Mirotic

345 40 0
                                    

Mirotic
Ep(6)

Taeyong - Hello ,Nice to meet you အဖေ လွှတ်လိုက်လို့ပါ ဒါနဲ့ Jaehyun က ?
Jaehyun - ကျွန်မပါ
Taeyong - ဟိုလေ တကယ်တော့ ပြောစရာရှိလို့ပါ ကျွန်တော်က Tae...
Taeyong တောင် စကားမဆုံးလိုက်
Jaehyun - သိပါတယ် ရှင့်နာမည် Ten မလား
Taeyong - မဟုတ်ပါဘူး
Jaehyun - ဘာမဟုတ်တာလဲ ရှင့်အဖေ လွှတ်လိုက်တာဆို ကျွန်မနာမည်လည်း သိနေတယ်လေ
Taeyong - အဲ့လိုမဟုတ်
YuTen - ရှင်က ဘာလဲ မိန်းကလေး တစ်ယောက်ကို အရူးလာလုပ်နေတာလား
Jaehyun - ကျွန်မကလည်း ရှင့်ကို လက်ထပ်ချင်လွန်းလို့ ရောက်လာတာ မဟုတ်ဘူး Appa ကိုကြောက်လို့
Taeyong - ဟိုလေ လွဲနေပြီ ကျွန်တော်ပြောတာလေး နားထောင်ပါဦး
Jaehyun - တော်ပြီ ဘာတွေဆင်ခြင်ပေးဦးမလို့လဲ ခုနက ကျွန်မချော်လဲတာ မြင်တာတောင် ယောက်ကျာင်္းလေး ဖြစ်ပြီး ရပ်ကြည့်နေတယ်
Taeyong - အဲ့ဒါကလေ
Jaehyun - တော်ပြီ တော်ပြီ Appa ကို ရှင်နဲ့လက်မထပ်နိုင်ဘူးလို့ပြောမယ်

Taeyong စိတ်တွေညစ်နေပါပြီ သူပြောတာ နားမထောင်ဘဲ နှစ်ယောက်လုံး ဇွတ်ဟောက်နေတယ်
အကူအညီ ရလိုရငြား ဟိုဘက်ဝိုင်းမှာ ထိုင်နေတဲ့ Ten ကို လှည့်ကြည့်တော့လည်း ဟိုကိုယ်တော်က ပခုံးတွန့်ပြပြီး ရယ်နေလေသည်
Taeyong's POV - ငါ့ကို အချွန်နဲ့ မ နေတာ အငယ်ကောင် ပြီးမှ တွေ့မယ် ဒင်းကြောင့် ငါ အဟောက်ခံနေရတာ

Jaehyun - ကြားလား ရှင့်ကို လက်မထပ်နိုင်ဘူးလို့
Taeyong - ဟုတ်ကဲ့

Taeyong သူ့အတွေးနဲ့သူမို့ Jaehyun ပြောတာ မကြားလိုက် အော်လိုက်မှသာ အယောင်ယောင် အမှားမှားနဲ့

Jaehyun - ဟုတ်ကဲ့ တဲ့ ဖြေတာ မြန်ချက် ခုနကတော့ အထစ်ထစ် အငေါ့ငေါ့နဲ့ ကျွန်မကလည်း ရှင့်ကို စိတ်မဝင်စားပါဘူး Ta Ta လာ သွားမယ်

Jaehyun ဒေါသတွေ အစွန်းစွန် ရောက်သွားပါပြီ သူက ငြင်းမယ်ဆိုပြီး ကြံထားတာ ခုတော့ စတွေ့ထဲက Jae ကို ငြင်းတဲ့အချိုးနဲ့

