"Luhanရဲ့ လက်မောင်းနဲ့လက်ဖဝါးအနေအထား
နဲ့ဆို မြားပစ်ဖို့မပြောနဲ့ လေးကြိုးတောင်တင်လို့
ရပါ့မလား ? ကိုယ်ကစိတ်ပူလို့ပြောတာနော်
မင်းဖွဲ့စည်းပုံက ပျော့နွဲ့နွဲ့လေးရယ်"ဆံနွယ်များအားလုံးကိုသပ်ရပ်စွာထုံးနှောင်ထား
ပြီး ရာထူးအမှတ်တံဆိပ်ပါ နဖူးစည်းကို နဖူး
ပြေပြေတွင်တင်းကျပ်စွာ စည်းနှောင်ထားလျက်
မပြုံးမရယ်မျက်နှာထားနှင့် Sehunမေးသည်။လက်တဖက်တွင် လေးကို ခပ်ဆဆကိုင်ထား
ပြီး မတ်မတ်ရပ်နေပုံကလဲ နေရောင်မကျတကျ
အချိန်တွင် ကြည့်ကောင်းဖြစ်အောင်ကောင်းနေ
သေး၏။"Luhan ကိုယ်ပြောတာကြားလား"
"ကြားတယ်……"
အပြောနှင့်မဟုတ်ပဲ Luhan သည်အလုပ်နှင့်သက်သေပြတတ်သူဖြစ်သည်။
ချက်ချင်းပင် အနီးရှိစားပွဲပေါ် အလျားလိုက်တင်
ထားသည့် ကြိုးမတင်ရသေးသောလေး ကို ယူလိုက်ပြီး ကြိုးတင်ဖို့ကြိုးစားသည်။ထင်မထားသော ခက်ခဲမှုကြောင့် Luhanမျက်ခုံး
ပင့်သွားသည်တော့အမှန်ပင်။ သို့သော် Hua ၏ဘဝတွင် မလုပ်ချင်သည်သာရှိပြီးမလုပ်နိုင်ဆိုသောကိစ္စမရှိခဲ့။အသက်တစ်ချက်ဝဝရှူပြီးအားတစ်ချက်စိုက်
လိုက်ချိန်တွင် Luhanလေးကိုအောင်မြင်စွာ တင်နိုင်ခဲ့ပြီး မြားတံမထည့်ပဲတစ်ချက်ပင် ဆွဲပြလိုက်သေးသည်။ဒီတစ်ခါ မျက်ခုံးပင့်သွားရသူမှာ Sehunဖြစ်ပါသည်။နုနယ်ဖွေးဆွတ်နေသောLuhan လက်လေးကနီရဲဖောင်းကြွလာခဲ့သည်လေ။
"Luhan မင်းမပြောမဆိုနဲ့ လုပ်လိုက်ရလား
မင်းကိုဘယ်သူက လေးတင်ခိုင်းလို့လဲ နီရဲကုန်
ပြီ သွေးချေဥသွားရင်ဘယ်လိုလုပ်မလဲ
အနာရွတ်ကျန်ခဲ့ရင် ဘယ့်နှယ့်လုပ်မလဲ"Luhanလက်ကိုဆွဲယူပြီး အပြန်ပြန်အလှန်လှန်
ကြည့်နေသော Sehunမျက်ဝန်းထဲတွင် စိတ်ပူ
မှုအထင်းသားရှိသည်။Luhan ပြုံးလိုက်မိသည် ထင်၏။အမှတ်မထင်စခဲ့သောအပြုံးနုနုသည် Sehun
တယောက်Luhanလက်ကိုကိုင်ထားသည့်အချိန်ကြာလာသည်နှင့်အမျှ ပိုမိုပီပြင်အသက်ဝင်လာသည်။
CZYTASZ
DREAM [Edited Version]
Fanfiction(Written in 2016) အိမ်မက်ထဲအမြဲရှိနေတဲ့သူက ကိုယ့်မျက်စိရှေ့တည့်တည့်မှာ ကိုယ့်ကို ပြုံးလျက်စိုက်ကြည့်နေခဲ့သည်ဆိုပါစို့ တဖန်အိမ်မက်ဆန်တဲ့ဝန်းကျင်မှာ ကိုယ့်အရင်းနှီးဆုံးသူနဲ့အတူတူရှိနေသည် ဆိုပါစို့ ဒါဟာရေစက်လို့ယူဆပြီး ဒါဟာအချစ်တစ်ခုပဲဆိုပါစို့ ကြည်နူး...