Romantic Boy Who Love Kingka !!
By - KittyVengoah
" ဟဲ့ကောင် ~~ မင်းဒါလေးတောင်မသိဘူးလား .. အဲ့ဒါ ချစ်ခြင်းရဲ့အစကွ "
" မင်းရူးများနေသလားဟေ .. ဒီလောက်မင်းသားက မင်းသမီးကို ဒုက္ခရောက်ဖို့ကြံနေတာကို ~~ သေချာတာက နောက်ဆုံးသူတို့နှစ်ယောက် အချင်းချင်း မုန်းလွန်းလို့ ပြဿနာတွေ တတ်လိမ့်မယ် "
ဒါဘဲလေ .. ဒါ Byun Baekhyun ရဲ့နေ့စဉ်ဘဝဘဲလေ ~~ အိမ်ကသဘောမတူဘဲ ကိုယ်သဘောနဲ့ကိုယ်ရအောင်ရွေးချယ်ခဲ့တဲ့ အနုပညာမေဂျာကျောင်းသား ~~ ဘာအလုပ်မှ မယ်မယ်ရရမရှိဘဲ အိပ်လိုက်စားလိုက်နဲ့ ၁၀၉၊၁၁၀ ရာထူးရထားရခြင်းရဲ့ ဇာစ်မြစ်က .. အိမ်ကယူခိုင်းတဲ့ BBA ကိုလုံးဝမယူဘူးဆိုပြီး ငြင်းပြီး ၇ရက်လောက်အခန်းထဲကနေမထွက်ဘဲ နေနေပြီး သပိတ်မှောက်တယ်လုပ် ~~ စိတ်ပူလွန်တဲ့ Hyungဖြစ်သူက အခန်းထဲ လာထည့်ပေးတဲ့ မုန့်တွေကို တစ်ဖြဲနှစ်ဖြဲစားပြီး ဆန္ဒဆက်ပြ ~~ အိမ်ကလည်း နောက်ဆုံးထိအလျော့မပေးဘဲ မရမကတတ်ခိုင်းတော့ အိမ်ပေါ်ကနေဆင်းပြီး သူ့Omma Chinguရဲ့ ဟိုတယ်ပေါ် ခက်တည်တည်နဲ့ တတ်နေ ~~ မနေနိုင်တဲ့ သူ့Omma ကတိုက်ခန်းလာဝယ်ပေး ~~ တစ်လလောက်နေပြန်တော့ ကျွန်တော့်ကိုလွမ်းလွန်းလို့ လိုက်ပြန်ခေါ်တဲ့ Appaကို မလိုက်ရဲဘူးဘာဘူးလုပ်ပြီး မျက်ရည်ခပြ .. မုန့်ဖိုးတွေချည်းညာတောင်း .. ငိငိ
ဒီလိုနဲ့ဘဲ Byun BaekHyun တို့ ဘဝက သာယာနေခဲ့တယ်ပေါ့
အယ် ပြောဖို့မေ့နေတယ် ~~ သူ့အိမ်မှာ သူနဲ့တူတူ သူ့အိမ်ကမုန့်ဖိုးတွေကို ညာသုံးဖို့အသင့်ရှိနေတဲ့ Jongdaeဆိုတဲ့ အာပြဲဒုက္ခသည်လည်းရှိသေးတာရယ် ... အိမ်ကပေးတဲ့အဆောင်လခတွေကို သူ့ရည်းစား XiuXiuအတွက် ပေါက်ဆီဖိုးပေးနေရလို့ မွဲပြာလိုက်ပြီး BaekHyun အိမ်ပေါ်ရောက်နေတာဆိုပါတော့
ဒီလိုနဲ့ဘဲ သူ့Hyungဆေးရုံအုပ်ပေးတဲ့ ကျောင်းစားရိတ်တွေနဲ့ကျောင်းတတ်ရင်း သူ့Appaမသိအောင် သူ့Ommaဝယ်ပေးထားတဲ့အိမ်မှာ သူ့Ommaမသိအောင် သူ့Appaလာပေးထားတဲ့ မုန့်ဖိုးတွေကိုသုံးရင်း Jongdaeနဲ့ K-Dramaတွေထိုင်ကြည့်ရင်း ငြင်းခုံနေရတာကိုက သူ့ရဲ့ကြီးမားလွန်းလှတဲ့နေ့စဉ်အလုပ်ဘဲရယ်
YOU ARE READING
Romantic Boy Who Love Kingka !!
FanfictionFor CB Fic Book ~~~ အတတ်နိုင်ဆုံး အကောင်းဆုံး ရေးထားပေမယ့် လိုအပ်ချက်တွေရှိရင်လဲ သည်းခံပေးကြပါ ... ဒီအတိုင်း Wattpad မှာတင်ယုံ မဟုတ်တော့ ပိုတာဝန်ကြီးလို့ပါ ဟီးးးး