ဆေးရုံး လူနာကုတင်ပေါ် မှာ မွေးလူနာတစ်ယောက်
ခြောက်ကပ်လှသော အပြုးလေးကိုကြေကွဲစွာပြုံးရင်း
မျက်ရည်တွေ တသွင်သွင်စီးကျလျှက် doctor ကို
မေးလိုက်သည်Girl ;doctor ဘာလေးမွေးလဲဟင်..?
Doctor ;သမီးလေး ပါ
Doctorက ကလေးကို ကလေးရဲ့မိခင်လဲလှောင်းနေတဲ့ကုတင်ပေါ် လာချပေးသည်
သူမ သမီးလေးရဲ့မျက်နှာကိုမြင်တော့ ရင်ထဲ၌ပိုနာကျင်ရသည် ကံကြမ္မာ ကသူမဆီက အရာအားလုံး ကိုဆွဲထုတ်သွားပေမဲ့ သမီးလေးကိုတော့ အစားပြန်ပေးခဲ့ပါသည်
လူတစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ချစ်ချစ် နောက်ဆုံးတော့လည်း ရက်စက်လွန်းတဲ့ ကံကြမ္မာဆိုတဲ့ ဇာတ်ဆရာရဲ့ လှည့်ကွက်ထဲမှာ
သူတို့သုံးယောက် နာကျင်စွာ ကခဲ့ရသည်မဟုတ်ပါလားFlashbacks;
ရှင်းလင်းဖြောင့်ဖြူးနေတဲ့ လမ်းမထက်မှာ အပစ်ကင်းစင်တဲ့10နှစ်အရွယ် ကလေးလေးနှစ်ယောက် စက်ဘီး ကိုယ်စီနှင့်
Jungkook ; ဟဲ့ Jaehee နင်ငါ့ကိုနိုင်အောင် နင်းနိုင်ရင် မနက်ဖြန်ကျောင်းသွားတဲ့တစ်လမ်းလုံး ငါနင့်ကိုကျောပိုးသွားမယ်
Jaehee ;ok!စိန်လိုက်လေ
ဒါပေမဲ့ ငါရှုံးရင်ရောJungkook ;နင်ဆံပင်ရှည်ထားရမယ်
(Jaehee မှာ ဆံပင်ကတိုတိုနှင် ယောက်ျားဆန်သည့် ခက်ဆိုးဆိုးကောင်မလေး ဒါပေမဲ့ မျက်လုံးလေးက၀ိုင်းစက်ကာ ရယ်လိုက်ရင် ပါးချိုင့်လေးတွေ ပေါ်လာပြီးသိပ်ချစ်စရာကောင်းတဲ့ကောင်မလေး,
အမေဖြစ်သူက korean အဖေဖြစ်သူက American ဖြစ်တာကြောင့် ရုပ်ရည် နဲ့နေပုံထိုင်ပုံကတော့အနောက်တိုင်း နည်းနည်း ဆန်သည်
အဖေဖြစ်သူက သစ္စာမရှိပဲ ဖောက်ပြန်လို့ အမေနဲ့ကွဲ နေပြီးတစ်နှစ်မှ တစ်ခါလောက် အဖေဖြစ်သူနှင့်တွေ့ခွင့်ရသည် ဖခင် မေတ္တာ ငတ်နေတဲ့သူမဖို့ jungkook ကအဖေလိုတစ်မျိုး အကိုလိုတစ်မျိုး သူငယ်ချင်း လိုတစ်မျိုး
စောင့်ရှောက် ပေးရင်း နှစ်ယောက်သား သံယောဇဉ် ကဖြတ်မရအောင်ကို ခိုင်မြဲနေသည် )

YOU ARE READING
ဇာတ်ဆရာရဲ့အလိုကျ
أدب الهواةဒီဇာတ်လမ်းလေးက Author အရမ်းကြိုက်တဲ့ဇာတ်လမ်းလေးကို မှီငြမ်းပြီး ရေးမှာပါ ဇာတ်လမ်းလေးကငိုရမယ် အားပေးကြပါအုံး နော် Vote ပေးရင်တော့ရေးရတာ ပိုအားရှိတယ် I love u readers !