My New Toy{2}

9.8K 458 10
                                    

#My_New_Toy
#krisyeol
#part_2

Kris's poV
~~~~~~~~~

မနေ့က မတော်တဆဖြစ်ရပ်လေးက ညကတစ်ညလုံး အိပ်မပျော်နိုင်လောက်အောင် ကျွန်တော့်ကို ခြောက်လှန့်နေခဲ့တယ် .
ခု မနက် ခေါင်းတွေမူးပြီး အိပ်ရေးမဝတဝနဲ့ ထလိုက်တဲ့ အချိန်မှာပဲ ကျွန်တော့်အတွေးတွေထဲကို ဝင်ရောက်လာခဲ့ပြန်လေပြီ. မနေ့ကသူ့အပေါ်ကျွန်တော် တော်တော် လွန်သွားတယ်ထင်တယ်. အမှန်အတိုင်းဝန်ခံရရင် ကျွန်တော် တွဲမယ်လို့ပြောဖူးတာ ယောက်ျားလေးထဲမှာဆို သူ ပထမဆုံး ပါ. မနေ့က ကျွန်တော့်ကြောင့် သူငိုနေတာတွေ့တော့ စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်သွားတယ်.
သူ့ကိုငိုအောင်လုပ်မိတဲ့ ကိုယ့်ကိုယ်ကိုယ် ပဲ ဓားနဲ့ ထပ်ခါထပ်ခါ ထိုးချင်နေမိတဲ့ ကိုယ့်စိတ်ကိုယ်လည်း နားမလည်. ကျွန်တော် ချုပ်လိုက်လို့ သူ့လက်ဖြူဖြူလေးပေါ်မှာ လက်ချောင်းရာကြီးတွေနဲ့ အညိုအမည်းစွဲနေတာတွေ့တော့လည်း ကိုယ့်လက်ကို ဓားနဲ့ဖြတ်ပစ်လိုက်ချင်တဲ့စိတ်ကလည်း ခဏခဏ ဝင်လာလေရဲ့. ဒီနေ့ ကျွန်တော်သူ့ကို ရအောင်တောင်းပန်မယ်. သူ ခွင့်လွှတ်တဲ့အထိ တောင်းပန်ဖို့ ကျွန်တော် စိတ်ကူးထားမိတယ်.
Hk hk.
Kris Wu ဆိုတဲ့ ကျွန်တော်က ဒီဘဝတစ်လျှောက်လုံးမှာ ဘယ်သူ့ကိုမှ တောင်းပန်ဖူးတာ မဟုတ်ပါဘူး. ဒါပေမယ့် သူ့ကို တော့ ဘာကြောင့်မှန်းမသိ သူခွင့်လွှတ်တဲ့အထိ ဒူးထောက်အရှုံးပေးချင်နေမိတယ်.
Park Chanyeol ဆိုတဲ့ကောင်လေးက ကျွန်တော့်အပိုင် . ဘယ်သူမှ ကျွန်တော်ထိသလိုမထိစေရဘူး. သူများတွေက ထင်ကြမှာပေါ့. ဒီတစ်ယောက်ကိုလည်း sex တစ်ခုတည်းအတွက် အသုံးချပြီးရင် စွန့်ပစ်မယ်လို့လေ. သေချာတာတစ်ခုကတော့ ကျွန်တော်လိုချင်တာ သူ့ဆီကရပြီးရင်လည်း ကျွန်တော် သူ့ကို ဘယ်တော့မှ ရိုးအီသွားမှာမဟုတ်ပါဘူး.

ကျွန်တော် ကျောင်းကို ရောက်သွားတာနဲ့တစ်ပြိုင်နက် ထုံးစံအတိုင်း ကောင်မလေးတွေစုပြုံပြီးရောက်လာတယ်.
"ငါနဲ့ဝေးဝေးနေ"
ကျွန်တော် တစ်ချက်ပြောလိုက်ရုံနဲ့ ကောင်မလေးတွေမျက်နှာရှုံ့မဲ့ပြီး ထွက်သွားကြလေရဲ့...
ကျွန်တော် ခါတိုင်းဆို သူတို့နဲ့ ပြန်အီနေကြဖြစ်ပေမယ့် ဒီနေ့တော့ စိတ်မပါ. သူ့ကို တွေ့ဖို့သာစိတ်စောနေမိတယ်.
