမ္ဘာထဲကဆွဲထုတ်ပေးမယ့် အလင်းရောင်ကို တွေ့ခဲ့ပေမယ့် အလင်းပေးတဲ့သူကပဲ ကျွန်တော့်ကို အမှောင်ကမ္ဘာထဲ ပြန်ရောက်သွားစေတယ်
မုန်းတယ် ခင်ဗျားကြီးကို မုန်းတယ် ခင်ဗျားကြီး ပိုင်တဲ့ ကျွန်တော့်ဘဝကို မုန်းတယ်
ခင်ဗျားလိုသလိုစေခိုင်းနေတဲ့ ကျွန်တော်က စက်ရုပ်မဟုတ်ဖူး နှလုံးသားပါတယ်ဆိုတာ သိတောင်သိရဲ့လား ခင်ဗျားကြီး အရမ်းရက်စက်တယ်

"ဟေး တယောက်ထဲလား ကိုယ်နဲ့အတူပျော်ရအောင်လေ"

ဘေးနားလာကပ်ပြီး အီစီကလေးလာလုပ်တဲ့ကောင်လေး
မူးနေတယ်ဆိုတာသိပေမယ့် ခုချိန်ဘာမှမတွေးချင်တော့ဖူး

"ဆေးရှိရင် လိုက်ခဲ့မယ်"

အရင်လို ဆေးချမှ နာကျင်မှုတွေပျောက်တဲ့ဘဝကို ပြန်ရောက်သွားတာ ခင်ဗျားကြီးကြောင့်!!!
ထိုကောင်လေး ကျွန်တော့်ကို အခန်းတစ်ခန်းထဲခေါ်သွားတယ် ပြီးတော့ ဆေးတွေပေးတယ် ကျွန်တော် ဆေးရှုနေတုန်း ကောင်လေးက ကျွန်ေ်တာ့် လည်တိုင်ကို နမ်းနေတယ် ဆေးရှိန်လေးနဲ့ တဖြေးဖြေးမှိန်းနေတုန်း နားထဲဆူညံသံတွေဝင်လာသလိုပဲ
မျက်လုံးဖွင့်လိုက်တော့ ကျွန်ေ်တာ့်ကို ဆေးပေးတဲ့ကောင်လေးကို ထိုးကြိတ်နေတဲ့လူတစ်ယောက်
ရှင်းရှင်းပြောရရင် ကျွန်တော့်ရဲ့ပိုင်ရှင် ဟားဟား
နောက်ဆုံးတော့ ခင်ဗျား အရမ်းမုန်းတဲ့ club အထိလိုက်လာရတာပဲမလား?
ခင်ဗျားကျွန်ေ်တာ့်ကို ပြစ်မထားရက်ပါဖူး ဟက်ဟက်

"ထတော့ ဂင်မင်ဆော့ မင်းနဲ့ငါအိမ်ရောက်မှရှင်းမယ်"

ကျွန်တော့်ပါးစပ်ထဲကဆေးလိပ်ကို သူ့မျက်နှာနားမှာ ဖွာလိုက်ရင်း ဂျစ်ကန်ကန်ဖြေလိုက်သည်။

အကျည်းတန်လွန်းသော အစွန်းရောက်အချစ်Where stories live. Discover now