ချစ်​သူ့ကျိန်​စာ (End)

409 16 2
                                    

     'LU' ​နေမ​ကောင်းဖြစ်​​နေတယ်​ ဆို​သော 'hun' ကို ကြည့်​ဖို့ ​လှေကားထစ်​များကို နင်းတက်​သွားခဲ့ပါသည်​။ နှလုံးသားက​တော့ တထင့်​ထင့်​နဲ့ လှုပ်​ခါသိမ့်​တုန်​​နေခဲ့သည်​။ 'Hun' ရှိ​နေ​သော အခန်းတံခါး​လေး ပွင့်​သွားသည့်​​နောက်​တွင်​ 'Lu' ရဲ့ မျက်​လုံးများတွင်​ မယုံနိုင်​​လောက်​​အောင်​ ခံစား​တွေ့မြင်​လိုက်​ရသည်​။
   
             ခုတင်​က​တော့ ကြီးမားလှပြီး ခုတင်​​ပေါ်က 'Hun' ရဲ့ ခန္တာကိုယ်​​လေး​တော့ သစ်​ရွက်​က​လေးလို ပါးလွှာ​နေခဲ့သည်​။ အနားနီး လာ​လေ​လေ အညှီနံဆိုး တစ်​ခုက နှာ​ခေါင်းထဲသို့ စီးဝင်​လာခဲ့သည်​။ သိသိသာသာ အနံ့က ဆိုးဝါးပြီး 'Lu' အတွက်​ စိမ်းသက်​​နေသဖြင့်​ နှလုံးက သိပ်​မခံနိုင်​ပဲ ​အော့ကာ ပျို့တက်​လာသည်​။

သြော်​.... ဒါ 'Lu' ချစ်​သူပါလား.....။ ဟင့်​အင်း.. ဒီအသိကို 'lu' လက်​မခံလို​တော့​ပေ ။ ​ကျေးဇူးပြုပြီး 'Lu' ပြန်​သွား​တော့မှ သတိရပါလား 'Hun' ရယ်​......။

Lay------" Hun' ဒီမှာ 'Lu' ​ရောက်​​နေတယ်​ "
'Lu' မျက်​လုံး​တွေ ဖိမှတ်​လိုက်​ရသည်​။ 'Hun' က ​မေ့​မြော​နေတာ မဟုတ်​တာမို့ မျက်​လုံး​လေး​တွေ ပွင့်​လာခဲ့သည်​။ 'Lu' ဆီသို့ အကြည့်​အာရုံ ​တွေ ​ရွေ့လာသည်​ ။

'Lu' ဟုတ်​ပါသည်​။ 'Hun' ဆီမှ ​ခြောက်​ကပ်​ကပ်​ အားပြုကာ 'Lu' အား​ခေါ်​နေ​သော အသံ~~~~~~~

'Hun' ​ခေါ်သံက တိုးလျှ​သော်​လည်း 'Lu' အတွက်​​တော့ ကျယ်​​လောင်​​နေပါသည်​။ 'Lu' စိတ်​​တွေ တအားလှုပ်​ရှား​နေသညိ။ အနံ့ဆိုးကြီးကိုလည်း 'Lu' သည်းမခံနိုင်​​တော့​ပေ...။ ထွက်​​ပြေးသွားချင်​​နေခဲ့ပြီ။

Lay ---" 'Hun' ​ကျောမှာ ​ကျောပူနာ​တွေ ထွက်​​နေလို့ ​ရေ​မွေ့ရာနဲ့ ထားရတာ​လေ 'lu' အနာရှိန်​​ကြောင့်​ 'Hun' ဆီက အနံ​တွေ ထွက်​​နေတာ ။ 'Lu' အဆင်​​ပြေရဲ့လား .....
အမယ်​​လေး ...​မေးရက်​လိုက်​တဲ့ 'Hun' အကိုရယ်​ ။ 'Lu' မျက်​နှာက ဟန်​မ​ဆောင်​နိုင်​​လောကိ​အောင်​ ပျက်​ယွင်း​နေခဲ့ပြီ​လေ ရှင်​......။

Hun---- " 'Lu' ကို​ယ့်​ကို ခွင့်​လွှတ်​ပြီလားဟင်​ "
'Lu' အချစ်​ခဲ့ဆုံး 'Hun' ရဲ့ မျက်​လုံး​တွေက 'Lu' ကို​စောင့်​ကြည့်​ကာ အ​ဖြေရှာ​နေသည်​။ 'Lu' အဖို့ အ​ဖြေမရှိ​ပေ ။ 'Lu' 'Hun' ကို ခွင့်​မလွှတ်​ နိုင်​ခဲ့​ပေ ။ ခွင့်​လွှတ်​ ​ပေးဖို့လဲ မစဉ်းစားခဲ့​ပေ ....။

ချစ်​သူ့ကျိန်​စာ​လေ​လောOnde histórias criam vida. Descubra agora