ကျွန်တော် ကျောင်းထဲမဝင်ခင်ဝေ့ကြည့်လိုက်တယ်. သူ့ကိုတွေ့လိုတွေ့ငြားပေါ့
သို့သော် အရိပ်အယောင်တောင်မတွေ့. ကြည့်ရတာ စာသင်ခန်းထဲဝင်သွားပြီထင်ပါရဲ့...
ကျွန်တော် စာသင်ခန်းထဲဝင်သွားတော့ ကျွန်တော် ထင်တဲ့အတိုင်းပါပဲ . သူရောက်နေပါပြီ. ဒါပေမယ့် သူ့ခုံပတ်လည်မှာ ကောင်မလေးတွေ ဝိုင်းလို့.
kai ကိုကြည့်လိုက်တော့ အီလည်လည်ပုံစံကြီးနဲ့ မျက်နှာစူပုတ်ပြီး မိန်းကလေး အုပ်စုကြီးကို ကြည့်နေလေရဲ့...
"ဘေးဖယ်ကြ"
ကျွန်တော့်အသံကြားတော့ ကောင်မလေးတွေအကုန်လုံး ဘာတစ်ခွန်းမှဆက်မပြောကြတော့ဘဲ ကုတ်ကုတ်လေး ကိုယ့်နေရာကိုပြန်သွားကြလေရဲ့. တစ်ချို့ကတော့ ကျွန်တော့်ကို မကြည်ကြည့်နဲ့ကြည့်လို့. မိန်ကလေးတွေရှင်းသွားတော့မှ ကျွန်တော်သူ့စားပွဲရှေ့ရပ်ရင်း အတတ်နိုင်ဆုံး နှုတ်ခမ်းကိုကွေးညွတ်ပြလိုက်တယ်. သို့သော် ကျွန်တော့်အပြုံးက သူ့အတွက်တော့ ဘယ်လိုပုံစံဖြစ်သွားလည်းမသိ . မျက်လုံးလေးဝိုင်းသွားပြီး ခေါင်းလေးတစ်ရမ်းရမ်းနဲ့ 'ကျွန်တော့်ကိုဘာမှမလုပ်ပါနဲ့'ဆိုတဲ့ အကြည့်နဲ့ပြန်ကြည့်လေရဲ့.
သေရော. ကျွန်တော်ပြုံးတာ အဲ့လောက်တောင်ကြောက်ဖို့ကောင်းသွားလား?
ကျွန်တော် သူ့ကို တောင်းပန်ဖို့ပါးစပ်ဟလိုက်တဲ့အချိန်မှာပဲ အတန်းထဲကို ဆရာမ ဝင်လာတယ်.
အချိန်ကိုက်ဝင်လာတဲ့ ဆရာမကို ဘုကြည့်ကြည့်လိုက်ရင်း ကျွန်တော် ထိုင်နေကြနေရာလေးမှာဝင်ထိုင်လိုက်တယ်.
ညက သူ့အကြောင်းတွေးနေမိလို့ အိပ်ရေးပျက်ခဲ့တာတွေကို ခုချိန် အတိုးချအိပ်ဖို့ စားပွဲပေါ် မျက်နှာမှောက်လိုက်တဲ့ အချိန်မှာပဲ ဆရာမဆီက ကျွန်တော့်နာမည်ကြားလိုက်ရလေရဲ့...
"Kris Wu. ငါစာသင်နေတဲ့ အချိန်မှာ မအိပ်ရဘူးဆိုတာမသိဘူးလား?"
".................."
"Kris Wu!!"
"ဟာ. ဘာလဲကွာ? ဒီမှာအိပ်နေတာကို"
"မင်းအိပ်ချင်ရင် အခန်းအပြင်ထွက်. ငါစာသင်နေတုန်းတော့မအိပ်နဲ့"
ကျွန်တော် အေးအေးဆေးဆေး ဘာမှမဖြစ်တဲ့ပုံစံနဲ့ စာသင်ခန်းထဲကနေထွက်လာလိုက်တယ်. သို့သော် စာသင်ခန်းထဲက အပြင်ကို လေးငါးလှမ်းလောက်အရောက် အခန်းထဲကို နောက်ပြန်ပြန်လျှောက်လာလိုက်ပြီး ဆရာမနဲ့မျက်နှာချင်းဆိုင်လိုက်တယ်.
