EP 5

320 33 6
                                    

အဆက်မပြတ်မြည်နေတဲ့ နှိုးစက်သံကြောင့် ပုံမှန်အတိုင်း ထွက်လာတဲ့အသံ

''ဒုန်း!!!"

အပြင်ဘက်မှ အမူးပြေရန် ဟင်းရည်ချက်ပေးနေတဲ့ Kris တစ်ယောက်လန့်သွားသည် .

''ဟဲ့!!! ဘာဖြစ်တာပါလိမ့် "

Kris အသံကြားသောကြောင့် စိတ်ပူပြီး ပြေးလာလိုက်ပေမယ့် အခန်းရှေ့ရောက်တော့ ရပ်တန့်သွားသည်... မိန်းကလေးအခန်းဆိုတော့ ဝင်သွားဖို့လည်း မဖြစ် . တံခါးခေါက်ရန်ပြင်လိုက်တော့ ထပ်မံထွက်လာသော Alarm သံနှင့်အတူ

''ဒုန်း!!"

Kris သဘောပေါက်သွားသလို ပြုံးလိုက်ရင်း ခေါင်းလေးခါကာ Kitchen ထဲပြန်ဝင်သွားသည် .

တကယ်တော့ အပြစ်မဲ့တဲ့ နှိုးစက်လေးအား Jongdae တစ်ယောက် မထချင်သေးတာနဲ့ပဲ ကိုင်ကိုင်ပေါက်နေခြင်း ဖြစ်သည် . ပြီးနောက် ခေါင်းအုံးလေးအား ဖိကာ ပြန်အိပ်ရန်ပြင်လိုက်ပေမယ့် နေကတော်တော်လေ့း မင့်နေပြီဖြစ်တာကြောင့် ဖြာကျလာသော အလင်းရောင်ကြောင့် မထချင်ဘဲ မျက်လုံးလေးပွတ်ကာ ထလိုက်သည် .

''အားး!! ခေါင်းက !! ညက ငါ တော်တော်သောက်လိုက်တာပဲ ''

တစ်ယောက်တည်း ပွစိပွစိပြောရင်း ထလာကာ အခန်းတံခါးဖွင့်ကာ Kitchen ဘက်လှမ်းကြည့်မိတော့ မြင်လိုက်ရတာ ယောက်ျားလေးတစ်ယောက်ရဲ့ကျောပြင်

''O_O ဘယ်_ ဘယ်သူက ငါ့အိမ်ထဲ ဘယ်လို ~~''

တံခါးကိုပြန်ပိတ်လိုက်ပြီး ဟိုရှာ ဒီရှာနဲ့ ကြည့်လိုက်တော့ အခန်းထောင့် Tennis bat လေး . ဆွဲယူလိုက်ပြီး သေချာဆုပ်ကိုင်ကာ တံခါးလေးအား အသံမထွက်အောင် ဖွင့်လိုက်သည် . လပ်နှစ်ဖက်ဖြင့် ရိုက်ရန်အသင့်အနေအထားလေးနဲ့ ခြေသံကို လုံအောင် တိုးတိုးလေးလျှောက်လိုက်ကာKris နား ကပ်သွားလိုက်သည် . Kris ကတော့ JD အတွက် မနက်စာကို ကျကျနန စုံစုံလင်လင်ပြင်ပေးနေရင်း အနောက်မှ တစ်စုံတစ်ယောက်လာလိမ့်မယ်ဟု မထင်ထားခဲ့ .........

ရုတ်တရက် ကျောကုန်းပေါ်ကျရောက်လာတဲ့ နာကျင်မှုနဲ့အတူ ပြဲလန်နေတဲ့အသံ

''အ့!!"

"Ya!!! ရှင် သူခိုးမှတ်လား ရဲခေါ်လိုက်မှာနော် သူခိုးးးးး သူခိုးဗျို့ !!"

''ပထမ အချစ်​ ဒုတိယ နှလုံးသား​''Where stories live. Discover now