အဲ့ချိန်မှာ ဟိုဘက် အစွန်နားမှာ ထိုင်နေတဲ့ကောင်လေး ရယ်နေရင်း ခြေထောက်ဆန့်လိုက်ရာ

Yuta - အာ့ ရှင် တမင်လုပ်တာမလား လူလာနေတာကို ခြေထောက်ဆန့်စရာလား
Ten - Miyanae မတော်တဆပါ
Yuta - ဒါမျိုးတွေရိုးနေပြီ ရှင်တို့ ယောက်ကျာင်္းလေးတွေက ဒါပဲ မိန်းကလေး ချောချောလေးတွေမြင်ရင် ဇာတ်လမ်းစတာ
Ten - ဗျာ ဟိုလေ အားတော့နာပါတယ် ဒီက ဇီးကွက်လေးက ကျွန်တော့် ideal type ဟုတ်ဘူးဗျ ကျွန်တော်က မျက်လုံးလှတာပဲ ကြိုက်တာ ပြူးတာကို ကြိုက်တာ မဟုတ်ဘူး
Yuta - ဘာာ ဇီးကွက် ဟုတ်လား ရှင်တော့အသားနာချင်နေပြီ
ဆိုပြီး ပါးရိုက်ဖို့ လက်အရွယ်
Ten က လက်ကို ဖမ်းဆုပ်လိုက်ပြီး နမ်းလိုက်သည်
Yuta - O.O ဘာ ဘာ လုပ်တာလဲ
Ten - မင်းက ခု ရိုက်မို့မလား ကိုယ့်ပါးကို ဘယ်သူမှ ရိုက်ဖို့ မပြောနဲ့ လက်နဲ့ရွယ်ဖူးတာ မဟုတ်ဘူး မင်းက ပထမဆုံးပဲ အဲ့တော့ အပြစ်ပေးတယ် မှတ်လိုက်ပေါ့ နောက်တစ်ခါဆို ဒီ့ထက် ပိုဆိုးမယ် 'Wink'
Jaehyun - Boya ဂေါက်နေတာလား
YuTen မျက်နှာကြီး နီရဲကာ - ဒီမှာ နောက်ထပ်တွေ့စရာ အကြောင်းလည်း မရှိဘူး တွေ့လည်း ငါ့လက်ချက်နဲ့ သေမယ် ဘယ်လိုဟာတွေနဲ့ လာတွေ့နေမှန်း မသိဘူး Jae သွားမယ်

နှစ်ယောက်သား ဒေါကြီး မောကြီးနဲ့ ဆိုင်ထဲက ထွက်သွားလေသည်

Ten's POV - ကောင်မလေးရေ ကိုယ့် ဖူးစာကိုရှာတွေ့ပြီ နောက်တစ်ခါ ထပ်တွေ့မှာပါ နောက်တစ်ခါဆို လက်တင် မကဘူး နှလုံးသားကိုပါ အပိုင် သိမ်းပစ်မယ်
ပြုံးစိစိနဲ့ ထွက်သွားသော ကောင်မလေးတွေကို ကြည့်နေသော ten ကို Taeyong နရင်းပိတ်အုပ်လိုက်ပြီး
Taeyong - တေနာလေး မင်းကတော့ ရယ်နေနိုင်တယ် ငါ့မှာတော့ အဟောက်ခံလိုက်ရတာ ရစရာမရှိဘူး တော်သေးတာပေါ့ ငါ့ကို ငြင်းသွားလို့ ဟူးးးးး
Ten- ဟီးးးးး
Ten's POV - Hyung ရေ နောက်တစ်ခါ hyung ကို ဒုက္ခပေးရဦးမယ် ဟီးးးး Miyan :D

At Jae's Home
Hansol - ဘာ လက်မထပ်နိုင်ဘူး ဟုတ်လား မရဘူး ညည်းကို လူချင်းတွေ့ဖူးအောင် တွေ့ခိုင်းတာ ငြင်းခိုင်းတာ မဟုတ်ဘူး
Jaehyun - Appa ,Plzzzz အဲ့လူကြီးနဲ့ သမီး အဆင်ပြေမှာ မဟုတ်ဘူး အူကြောင်ကြားနဲ့

ထိုအချိန် ph ဝင်လာသည်
Hansol - အေး သူငယ်ချင်း တကယ်လား Ok ငါ့သမီးကို ပြောလိုက်မယ် bye

Hansol - Jaehyun နောက်တစ်ပတ် လက်ထပ်ရမယ် ဘာအထွန့်တက်တာမှ မလိုချင်ဘူး ဒါပဲ
Jaehyun - ရှင် ......

To Be Continued______

MiroticTahanan ng mga kuwento. Tumuklas ngayon