တစ်ခန်းလုံးကလည်း ရင်တထိတ်ထိတ်နဲ့ ကျွန်တော်တို့နှစ်ယောက်ကိုကြည့်နေလေရဲ့...
"ဒီမှာ . ဒီတစ်ကျောင်းလုံးက ကျွန်တော့်လက်အောက်မှာဆိုတာကိုခင်ဗျားမေ့နေတာလား?ခင်ဗျားတို့အားလုံး လစာရပြီး ထမင်းမငတ်တာ ကျွန်တော့်ကြောင့်ဆိုတာ ခင်ဗျားမသိဘူးလား?အေးလေ. ဘယ်သိပါ့မလဲ?ခင်ဗျားက ဦးနှောက်မှမကောင်းတာကိုး. ထားလိုက်ပါ. ခဏနေ ကျွန်တော် ကျောင်းအုပ်ဆရာကြီးကိုပြောလိုက်ပါ့မယ်. နောက်နေ့ကစပြီး ခင်ဗျား ဒီကျောင်းကိုလာစရာမလိုတော့ဘူးလို့လေ.ခင်ဗျားကို အလုပ်ထုတ်လိုက်ပြီ"
ကျွန်တော် သူမ ကို တစ်ချက်ပြုံးပြလိုက်ပြီး စာသင်ခန်းထဲကထွက်လာလိုက်တယ်. ခဏအကြာမှာတော့ ကျွန်တော့်နာမည်အော်ခေါ်သံနဲ့ အတူ ငိုသံသဲ့သဲ့ကိုပါကြားလိုက်ရလေရဲ့......ထိုနေ့တစ်နေ့လုံး ကျွန်တော် ကျောင်းဆက်မတက်တော့ဘဲ ကားလျှောက်မောင်းနေမိတယ်.
ကျောင်းဆင်းချိန်လောက်မှ အပေါက်ဝမှာ ကားကိုရပ်လိုက်ရင်း သူထွက်အလာကို မျှော်နေမိလေရဲ့...
5 မိနစ်လောက်အကြာမှာတော့ ဘဲလ်တီးသံနဲ့အတူ ကျောင်းသားကျောင်းသူတွေအကုန် စုပြုံပြီးထွက်လာလေရဲ့...ကျွန်တော်က အစကတည်းက အကုန်လုံးနီးပါးထက် အရပ်ရှည်သူပီပီ ခြေဖျားထောက်ပြီး ရှာစရာတောင်မလို. ကျောင်းသူတွေအလယ်မှာအတင်းတိုးဝှေ့ပြီးထွက်လာနေတဲ့ kai နဲ့ သူ့ကို တွေ့လိုက်ရတော့ ကျွန်တော်သူတို့ဆီလျှောက်သွားလိုက်တယ်.
ကျွန်တော်ရှေ့မှာ ပိတ်နေတဲ့ ကောင်မလေးတွေမှန်သမျှ တွန်းထုတ်ပြီး chanyeol လက်ကို လှမ်းဆွဲလိုက်တော့ kai ကလည်း သူ့ကျန်လက်တစ်ဖက်ကိုပြန်ဆွဲထားလေရဲ့...
"မင်းသူ့ကိုဘယ်ခေါ်သွားမလို့လဲ?"
"ငါ့အိမ်ကို"
ကျွန်တော့်စကားကြားတော့ chanyeol မျက်လုံးလေးပြူးသွားပြီး ကျွန်တော့်ကိုကြည့်နေလေရဲ့...
"ခ-ခင်ဗျား အိမ်ကို??"
ကျွန်တော် chanyeol အမေးစကားကို ပြန်မဖြေဘဲ သူ့လက်ကို ဆောင့်ဆွဲလိုက်ပြီး ကျွန်တော့် ကားပေါ်ကို တင်လိုက်တယ်.
