မီးခြစ်ဆံရောင်းတဲ့ကောင်မလေး(one shot)

1K 120 21
                                    

ကျွန်မကတော့ အရမ်းချမ်းအေးပြီး အမြဲနှင်းတွေကျနေတဲ့ မြို့လေးမှာ နေတယ်။မြို့လေးက သာယာလှပပြီး ရှိတဲ့လူတွေ အကုန်လုံးကလည်း သဘောကောင်းပြီး ကူညီတတ်ကြတယ်

အဲလိုမျိုး အေးချမ်းလှတဲ့မြို့လေးမှာ နေရတဲ့ ကျွန်မဘဝကတော့ မအေးချမ်းပါဘူး။ဒါပေမဲ့ ကျွန်မဝမ်းမနည်းမိပါဘူး

ကျွန်မက မြို့ထဲမှာ တစ်နေကုန်လျှောက်ပြီး မီးခြစ်ဆံရောင်းရတယ်။အမြဲ အရက်မူးပြီး ပြဿ
နာရှာတတ်တဲ့ အဖေ့ကြောင့် ဘယ်လောက်ပဲချမ်းနေပါစေ လူလည်းအေးခဲပြီးသေမတတ်ဖြစ်နေပါစေ ကျွန်မရောင်းတဲ့ မီးခြစ်ဆံတွေမကုန်မချင်း အိမ်ကို မပြန်ရဘူး။ပြန်ရင် အဖေက ကျွန်မကို အဖေက တစ်ကိုယ်လုံးအရှိုးရာတွေထပ်အောင် ရိုက်တတ်တယ်
ဒါပေမဲ့ ကျွန်မအဖေ့ကို မမုန်းပါဘူး။ဒီအရွယ်ရောက်အောင် ကျွေးမွေးစောင့်ရှောက်ပေးတာနဲ့တင် ကျေးဇူးတင်လှပါပြီ။တစ်ခါတစ်လေတော့လည်း အဖေ့ဆီက နွေးနွေးထွေးထွေးဆက်ဆံတာလေးတော့ ခံချင်မိတာပေါ့

ကျွန်မမှာ အင်္ကျီအဝတ်အစားကလည်း ခုဝတ်ထားတဲ့ တစ်စုံပဲ ရှိတယ်။ထူထူထဲထဲလည်း မဟုတ်ဘူး။ဒီအဝတ်တွေက အေးလွန်းတဲ့ရာသီဥတုကို အံမတုနိုင်ဘူး။သူများတွေ အနွေးထည် လှလှလေးတွေ အင်္ကျီအသစ်လေးတွေ ဝတ်တာတွေ့ရင် ကျွန်မအမြဲအားကျမိတာ။ကျွန်မလည်း တစ်ခါလောက်တော့ သူတို့လို လှလှပပ မဟုတ်တောင် နွေးနွေးထွေးထွေးတော့ နေချင်မိသား။ကျွန်မအရင် ဘဝကအပြစ်တွေ အများကြီးလုပ်ခဲ့တယ်ထင်တယ်နော်။အဲဒါကြောင့် ခုဘဝမှာ ဒီလိုဆင်းဆင်းရဲရဲနေရတာနေမှာ။အရင် ဘဝကဝဋ်ကျွေးတွေကလည်း ခုဘဝနဲ့တင်ကျေတန်ကောင်းပါရဲ့နော်။ဒါဆို နောက်ဘဝမှာတော့ကျွန်မဘဝလေးလှပလောက်ပါရဲ့။ကျွန်မမှာ အဲ့အတွေးလေးနဲ့ပဲ ကျွန်မဘဝကိုဆက်ရပ်တည်နိုင်ဖို့ ခွန်အားတွေရလာရတာ

တစ်နည်းအားဖြင့်တော့ အဲဒါကကျွန်မရဲ့မျှော်လင့်ချက်လေးပေါ့။လူတွေက မျှော်လင့်ချက်နဲ့ အသက်ရှင်နေရတယ်ဆိုတာ တကယ်မှန်တာပဲ။အဲ့မျှော်လင့်ချက်လေးသာ ကျွန်မမှာမရှိခဲ့ရင် ကျွန်မသေသွားမယ်ထင်တယ်

ကျွန်မ မီးခြစ်ဆံရောင်းတဲ့ ပိုက်ဆံတွေကလည်း အမြဲအဖေ့အရက်ဖိုးနဲ့ပဲ ကုန်သွားတတ်တယ်။အဖေ့ကို အရက်မသောက်နဲ့ပြောတိုင်းလည်း ကျွန်မအမြဲ ရိုက်နှက်ကန်ကျောက်တာခံရတယ်။အဲဒါကြောင့် ကျွန်မကြောက်လွန်းလို့ မပြောရဲဘူး

မီးခြစ်ဆံရောင်းတဲ့ကောင်မလေး(one shot)Where stories live. Discover now