Mirotic

1.1K 89 3
                                    

Mirotic
Ep (1)

At Vampire Castle

ရွှမ်း ရွှမ်း ရွှမ်း ( ကြာပွတ်နဲ့ရိုက်သံ)
Johnny - ဒီလောက်ရိုက်နေတာတောင် အသံမထွက်ဘူး တော်တော်အကြောတင်းနေတယ်
ဟုတ်လား'
Taeyong - တော်ပါတော့ အဖေ ရယ် ညီလေး လည်း သူမှားမှန်း သိနေပါပြီ
Johnny - ဒါလား ကိုယ့်အမှားကို သိတဲ့အကောင် လူသားတွေနေတဲ့နေရာ မသွားပါနဲ့လို့ အတန်တန်မှာထားတာကို ငါ့စကားကို လစ်လျူရှုတဲ့ အကောင် ဒီနေ့တော့ ဆုံးမ မှ ရတော့မယ်
Taeyong - သားဆုံးမ ပါ့မယ် အဖေရယ် ညီလေးလည်း သွေးတွေ ထွက်နေပြီ ဒီထက် ပိုရိုက်ရင် သတိလစ်တော့မယ် ညီလေး မင်းကလည်း အဖေ့ကို တောင်းပန်လိုက်လေ နောက်မလုပ်တော့ဘူးလို့
Taeyong သူ့ညီဘက် လှည့်ရင်း မျက်စပစ်ပြီး ပြောလိုက်တာနဲ့ Ten သတိလစ်ချင်ယောင် ဆောင်လိုက်သည်
Johnny - Taeyong မင်းလည်း သတိထားနေ ညီကို အရမ်းအလိုလိုက်နေတယ် သွား မင်းညီကို ခေါ်သွား ဆေးထည့်ပေးလိုက်

At Ten's room
Taeyong - ကဲ ကောင်စုတ်လေး ထတော့ ခုမှ ဟန်ဆောင်မနေနဲ့
Taeyong လှုပ်နှိုးသော်လည်း တုတ်တုတ်တောင် မလှုပ်
Taeyong မျက်ရည်တွေ ဝဲပြီး အသံတွေတုန်လာသည် သူ့ဘဝမှာ သူ့ညီကို အချစ်ဆုံး ငယ်ငယ်တည်းက သူ့လက်ပေါ်မှာ ကြီးပြင်းလာခဲ့သူ
Taeyong - Tennie ya ,ညီလေး ညီလေး
Ten - နားငြီးတယ်ဗျာ ဘာတုန်း
Taeyong - ဒီကောင်လေးတော့ ငါ့ကို လာစ နေတယ် တကယ် သတိလစ်သွားတယ်ထင်လို့
Ten - ဒီလောက်နဲ့ သတိလစ်စရာလားဗျ ငါ့ကိုကြီး ဘယ်လို ငိုမလဲ သိချင်လို့ သရုပ်ဆောင်လိုက်တာ ဟီးးးးး ယောက်ကျာင်္းကြီး ဖြစ်ပြီး ငိုသံပါကြီးနဲ့ မျက်ရည်လေး တစမ်းစမ်းနဲ့ ဟု ပြောကာ လျှာထုတ်ပြောင်ပြလိုက်သည်
Taeyong - ဘာာာာာ အစ်ကို ကို စ စရာလား နောက်တစ်ခါ သေမယ်
Ten - ကြောက်ပါတယ်ဗျာ ဒါနဲ့လေ ခုနက အဖေ ရိုက်ထားတာ တော်တော်အီတယ်ဗျ လက်သံက ပြောင်နေတာပဲ
Taeyong - အာ့ကြောင့် ဘာလို့ သူမကြိုက်တာ လုပ်လဲ တောင်းပန်လိုက်ရင် ဒီထက် သက်သာမှာကို သက်သက်မဲ့ ခေါင်းမာနေတာ
Ten - ဘာအမှားမှ မလုပ်လို့ မတောင်းပန်တာ ကျွန်တော်က လူသားတစိပိုင်း vampire တစ်ပိုင်းဆိုတော့ လူသားတွေနဲ့ အပေါင်းအသင်း လုပ်ချင်တာ မှားလား
Taeyong - မင်းကို အဖေ တားတဲ့ အကြောင်းလည်း သိသားနဲ့ကွာ မင်းတို့ သားဖ နှစ်ယောက်ကြား ငါရူးချင်တယ်
Ten - မရူးခင် ကျွန်တော့်ကို ဆေးထည့်ပေးဦး
Taeyong - အေးပါကွာ ခဏလေးစောင့်
ဟုဆိုကာ မြန်ဆန်သော နှုန်းနဲ့ ထွက်သွားလေသည်

Ten ဆိုတာ လူသားတစ်ပိုင်း vampire တစ်ပိုင်းပါ ပျော်ပျော်ရွှင်ရွှင်နေတတ်တယ် သူမှန်တယ်ဆိုရင် လုပ်တတ်တယ် သွေးနံ့ရပြီဆို ကြမ်းတမ်းလာတယ်

A few minutes later
Taeyong တစ်ယောက် သူ့ညီအတွက် အမဲလိုက်ရာက ပြန်လာပြီး လက်ထဲမှာ သွေးထည့်ထားသောဖန်ခွက် တစ်ခွက်
Taeyong - ရော့ သောက်လိုက် ခဏနေ ဒဏ်ရာ ကျက်သွားလိမ့်မယ်
Ten - Normu Gomawo ဒီကမ္ဘာပေါ်မှာ ငါ့အစ်ကိုက ချစ်ဖို့အကောင်းဆုံးပဲ
Taeyong - ဒါမျိုးကျ စကားတတ်တယ် ပြီးရင် အိပ်လိုက်
Ten - Nae :)

Taeyong ကတော့ Angel တစ်ပိုင်း vampire တစ်ပိုင်းပါ စိတ်ထား အရမ်း နူးညံ့တယ် သစ်သီးသစ်ဖုတွေပဲ စားတယ် သူ့ညီအတွက်ပဲ အမဲလိုက်တယ် ဒီကမ္ဘာပေါ်မှာ သူ့အမေက လွဲရင် သူ့ညီ ကို အချစ်ဆုံး အဖေတူ အမေကွဲ ညီအစ်ကိုတွေ ဆိုပေမယ့်လည်း ................

To Be Continued ___________
ဒီ fic လည်း သိတဲ့ အတိုင်း Jaeyong & Yuten ပါ
နောက်တစ်ပိုင်းကျရင် Johnny ရဲ့ flash back တွေ ပါ ပါမယ်

MiroticTahanan ng mga kuwento. Tumuklas ngayon