Chanyeol's POV
စာသင်ခန်းထဲ ထိုင်သာထိုင်နေရသည်။စိတ်တွေကတော့ ဂယောက်ဂယက်ဖြစ်လို့........
ချွေးစီးတွေကလည်း တတောက်တောက်ကျနေပြီး Kris မမြင်အောင် မသိမသာလေး လက်နဲ့သာ ယက်ခတ်နေမိတယ်။
နာရီကိုမော့ကြည့်မိတော့ ခုမှ စာသင်ချိန် နှစ်ချိန်ပဲပြီးသေးသည်။ကျန်တဲ့အချိန်တွေကို ကျွန်တော် ဘယ်လိုဆက်နေရပါ့မလဲ??
Kris ကျွန်တော်နဲ့ တွဲနေပြီ လို့ တစ်ကျောင်းလုံးကို ကြေညာပြီး ကတည်းက သူ့ အတန်းချိန်တွေကိုပါ ကျွန်တော်နဲ့ တူအောင် အကုန်ပြန်ပြောင်းထားတာဆိုတော့ ပိုဆိုးသည်။
ကျွန်တော့်မျက်နှာ တစ်ခုလုံးလည်း ချွေးတွေနဲ့ စီးကပ်လာပြီမို့ မျက်နှာသွားသစ်ဖို့ စိတ်ကူးလိုက်မိတယ်။
"ဆရာ...ကျွန်တော် အိမ်သာ ခဏ သွားလို့ရလား?"
"အေးအေး ရတယ်။သွား"
ကျွန်တော် ထိုင်ခုံကနေထလိုက်ကာ တစ်လှမ်းတောင်မလှမ်းရသေးခင်မှာဘဲ ခေါင်းထဲမိုက်ခနဲဖြစ်သွားကာ ထိုနေရာမှာတင်ပဲ လဲကျသွားလေသည်။
ကျွန်တော့်နာမည် အော်ခေါ်သံသဲ့သဲ့ကိုကြားနေရပေမယ့် ကျွန်တော်မျက်လုံးဖွင့်ကြည့်လို့မရတာမို့ ဒီတိုင်းပိတ်ထားမိသည်။ထို့နောက် ရုတ်တရက် ပွေ့ချီခံလိုက်ရပြီး နွေးထွေးလွန်းတဲ့ တစ်စုံတစ်ယောက်ရဲ့ ရင်ခွင်ထဲ ရောက်သွားတာကို ခံစားလိုက်ရတယ်။သတိရတစ်ချက် လစ်တစ်ချက်မို့ ဘယ်သူမှန်းကျွန်တော် စဉ်းစားမရပေမယ့် ထိုရင်ခွင်ကိုတော့ ကျွန်တော် ချစ်သည်။ထိုလူ့ရင်ခွင်ထဲ နေရတာ ကျွန်တော် ဘာကိုမှမမှုဘဲ စိတ်ချလက်ချ နေလို့ရသလို ခံစားနေရသည်လေ။
သူ တင်းတင်းကျပ်ကျပ်ဖက်ထားတာမို့ ကျွန်တော့်မျက်နှာတစ်ခုလုံးကလည်း သူ့ရင်ခွင်ထဲမြုပ်မတတ်....
ပြီးတော့ သူ့ရင်ခွင်ကို ကျွန်တော်က မျက်နှာအပ်ထားတာမို့ သူ့ရေမွှေးနံ့သင်းသင်းလေး လည်းရနေမိသည်။

YOU ARE READING
My New Toy
Romance"ကျွန်တော်ကတော့ playboy ပေါ့ မိန်ကလေးတိုင်းကို sex တစ်ခုအတွက်ပဲတွဲတယ် ပြီးရင် ဘာမှမဖြစ်ခဲ့သလို အမှိုက်တစ်ခုလို စွန့်ပစ်တယ်... ဒါပေမယ့် ကျွန်တော့်ဘဝထဲကို ကောင်လေးတစ်ယောက်ဝင်လာခဲ့တယ် သူက...သူက ကျွန်တော့်မှောင်မိုက်တဲ့ဘဝအတွက် အလင်းရောင်လေးပေါ့" Kris "သူ...