"မင်းဘာလို့မငြင်းလိုက်ရတာလဲkyungie ဘာလို့လဲ"
ကျတော် နားမလည်စွာမေးလိုက်တယ်"ငါ လက်ခံလို့"
"ဘာ မင်းရူးနေတာလား kyungie"
ကျတော်တကယ်အံသြမိတယ်
^သူကဘာကိုလက်ခံတာလဲ အချစ်မပါတဲ့အိမ်ထောင်ရေးကိုလား^
"မင်းကဘာကို လက်ခံတာလဲkyungsoo"ကျတော့်အသံကဒေါသထွက်လာတာကြောင့်မာထန်လာတယ်"ငါကငြင်းရအောင်လည်း လက်မခံနိုင်စရာဘာရှိလဲjongin
မင်းပြောကြည့်လေ"သူ့ပုံစံကတကယ့်ကိုအေးအေးလူလူနဲ့ မိဘတေက ကျတော်တို့နှစ်ယောက်ကိုလက်ထပ်ပေးမယ်ဆိုတာကိုသူက မတုန်လှုပ်တဲ့အတိုင်းပဲ
"လက်မခံနိုင်စရာအကြောင်းပြချက်ဟုတ်လား
တစ်အချက် မင်းမှာRutaရှိတယ်လေ""မင်းချစ်သူ"
^ဒီစကားလေးထွက်ဖို့အစကခက်ခဲနေတဲ့ငါက အခုတော့နဲနဲအဆင်ပြေလာသလိုပဲkyungie မင်းနဲ့ငါ့ရဲ့ကျောခိုင်းလှမ်းမိတဲ့ပထမခြေလှမ်းလေ^ကျတော့စကား အဆုံး သူ့ရဲ့ထူထဲတဲ့မျက်ခုံးလေးကအလိုမကျသလိုကွေးညတ်သွားတယ်
"မင်းမှားနေပြီ သူကငါ့ချစ်သူမဟုတ်ဘူး"
"ဘာ မင်းနဲ့သူနဲ့ချစ်သူတေဆိုတာ တကျောင်းလုံးအသိပဲ မင်းဘာဖြစ်နေတာလဲ"
"သူက ငါချစ်ရတဲ့သူပါလို့ငါမပြောခဲ့ဖူးဘူးjongin"
"ဒါဆိုဘာလို့မင်း သူ့ကိုတွဲနေတာလဲ"
^ကျတော်သူ့ကို နားမလည်နိုင်တော့ဘူး သူRutaအတွက် ကျတော့်ကို ကျောခိုင်းခဲ့တာလေ အခုမှ ဘာဖြစ်တာလဲkyungieရယ်^"Tsk ငါတို့လမ်းလျှောက်တဲ့အခါအကာအကွယ်အနေနဲ့ဖိနပ်ကိုစီးရတယ် လမ်းလျှောက်တတ်တဲ့အရွယ်ကနေအခုထိ ငါတို့စီးလာခဲ့ရတဲ့ဖိနပ်တေအများကြီးပဲ အချို့ဖိနပ်တေကမတော်တော့လို့လွှတ်ပစ်ရတယ် အချို့ဖိနပ်တေကဟောင်းသွားလို့ အချို့ကပျက်သွားလို့လွှတ်ပစ်ခဲ့ရတယ် အချို့ကပျောက်သွားတယ် ဘယ်ဖိနပ်ကိုမှထာဝရစီးလို့မရဘူး အဲ့အတွက်လည်းဝမ်းနည်းမနေကြဘူးRutaဆိုတာကလည်းငါ့အတွက်ဖိနပ်တရံလိုပဲ
ငါ့အတွက်ဘာတန်ဖိုးမှမရှိဘူး jongin"