{2}

1.8K 152 8
                                    

အကျည်းတန်လွန်းသော
အစွန်းရောက်အချစ်

Part - 2

မှန်က ဖြာကျလာတဲ့ အလင်းရောင်ကြောင့် မျက်လုံးဖွင့်ကျိလိုက်တော့ ကုတင်ပေါ်မှာ ကျွန်တော်တယောက်ထဲ
သူကတော့ ရေချိုးခန်းထဲမှာထင်ပါရဲ့ ရေကျသံကြားနေရတယ်
သူရေချိုးခန်းထဲကထွက်လာတော့ မျက်စိမှိတ်ပြီး အိပ်ချင်ယောင်ဆောင်လိုက်တယ်

"နိုးနေတာသိတယ်ထတော့"

မျက်နှာကို မဲ့ရွဲ့ပေးလိုက်တယ်
နိုးနေတာသိရဲ့သားနဲ့ ညင်ညင်သာသာနှိုးမယ်မရှိဝူး

"ဒီနေ့ schedule ရှိတယ် ခနနေရင် Yixing လာခေါ်လိမ့်မယ်"

"ဒီနေ့ ဘယ်မှမသွားနိုင်ဖူး"

"ငါ့အမိန့်ကို ငြင်းဆန်နေတာလား?"

သူ့မျက်နှာကို ကြည့်တော့ တော်တော် ဒေါသထွက်နေတဲ့ပုံပါ
သူဒေါသထွက်ရင် ကျွန်တော့်အတွက်ပဲမကောင်းဖြစ်မှာ
သူကတော့ အနောက်တိုင်းဝတ်စုံအနက်နဲ့ အတော်ကိုကြည့်ကောင်းနေတယ်
နက္ခတိုင် စည်းနေတာ အဆင်မပြေဘူးထင်ပါရဲ့
ကျွန်တော်သူ့နားလျောက်သွားပြီး နက္ခတိုင်လေးကို စနစ်တကျစည်းပေးလိုက်တယ်
သူဒေါသထွက်နေတာ နဲနဲလျော့သွားအောင်ပါ

"ဒီနေ့ schedule က ဘာလဲ?ဘယ်ကိုသွားရမှာလဲ?"

"Yixing ခေါ်သွားလိမ့်မယ် studio တစ်ခုမှာရိုက်ရမှာ မင်းဟိုတလောက ငြင်းလိုက်တဲ့ကားလေ"

"ဘာာ!!!အဲ့ကားကို သေတောင်မရိုက်ဖူးလို့ ပြောထားတယ်မလား?အဲ့လောက်အပြာကားရိုက်ချင်ရင် ခင်ဗျားဘာသာ သွားရိုက်ပါလား?ကျွန်တော်ကဘာလို့ အပြာကားရိုက်ရမှာလဲ"

ကျွန်တော် ဒေါသထွက်လာကာ သူ့ကိုအော်မိတော့ သူ့လက်ဝါးတစ်ဖက်က ကျွန်တော့်ပါးပြင်ပေါ်ကျလာတယ်
သူ့လက်ချက်ကြောင့် ကြမ်းပေါ်ပေါ်ပစ်လဲသွားပြီး ရယ်မိတယ် ဆုံးဖြတ်ချက်တစ်ခုတောင် ကိုယ်တိုင်မချနိုင်တဲ့အဖြစ်ပဲ

"မင်းမှာ ရွေးချယ်ခွင့်မရှိဘူး ဂင်မင်ဆော့ မင်းရိုက်ကိုရိုက်ရမယ် မင်းဘာမှလုပ်စရာမလိုပါဖူး လူစားထိုးမှာပဲဟာကို ဘာတွေကြောက်နေတာလဲ?"

အကျည်းတန်လွန်းသော အစွန်းရောက်အချစ်Where stories live. Discover now