{4}

2.4K 194 119
                                    

အကျည်းတန်လွန်းသော
အစွန်းရောက်အချစ်

Part-4

~^~^~^~^~^~^~^~^~^

ကျွန်တော်နိုးလာတော့ တစ်ကိုယ်လုံးအားအင်ချိနဲ့နေသလိုပဲ။
မျက်လုံးဖွင့်ကျိလိုက်တော့ ဟိုတယ်ခန်းထဲကို ပြန်ရောက်နေတာပဲ။
ကျွန်တော့လက်မှာ အားဆေးသွင်းထားပြီး ကုတင်ဘေးမှာ ခေါင်းငိုက်စိုက်နေတဲ့ Yixing Hyung

"Hyung...?"

"နိုးလာပြီလား?သက်သာရဲ့လား?"

"အင်း သူရော ဘယ်မှာလဲ?

ကျွန်တော်နိုးလာကထဲက သူ့ကိုမမြင်ရတော့ ပိုပြီးစိုးရိမ်မိသည်။
အခန်းထဲမှာလဲ ကျွန်တော်ရယ် Yixing Hyung ရယ်ပဲ ရှိတာ
သူကရော ဘယ်ရောက်သွားတာလဲ?"

"လုဟန် အခုရဲစခန်းမှာ?"

"ဘာ?ရဲစခန်းဟုတ်လား?ဘယ်လိုဖြစ်ရတာလဲ?Hyung လိုက်မသွားဘူးလား?မဟုတ်သေးပါဖူး ကျွန်တော်လိုက်သွားမှရမယ်"

"သူက မင်းနိုးလာတဲ့အထိစောင့်ပြီးမှ လိုက်လာခိုင်းလို့ပါ Hyung သွားဖြေရှင်းလိုက်ပါ့မယ် ရဲစခန်းကိုမင်းလိုက်ရင် ပြသနာတွေပိုရှုပ်ထွေးသွားမှာပေါ့"

"သူ့ကို ရဲစခန်းက ပြန်ခေါ်ထုတ်လာမယ်လို့ ကတိပေးပါနော် Hyung"

"စိတ်ချ သွားခေါ်ပြီး ပြန်လာခဲ့မယ်နော်"

Yixing Hyung ထွက်သွားတာကို ငေးကြည့်ရင်း သူ့အတွက်စိတ်ပူနေမိတယ်
သူ့လိုသူဌေးသားက အချုပ်ခန်းထဲမှာ နေနိုင်ရဲ့လားမသိဘူး
ကျွန်တော့်ကြောင့် သူ့လိုသူဌေးသားက ဒုက္ခရောက်နေရပြီ။
သူအဆင်ပြေဖို့ပဲ ဆုတောင်းနေမိတယ်။
Yixing Hyung ပြန်လာပြီး သူအဆင်ပြေလားသိရမှာ အိပ်မယ်လို့စိတ်တင်းထားသော်လည်း အရမ်းပင်ပန်းသွားလို့ ပြန်အိပ်ပျော်သွားသည်။
အတော်ကြာအိပ်ပျော်သွားပြီး ပြန်နိုးလာတော့ ဘေးကုတင်မှာ Yixing Hyung ပြန်ရောက်နေပြီ။
ကျွန်တော်နိုးလာတာမြင်တော့ သက်သာလားဆိုပြီး ကျွန်တော့်ကို ဆွဲထူပေးတယ်

"Hyung သူရော အဆင်ပြေရဲ့လား?"

"အင်း အာမခံနဲ့ထုတ်လိုက်ပြီ ဒါပေမယ့် မြို့တော်ဝန်သားကြောင့် ထိုင်ဝမ်မြို့ထဲဝင်လို့မရတော့ဖူး ဗီဇာ ၃ နှစ်အပိတ်ခံလိုက်ရတယ်"

အကျည်းတန်လွန်းသော အစွန်းရောက်အချစ်Where stories live. Discover now