"ခနလေး ခနလေး ... ဘာဖြစ်တယ်"
"ကြားတဲ့အတိုင်းပဲ Donghae shi ... ကျမတို့လမ်းခွဲရအောင်"
"ဘာ.. ဘာဖြစ်လို့လဲ ... ကိုယ်ဘာလုပ်လို့လဲ"
"ဘာမှမဖြစ်ဘူး၊ ဘာမှလဲ မလုပ်ဘူး၊ ရှင်နဲ့တွဲရတာ ကျမ ငြီးငွေ့လာပီ၊ရှင့်ရဲ့ ရိုမန်တစ်ဆန်မှု တွေကိုလဲ ကျမ မခံစားနိုင်တော့ဘူး၊ ကျမ စိတ်ကူးထားတဲ့ အိမ်ထောင်ဘက်က ပြတ်သားထက်မြက်ပီး ဦးဆောင်နိုင်တဲ့သူမျိုး၊ ရှင့်လို ကလေးလုပ် ချွဲနွဲ့နေတဲ့သူမျိုးမဟုတ်ဘူး"
ပြောပြောဆိုဆိုနှင့် စလင်းဘတ်ကို လွယ်ကာ ထွက်သွားသောသူမ၊ မှန်တံခါးလက်ကိုင်မှအသံမြည်စေရန် ဆွဲထားသော ခေါင်းလောင်းသံ တချွင်ချွင်က Lee Donghae ၏ မတည်ငြိမ်သော စိတ်ကို ပိုလှိုင်းထနေစေသည်။ ရိုမန်တစ်တာကို မကြိုက်ဘူးတဲ့လား .... ဟက် .......မိန်းမတွေများ၊ အရင်တခါ သူ့ရုံးကို မွေးနေ့အတွက် ပန်းစည်း Delivery ပို့တုန်းက တပတ်လောက်ကြွားမဆုံးဘူးမှတ်လား။
Lee Donghae က အရမ်းရမ်းကို ကဗျာဆန်ရိုမန်တစ်ဖြစ်တဲ့သူပေမဲ့ ဘ၀ကိုလဲ စနစ်တကျဖြတ်သန်းချင်သူပါ။ သူအသက်သုံးဆယ်ပြည့်တဲ့အချိန်မှာ ရည်မှန်းထားတဲ့ဘ၀က ခိုင်မာတဲ့အလုပ်တစ်ခုရှိရမယ်၊ အိမ်တစ်လုံးပိုင်ရမယ်၊ ဟိုသွားဒီသွား အတွက် ကားတစ်စီးပိုင်ရမယ်၊ နောက်တော့ ... အရေးကြီးဆုံးကတော့ ... လက်တွဲဖော်၊ နွေးထွေးတဲ့အသိုက်အမြုံလေးကနေ သူအလုပ်ကပြန်အလာကို စောင့်ကြိုနေမဲ့ လက်တွဲဖော်။ ဘွဲ့ရပီးထဲက သူများတွေကြိုးစားတယ်ဆိုတာထက်ကို သူပိုကြိုးစားခဲ့တာ အခု အသက်သုံးဆယ်အချိန်မှာ ခိုင်မာတဲ့အလုပ်တစ်ခု သူ့မှာရှိနေပီ(လခကလဲအပျံစား)၊ ကောင်းတယ်ဆိုတာထက်ကို ဇိမ်ခံအဆင့်ဘက်လှမ်းနေတဲ့ ကွန်ဒိုတစ်ခန်း၊ တိုယိုတာပရီယပ်စ် အပြာတစ်စီး၊အခြေခံအားဖြင့်တော့ သူ့ရည်မှန်းချက်တွေပြည့်စုံနေပီလို့ပြောလို့ရပါသည်။ ဒါပေမဲ့ ... အခုအချိန်ထိ ကံမကောင်းအကြောင်းမလှသေးတဲ့အပိုင်းကတော့ လက်တွဲဖော်ပါပဲ။ ဒီမနက်အဖြစ်အပျက်အပြင် သူဘယ်တုန်းကမှလဲ ကံမကောင်းခဲ့ပါ။ အကြောင်းအမျိုးမျိုး၊ ဇာတ်လမ်းအဖုံဖုံနဲ့ Single ဘ၀ကို အောင်မြင်စွာ ပြန်လည်ဆုတ်ခွာခဲ့ရသည်ချည်းပင်။
VOCÊ ESTÁ LENDO
A.E.O.N.S (Translated)(One Shot)
FanficThis story is Translated from my all time AFF favorite author cc_kouga (Profile -@https://www.asianfanfics.com/profile/view/840795) with Author's permission. You may read the Original story at https://www.asianfanfics.com/story/view/1000221/1/a-e...