ဝုန်းး"ဘာလုပ်မလို့လဲ Sehun..."
ဒူးထောက်ထိုင်ချနေရင်းမှ ဝုန်းကနဲမတ်တပ်ထ
ရပ်လိုက်ရင်း တဲနန်းထဲမှထွက်ရန်ပြင်တော့
Baekhyunမင်းသားက ပခုံးတဖက်ကို လှမ်းကိုင်
ကာတားသည်။စစ်သူကြီးOhဟုမခေါ်တော့ပဲနာမည်ရင်းကောက်
ခေါ်လိုက်သည်ကိုလဲ Sehunဂရုမစိုက်နိုင်။သူသိတာကLuhan ဘယ်ရောက်နေလဲ???
Hua ဘယ်ရောက်သွားလဲ???"မင်းသား လွှတ်ပါ ကျနော်မျိုး သွားရှာရမယ်
သွားရှာမှဖြစ်မယ်""မသွားရဘူး မင်း ပြဿနာကိုပိုကြီးအောင်
မလုပ်ပါနဲ့"ပခုံးပေါ်တင်ထားသည့်Baekhyunမင်းသား၏
လက်ကိုဆွဲခါပစ်လိုက်သည့်အခါ ရှေ့မှပိတ်ရပ်ရင်းတားပြန်သည်။"မင်းသား Luပျောက်နေတာဗျ Hua ကျနော့် Hua မရှိတော့တာ"
"စိတ်အေးအေးထားစမ်း Sehun"
ပခုံးနှစ်ဖက်ကို ချုပ်ကိုင်ကာ ဆွဲရမ်းပစ်လိုက်
သော်လည်း Sehun ရုန်းကန်နေသေးသည်။
နီရဲနေသောမျက်လုံးများနှင့်တင်းခံနေသော
မျက်ရည်များကိုမြင်တော့ Baekhyunမင်းသား
ထိတ်လန့်သွားမိသည်။"ကျနော်မျိုးကိုလွှတ်ပေးးးး"
"တော်တော့ စစ်သူကြီးOh"
တဲနန်းတွင်းသို့ ဝင်လာသော အိမ်ရှေ့စံကိုယ် တော် ၊ Jong Daeမင်းသားနှင့် Sehunမျက်လုံးထဲဝေဝေဝါးဝါးတွေ့လိုက်ရတာက Chanyeol Hyung Nim
"အိမ်ရှေ့စံ Lu …… Luပျောက်နေတယ်"
"ကိုယ်တော်တို့သိပြီးပြီ မင်းစိတ်ငြိမ်ငြိမ်ထားရင်
ကောင်းမယ်"Sehun အလွန်အမင်း အံ့သြသွားရသည်။
တိုင်းပြည်၏ဘုရင်ငယ်တပါး ပျောက်နေသော
ကိစ္စ၊ရန်သူ့နယ်မြေ စစ်မြေပြင် တွင်းမှာဖြစ်ပျက်
သွားသော ကိစ္စ၊ဒါကို စိတ်အေးနေကြသလား??ကိုယ့်ညီနောင် ရန်သူ အဖမ်းခံရသလား ဘာလား မသိသည်ကို စိတ်မပူဘူးတဲ့လား???
Sehunကတော့ မရပါ။ စိတ်ငြိမ်အောင်လဲမစွမ်း
နိုင်တော့ပါ ။ သူ့ရဲ့ အရှင် သူ့ရဲ့ပန်းကလေး
YOU ARE READING
DREAM [Edited Version]
Fanfiction(Written in 2016) အိမ်မက်ထဲအမြဲရှိနေတဲ့သူက ကိုယ့်မျက်စိရှေ့တည့်တည့်မှာ ကိုယ့်ကို ပြုံးလျက်စိုက်ကြည့်နေခဲ့သည်ဆိုပါစို့ တဖန်အိမ်မက်ဆန်တဲ့ဝန်းကျင်မှာ ကိုယ့်အရင်းနှီးဆုံးသူနဲ့အတူတူရှိနေသည် ဆိုပါစို့ ဒါဟာရေစက်လို့ယူဆပြီး ဒါဟာအချစ်တစ်ခုပဲဆိုပါစို့ ကြည်နူး...