ကျတော်အထက်တန်းတစ်နှစ်လုံး စိတ်ကသိကအောက်ဖြစ်စွာဖြတ်သန်းနေရတယ်
အကြောင်းကတော့ တစ်ယောက်နဲ့တစ်ယောက်သိပ်ခင်မင်ပြနေတဲ့ဟို နှစ်ယောက်ကြောင့်ပေါ့မပြောချင်ဘူး အခုလည်းကြည့်ဦး ကန်တင်းမှာ baekhyunက kyungieကိုဟင်းတေထည့်ပေးပြီး
သူအသည်းကွဲနေတဲ့အကြောင်းဖောက်သည်ချနေလေရဲ့သူ့အသည်းကလည်းကွဲကွဲနိုင်လွန်းတယ် တစ်ပတ်တခါအသည်းကွဲပြီး တစ်ပတ်တခါအသည်းအသစ်ဖြစ်တယ်လေ အစကတော့အဟုတ်မှတ်လို့ သနားနေတာ
အင်းတော်ပါပြီ ပြောချင်တာကkyungie တကယ်ပဲကွဲကွဲနိုင်လွန်းတဲ့သူ့ရဲ့အသည်းကွဲဇာတ်လမ်းတေကို စာသင်နှစ်တစ်နှစ်လုံးမညည်းမညူနားထောင်ပြီး ကျတော့ကိုကျပစ်ထားတယ်လေ
ကျတော်ကသူဟင်းထည့်ပေးမှစားတတ်မှန်းသိရဲ့သားနဲ့ကို baekhyunအသည်းကွဲလာတဲ့နေတေဆို ကျတော့်ကိုလှည့်ကိုမကြည့်တော့ဘူး ဟိုကသူ့ပန်းကန်ထဲဟင်းတေထည့်ထည့်ပေးနေတာကို တော်တော်feelတတ်နေလားမသိ အမြင်ကိုကတ်တယ်
ဒီလိုနေ့တိုင်း ကျတော် သူ့ကိုစိတ်ကောက်ပြီးစကားမပြောတော့တာလည်းသိရဲ့သားနဲ့
မပြင်ဘူး ညနေကျမှကြက်ကြော်ပန်းကန်ကိုင်ပြီး jongin yaဆိုပြီး ပုရွတ်ဆိတ်တက်နေတဲ့မျက်နှာနဲ့လာချော့ပါဦးမယ်ဒီတစ်ခါတော့ ကြက်ကြော်တေဘာတေမသိတော့ဘူး စိတ်ရှည်လက်ရှည်ကောက်ပြလိုက်ဦးမယ် ဌဲဌဲ ကျတော်ကိုယ့်အတွေးနဲ့ကိုယ်ပြုံးနေလိုက်တယ်
~~~~~~~~
"ဘာလဲဟာ do kyungsoo အဲ့တာတော့လွန်သွားပြီ"
ကျတော်နေ့လည်ထဲက အခုအိမ်ပြန်ရောက်တဲ့အထိစကားမပြောဘဲသူ့ကိုစိတ်ကောက်နေတာကို သူကနည်းနည်းလေးတောင်ပြန်မချော့ဘူး အရင်ကအဲ့လိုမဟုတ်ပါဘူး အခုချိန်ဆို သူကြက်ကြော်ပန်းကန်ကိုင်လာပြီးကျတော့ကိုချော့နေရမှာလေ ဘာလုပ်နေလို့အခုထိအခန်းထဲမဝင်လာရတာလဲ သွားချောင်းလိုက်ဦးမယ် တော်ပါပြီသူ့ဘာသာချော့ချော့မချော့ချော့ ငါနဲ့မဆိုင်ဘူး အိပ်ရမယ် အိပ်ရမယ်