အကြိုက်ဆုံးစာရေးဆရာ

435 17 0
                                    

အသိဥာဏ်တွေ ကျွန်တော့်ဆီ ဖြည်းဖြည်းချင်း ပြန်ရောက်လာပြီ အစကတော့ နာကျင်မှုတွေချည်းဘဲ နေရာတိုင်းမှာ နာကျင်မှုဆိုတာတွေ ကိုယ့်ကိုကိုယ်တောင် မသိနိုင်တော့လောက်အောင် နာကျင်နေခဲ့တာ

ဖြူစင်လိုက်တဲ့ တိမ်တိုက်တွေ

ကျွန်တော် ကိုယ့်ကိုကိုယ် တိမ်တိုက်တွေထဲ သွားခွင့်ပြုလိုက်ရင် နာကျင်မှုဆိုတာ ရှိမှာ မဟုတ်တော့ဘူး ဟုတ်တယ် တိမ်တိုက်တွေထဲသွားဖို့က လွယ်ပါတယ် အသက်ရှုနေတာလေးကို ရပ်တန့်လိုက်ရုံဘဲ Oxygenကို ရှုသွင်းရှုထုတ်လုပ်ရတာလေးက ကြီးမားတဲ့ နာကျင်မှုကို ယူလာနေတယ်

ရုတ်တရက်ဆိုသလို ငြိမ်းချမ်းလှတဲ့ တိမ်တိုက်တွေ အသံတစ်ခုကြောင့် ပျက်စီးသွားရပြီ အသံတစ်ခုကြောင့် ပို တိတိကျကျပြောရရင် ကောင်မလေးတစ်ယောက်ရဲ့အသံ

အသက်ရှုစမ်းပါ နင် အသက်ရှုဖို့ လိုအပ်တယ် Kook! Kook!

တစ်စုံတစ်ခု ... မဟုတ်ဘူး တစ်စုံတစ်ယောက်က ကျွန်တော့်ရင်ဘတ်ကို ထုပြီး ပြောနေတာ သိပ်မကြာပါဘူး ကျွန်တော့်နှုတ်ခမ်းပေါ် ရောက်လာတဲ့ ချိုမြိန်မြိန် နှုတ်ခမ်းလေးတစ်စုံနဲ့ ကျွန်တော့်လည်ချောင်းတစ်လျောက် ဖြတ်ဆင်းသွားတဲ့ ပူနွေးနွေးလေတွေ
ကျွန်တော် ပြန်ပြီး အသက်ရှုနိုင်သွားပြီ

နာကျင်မှုတွေလည်း ပြန် အလည်လာပြီပေါ့

ကျွန်တော်က Jeon JungKook စာရေးဆရာတစ်ယောက် အောင်မြင်ကျော်ကြားမှုကိုလည်း ပိုင်ဆိုင်ထားတယ် နာမည်ကြီးတဲ့စာရေးဆရာ တစ်ယောက်ဆိုတာထက် နာမည်ကြီး ရောင်းအားအကောင်းဆုံး လူကြိုက်အများဆုံး စာအုပ်ကို ရေးတဲ့ စာရေးဆရာတစ်ယောက် အဖြစ်ပေါ့

စာအုပ်အကြောင်းအရာက သိပ် ထွေထွေထူးထူးတော့ မဟုတ်ပါဘူး
Im JiHyun ဆိုတဲ့ ကောင်မလေးတစ်ယောက် သူမရဲ့ ကြမ်းတမ်းခက်ခဲတဲ့ ဘဝနဲ့ အချစ် အကြောင်း

Im JiHyunဆိုတဲ့ ဇာတ်ကောင်က ကျွန်တော့်ကို တော်တော်လေး ဖမ်းစားထားတာဗျ
ဒါနဲ့ပဲ Im Jihyun's Baby ဆိုတဲ့ နောက်ဆက်တွဲစာအုပ်လေး ထပ်ရေးခဲ့တယ် အဲ့စာအုပ်ထဲမှာ Im JiHyun ကို ကလေးမွေးရင်း သေသွားတယ်ဆိုတဲ့ ဇာတ်အိမ်လေး ထည့်လိုက်တယ် ခုဆို Im JiHyun ဆိုတဲ့ ဇာတ်ကောင် မရှိတော့ဘူးဆိုတဲ့ အသိက ကျွန်တော့်ကို လွတ်လပ်စေတယ် ဒီလိုနဲ့ ကျွန်တော်လည်း နောက်ထပ် စာအုပ်သစ် ထပ်ရေးတာပေါ့
ကားသူခိုးလေး MIN YOONGI
ဆိုတဲ့ စာအုပ်သစ်ကို
(

A/N: There's no relation with the story and Yoongi Oppa. He just pop up in my mind and I added him.hehe...)

Im JiHyun's Baby ကို ဖြန့်ချိရေး လုပ်ဖို့နဲ့ စာအုပ်သစ်အကြောင်း အယ်ဒီတာနဲ့ တိုင်ပင်စရာ ရှိတာနဲ့ စာအုပ်တိုက်ဆီ ထွက်လာခဲ့တယ် ရေဒီယိုလေးကတော့ ပြောရှာပါတယ် ပြင်းထန်တဲ့ နှင်းမုန်တိုင်းလာတော့မှာမို့ အပြင်မထွက်ပါနဲ့ တဲ့လေ ဒီလူတွေ သေချာတဲ့ မိုးလေဝသ ဟောကိန်းထုတ်တာရော ဟုတ်ရဲ့လားမသိ ကျွန်တော်မောင်းလာတဲ့ တောင်စောင်းတစ်လျှောက် ကောင်းကင်ပြာကြီးက ပြုံးပြနေတယ်လေ
.
.
.
.
ကံမကောင်းစွာနဲ့ မဖိတ်ခေါ်တဲ့ နှင်းတွေ တရစပ်ကျလာလိုက်တာ ကားမှန်ကနေ အပြင်ကို ကောင်းကောင်းမမြင်ရတော့လောက်အောင် နှင်းတွေ များလှသည် ကားဘီးကလည်း ချောလှတဲ့ နှင်းခင်းလမ်းမှာ နေနိုင်စွမ်းမရှိတော့ လမ်းကွေ့ တစ်နေရာအရောက်မှာ သူ သတိထားမိတာ မယုံကြည်နိုင်လောင်တဲ့ အဖြစ်အပျက်တစ်ခု
မိုးနဲ့မြေ ပြောင်းပြန်ဖြစ်သွားပြီ
အရာအားလုံး ဇာတ်ကားတစ်ပုဒ်ပြီးသွားသလို အမှောင်ကျလျက်

ကျွန်တော့်မျက်လုံးတွေ ဖွင့်ဖို့ ကြိုးစားလိုက်တယ် ကျွန်တော့်ကုတင်ဘေးနားမှာ ကောင်မလေးတစ်ယောက် ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေနဲ့ ကျွန်တော်မေးလိုက်တယ်
ကျွန်တော် အခု ဘယ်ရောက်နေတာလဲ

Seoulမြို့ပြင် CheonJuမှာ

ကျွန်မက Kim TaeTaeပါ
စာရေးဆရာ Kook က ကျွန်မ အကြိုက်ဆုံးစာရေးဆရာ ပေါ့

You've reached the end of published parts.

⏰ Last updated: May 30, 2016 ⏰

Add this story to your Library to get notified about new parts!

Im JiHyun (Translated Story)(with BTS-written in MYANMAR)Where stories live. Discover now