ကျွန်တော့်အိမ်သွားနေတဲ့ လမ်းတစ်လျှောက် ဘာစကားမှမပြောဖြစ်. ကားမောင်းနေရာကနေ သူ့ကို တစ်ချက်ခိုးကြည့်လိုက်တော့ ကျွန်တော်လုပ်လိုက်လို့ အညိုအမည်းစွဲနေတဲ့ သူ့လက်ကလေးကို ကြည့်နေတာ တွေ့လိုက်ရတယ်. ကျွန်တော် မသိမသာသက်ပြင်းကိုချလိုက်မိတယ်. ကျွန်တော်လွန်သွားတာကို သူ့ကိုတောင်းပန်မှာပါ. တောင်းပန်ဖို့ပဲ ကျွန်တော့်အိမ်ကိုခေါ်လာခဲ့တာလေ.
ကျွန်တော် သူ့ကို အိမ်ထဲခေါ်လာလိုက်တော့ ပါးစပ်လေး ဟရင်း ဟိုငေးဒီငေးနဲ့ကြည့်နေလေရဲ့...အိမ်ကို ဧည့်သည် တွေလာတိုင်း မြင်တွေ့နေကြပုံစံဖြစ်ပေမယ့် သူ့ကိုကြည့်ရင်း ကျွန်တော် ရယ်ချင်လာမိတယ်. ချစ်ဖို့ကောင်းလိုက်တာ.
ကျွန်တော် သူ့လက်ကို ဆွဲရင်း ကျွန်တော့် အခန်းထဲခေါ်လာလိုက်ပြီး ခုတင်ပေါ်မှာထိုင်ခိုင်းလိုက်တယ်.
"umm. ကျွန်-ကျွန်တော့်ကိုဘာ-ဘာပြောမလို့ခေါ်-ခေါ်လာတာလဲ...ဟင်?"
အသံတုန်တုန်ရင်ရင်နဲ့ပြောရင်း ခုပဲထပြေးတော့မလိုလိုဖြစ်နေတဲ့သူ့ပုံစံကြောင့်ကျွန်တော် စိတ်မကောင်းဖြစ်သွားသလို ဝမ်းနည်းလာမိတယ်. ကျွန်တော့်လုပ်ရပ်ကြောင့် သူအရမ်းကြောက်နေပုံပဲ.
"တောင်းပန်ပါတယ်"
"ဟင်. ဘာ ကို လဲ?"
"မနေ့က. ငါမင်းကိုလုပ်လိုက်တာလွန်သွားတယ်. တောင်းပန်ပါတယ်"
သူ ပထမ တော့ ဘာမှပြန်မပြောဘဲ ကျွန်တော့်မျက်လုံးထဲကိုစိုက်ကြည့်နေတယ်. ခဏကြာတော့ ကျွန်တော် စိတ်ရင်းအမှန်နဲ့တောင်းပန်နေမှန်းသိတော့မှ ခေါင်းလေးတစ်ချက်ညိတ်ပြရင်း ယဲ့ယဲ့လေးပြုံးပြလေရဲ့...
"အင်းးးးးရပါတယ်. ကျွန်တော်ခွင့်လွှတ်ပါတယ်"
chanyeol ဆီက ကျွန်တော် မထင်မှတ်ထားတဲ့ စကားလေး ကြားလိုက်တော့ ကျွန်တော် စိတ်ထဲမှာ အရမ်းပျော်သွားပြီး အမျိုးအမည်မသိ ခံစားချက်လေးတစ်ခုစီးဆင်းသွားလေရဲ့...
"ဟာဟ. တ-တကယ်နော်?"
"အင်းးးးတကယ်."
