အမှောင်ချထားတဲ့ အခန်းတစ်ခု..
အိစက်နေတဲ့ အဖြူရောင်မွေ့ယာကြီးပေါ်မှာ
အရောင်မှိုင်းနေတဲ့ ဂါဝန်ကိုဝတ်ဆင်ထားနဲ့ ..
၂၈ နှစ်အရွယ်လောက်ရှိမဲ့ မိန်းမ တစ်ဦး
သူမမျက်နှာက အပြစ်မရှိအောင်ချောမွေ့နေပေမဲ့ ..
မျက်လုံးတွေက တစ်ခုခုကိုကြောက်ရွံ့နေသလ
ို ကြောင်စီစီနဲ့ .. မျက်နှာဖြူဖြူပေါ်မှာ မျက်တွင်းဟောက်ပက်.. ရှုပ်ထွေးပြီး ညစ်ပစ်နေတဲ့ ဆံပင်တွေနဲ့
သူမပုံစံက လုံးဝ psycho တစ်ယောက်ပဲသူမရဲ့ မနီးမဝေးမှာ ၁၂ နှစ်အရွယ် ကောင်လေးတစ်ယောက်
သူကိုကြည့်ပြီး ၀မ်းနည်းနေသလိုပဲ ..Tae Hyung : Omma !
ဟုတ်ပါတယ် သူမရဲ့တစ်ဦးတည်းသော သားအရင်း ..
အသက် ၁၆ နှစ် မနူးမနပ်အရွယ် ချစ်သူဖြစ်သူနဲ့ မှားယွင်းခဲ့ကြတယ် ..
ကိုယ်ဝန်ရှိပြီလို့ သိလိုက်ရတဲ့အချိန် ..လရင့်နေပြီမလို့ ဖျက်ချလို့လည်း မရဘဲ Tae Hyung ကိုမွေးလိုက်ရတယ်
တာဝန်မယူနိုင်တဲ့ သူမ ချစ်သူက အစအနဖျောက်သွားခဲ့တယ်
ချစ်သူကိုအရမ်းချစ်တဲ့သူမ ..
ဝမ်းနည်းမှုတွေ နာကျည်းချက်တွေကို Tae Hyung
အပေါ်ပုံချခဲ့တယ် ..
ထမင်းမစား ရေမသောက် အခန်းတွင်းအောင်းနေရာက ကြာတော့ သူမစိတ်မခိုင်ချင်တော့ ..အရူးတစ်ယောက်လိုဖြစ်သွားခဲ့တယ်
အခုလည်း Tae Hyung ဆီက omma လို့ခေါ်သံကြားလိုက်တာနဲ့ ..သူမပြောင်းလဲသွားတယ်
နားနှစ်ဖက်ကို လက်နဲ့ပိတ်ရင်း.. မျက်ရည်တွေတောက်တောက်စီးကျလာတယ်
အသက်ရှူတွေမြန်လာပြီး ..Omma : မခေါ်နဲ့ အား!!!!! မခေါ်နဲ့ ငါနင့်အမေမဟုတ်ဘူး...မခေါ်နဲ့ .!!!
သူမအော်သံကြောင့် အခန်းထဲကို အသက် ၅၀ အရွယ် မိန်းမတစ်ဦးပြေးဝင်လာတယ်
အိပ်ယာပေါ်မှာ လူးလှိမ့်နေတဲ့ သူမကိုပြေးဖက်ရင်းGrandma : သမီးလေး သမီး စိတ်ထိန်းပါဦး သမီးရေ
Omma : မခေါ်နဲ့ ငါနင့်အမေမဟုတ်ဘူး! !!
BINABASA MO ANG
No.. More ( Vkook )
Fanfictionဘ၀မှာ အမြဲတမ်းပျော်ရွင်နေရသူ နဲ့ .. ခံစားချက်မရှိ ..အပြုံးတုကိုသာ ပန်ဆင်ထားရသူ .. သူတို့နှစ်ယောက် ..အချစ်စစ်ကိုတွေ့ရင်ရော ... ဘာတွေဖစ်လာမှာလား???? No...More By:winter_solo