"မနေ့ညက အိပ်မက်ဆိုးတွေမက်တယ်..
မနက်ရောက်တော့ မျက်ခုံးများကလှုပ်တယ်..
ဒီနေ့မှာ ..ဒီနေ့မှာ..သူလေးနဲ့တွေ့ဖို့...
အဖြေပေးပါ...အဖြေပေးပါ...တောင်းမယ့်နေ့မို့..
ရင်တွေဘာတွေခုန်နေလို့..ကယ်ပါဗျို့...
Yes or No..တခုတော့ဖြစ်မယ်..
Noဆိုရင် ဝမ်းနည်းရမယ်.."
"Yrrrr.....Wu Sehun!!..ဆက်မဆိုနဲ့တော့!!! "
သူ့အခန်းထဲမှာ ရေမလာဘူးဟုဆိုကာ ကျွန်တော့်အခန်းထဲမှာရေလာချိုးနေသော အငယ်ကောင်ကို စိတ်တိုတိုနဲ့လှမ်းအော်လိုက်သည်...
တကယ်ပဲ..သူများအခန်းထဲမှာလဲရေလာချိုးနေသေးတယ်..အေးအေးဆေးဆေးလည်းမချိုးဘူး..သူ့အသံသေးအသံညှောင် မပီတပီနဲ့ သီချင်းတွေအော်ဆိုနေသေးတယ်..
ဆိုမယ့်ဆိုတော့လည်း ကျွန်တော့်အဖြစ်ကိုရွဲ့ဆိုနေသလားအောက်မေ့ရတယ်...
ဒီမှာ ရင်ခုန်လွန်းလို့ ရူးတော့ပါမယ်ဆိုမှ.."မားမား..သားကျောင်းသွားပီနော်.."
"ဟဲ့...အစောကြီးရှိသေးတယ်..သားငယ်ကိုစောင့်ဦးလေ.."
"မစောင့်တော့ဘူး...သားဒီနေ့ကျောင်းမှာအရေးကြီးတဲ့ကိစ္စလုပ်စရာရှိတယ်..မားမားရဲ့..သွားပီ.."
မားမားကို နှုတ်ဆက်ပီး ဂိုဒေါင်ထဲက စက်ဘီးကိုထုတ်ကာ ကျောင်းသွားဖို့ပြင်လိုက်သည်...
ကျောင်းရှေ့ရောက်တော့ ဂိတ်ဝနားမှာ သူ့အိမ်ကလိုက်ပို့သောကားပေါ်မှဆင်းလာသော Chanyeolနှင့်တည့်တည့်တိုးသည်လေ..ကျွန်တော် Chanyeolဘေးနားမှာ စက်ဘီးကိုရပ်လိုက်တော့ Chanyeolက ကျွန်တော့်ကို တောက်ပရွှင်လန်းသောအပြုံးချိုချိုတို့နှင့် ပြုံးရယ်ပြနေသည်လေ....
"Chanyeol..ငါမင်းကို ပေးစရာရှိတယ်..."
"ဘာပေးမှာလဲ..မုန့်လား..လက်ဆောင်လား....အရုပ်လား...XD "