ကျွန်တော် မနက်တုန်းကလို တမင်လုပ်ပြီး ပြုံးပြတဲ့ အပြုံးမဟုတ်ဘဲ အပျော်တွေ စီးဝင်နေတဲ့ အပြုံးစစ်တစ်ခုကို နှုတ်ခမ်းပါးထက်မှာဖန်တီးလိုက်တယ်. yeol ကလည်း ကျွန်တော့်အပြုံးနဲ့ထပ်တူ အပြုံးတစ်ခုကို ဖန်ဆင်းရင်း ကျွန်တော့်ကိုစိုက်ကြည့်နေလေရဲ့...ကျွန်တော် တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေခိုက်မှာ ပတ်ဝန်းကျင်က အရာအားလုံးဟာ ပျောက်ကွယ်သွားပြီး ကျွန်တော်တို့နှစ်ယောက်ပဲ ဒီကမ္ဘာ ပေါ်မှာ ရှိတော့သလို စိတ်ထဲမှာလစ်ဟာသွားတယ်. တဖြေးဖြေးမြန်မြန်လာတဲ့ကိုယ့်ရင်ခုန်သံကိုယ်ပြန်နားထောင်ရင်း yeol မျက်နှာလေးကိုပဲ တစ်သက်လုံးငေးကြည့်နေချင်တဲ့စိတ်တွေပေါ်ပေါက်လာလေရဲ့....ကျွန်တော်တို့နှစ်ယောက်စိုက်ကြည့်နေမိတာ ဘယ်လောက်တောင်ကြာသွားလည်းမသိ.ခဏနေတော့မှ yeol ကပထမဆုံးသတိပြန်ဝင်လာပြီး ချောင်းတစ်ချက်ဟန့်လိုက်ကာ မျက်နှာကို တစ်ခြားဖက်လွှဲလိုက်လေရဲ့...ကျွန်တော်သိပါတယ်. သူ့ရဲ့ရှက်နေတဲ့မျက်နှာလေးကိုမမြင်စေချင်လို့လွှဲလိုက်တယ်ဆိုတာကို...ဒါပေမယ့် သူ့ရဲ့နီရဲတက်လာတဲ့နားရွက်ကားကားလေးတွေကိုတော့ ကျွန်တော်မြင်နေရတယ်ဆိုတာ သူမေ့နေတာလား? ခဏနေတော့ ပါးစပ်ကဘာတွေမှန်းမသိ ပွတ်တွတ် ပွတ်တွတ် နဲ့ရွတ်နေပြန်ရော. ကျွန်တော် သူဘာပြောနေမှန်းမသိပေမယ့် စကားပြောလိုက်တိုင်း ထော်ထော်လာတဲ့သူ့နှုတ်ခမ်းလေးကိုပဲငေးကြည့်နေမိတယ်.
ကျွန်တော် သူ့ကို စိတ်ရှိလက်ရှိနမ်းပြီး ကျွန်တော့်အပိုင်ဖြစ်အောင်လုပ်ချင်မိတာ ကျွန်တော့်အပြစ်မဟုတ်ဘူးထင်ပါရဲ့...
သူ့ရဲ့ချစ်ဖို့ကောင်းလွန်းတဲ့အမူအရာလေးတွေကိုပဲအပြစ်တင်ရမှာပါ.
"k-kris"
"ဟမ်?"
"ခင်ဗျားးးးးအရင်တုန်းကရောယောက်ျားလေးတွေနဲ့တွဲဖူးလား?"
"ဟင့်အင်း. မင်းကပထမဆုံးပဲ"
"တကယ်?အဲ့ဒါဆို ခင်ဗျားက ယောက်ျားလေးတွေဆို မကြိုက်တတ်ဘူးပေါ့?"
"အင်းးးးမပြောတတ်ဘူး. အရင်တုန်းကမကြိုက်တာပါ. ..."
ကျွန်တော် ထိုင်နေတဲ့ ထိုင်ခုံကနေ ထလိုက်ပြီး သူထိုင်နေတဲ့ ခုတင်ကို တစ်လှမ်းချင်းလျှောက်လာလိုက်တယ်. ကျွန်တော် တစ်လှမ်းတိုးလာတိုင်း သူ့ရဲ့ မျက်လုံးဝိုင်းဝိုင်းလေးကလည်း တစ်ဆတစ်ဆ ပိုပိုပြူးလာလေရဲ့...
"ခုတော့ ...သေချာသိအောင်လုပ်ရဦးမယ်"
ကျွန်တော် မွေ့ရာပေါ်မှာထိုင်နေတဲ့ yeol ကို ပုခုံးနှစ်ဖက်ကိုကိုင်ကာ လှဲချလိုက်ပြီး သူပြန်ထလို့မရအောင် သူ့ခန္ဓာကိုယ်ကို ကျွန်တော် ခွထိုင်လိုက်ပြီး သူ့မျက်နှာတစ်ပြင်လုံးကို တစ်နေရာမှမချန် အနမ်းတွေပေးနေမိတယ်. ရုတ်တရက်အနမ်းတွေနဲ့တိုက်ခိုက်လာတဲ့ကျွန်တော့်ကိုကြည့်ရင်း yeol ပါးစပ်လေး နည်းနည်းဟသွားတာကို အခွင့်ကောင်းယူလိုက်ကာ ကျွန်တော့်လျှာကို လှစ်ခနဲ ထိုးသွင်းလိုက်တယ်.
ကျွန်တော့်ကိုအောက်ကနေ အတင်းရုန်းပြီးထုရိုက်နေတဲ့ သူ့လက်နှစ်ဖက်စလုံးကို ဘေးတစ်ဖက်တစ်ချက်ဆီဆွဲချပြီး ကျွန်တော့်လက်တွေကသူ့အင်္ကျီ ထဲကို ဝင်သွားတယ်. ထို့နောက် အင်္ကျီကြယ်သီးတွေကို ဖြုတ်လိုက်ကာ သူ့အင်္ကျီ ကို အခန်းထောင့်တစ်နေရာကိုလွှင့်ပစ်လိုက်ကာ ကျွန်တော့် t-shirt ကိုလည်း ခပ်မြန်မြန်လေး ခေါင်းကနေ ဆွဲချွတ်လိုက်တယ်...
ဖွေးနုနေတဲ့သူ့ကိုယ်လုံးကို ကျွန်တော် ဖိကပ်လိုက်တော့ ဘာအောက်ခံမှမရှိ အသားချင်းထိကပ်သွားတာနဲ့အမျှ တစ်ကိုယ်လုံး ဓာတ်လိုက်သလို ခံစားလိုက်ရပြီး ကျွန်တော့်အောက်ပိုင်းကလည်း တဖြေးဖြေးမာလာတာကို ခံစားလိုက်ရလေရဲ့... တစ်စတစ်စတက်လာတဲ့လိုချင်တပ်မက်တဲ့စိတ်ကြောင့် yeol နှုတ်ခမ်းဖူးဖူးလေးကို တစ်ချက်ငုံကာစုပ်နမ်းလိုက်ပြီး သူ့ညာဘက်လည်ပင်းလေးပေါ်ကို ဖြေးဖြေးလေးသွားနဲ့ကိုက်ရင်း hickey လေးတွေပေးကာ ကျွန်တော့်လက်တွေက သူ့ဘောင်းဘီကို ဆွဲချွတ်ချလိုက်တယ်.
"မ. မ. မလုပ်နဲ့"
သူ့စကားကို မကြားချင်ယောင်ဆောင်လိုက်ပြီး သူ့အတွင်းခံဘောင်းဘီထဲကို လက်ထည့်လိုက်တယ်...
"ဒေါက်...ဒေါက်...ဒေါက်"
"Kris. ညစာစားရအောင်.အောက်ထပ်ကိုဆင်းလာခဲ့တော့"
ကျွန်တော် တိုးတိုးလေး ပွစိပွစိ လုပ်လိုက်တယ်...
တော်လိုက်တာ...mama ရယ်...အချိန်ကိုက်ပဲ
"Kris. ငါနင်ရှိမှန်းသိတယ်နော်.ခုချက်ချင်းအောက်ဆင်းလာခဲ့"
ကျွန်တော်သူ့ကိုယ်ပေါ်ကဆင်းလိုက်ကာ ကြမ်းပြင်ပေါ်မှာကျနေတဲ့ အင်္ကျီတို့ကိုကောက်ယူရင်း သူ့အင်္ကျီကိုပစ်ပေးလိုက်တယ်. ကျွန်တော် t-shirt ကို ကောက်ဝတ်လိုက်ကာ သူ့ကိုကြည့်လိုက်တော့ အင်္ကျီကြယ်သီးကိုတပ်ရင်း ခေါင်းလေးငုံ့ထားတာကိုတွေ့လိုက်ရတယ်. ခန္ဓာကိုယ်လေးကလည်း တစ်ချက် တစ်ချက် သိမ့်ခနဲ သိမ့်ခနဲ တုန်သွားတာကိုလည်းတွေ့လိုက်ရလေရဲ့...
"chanyeol"
".................."
"chanyeol??"
"..........................."
ကျွန်တော် သူ့ရှေ့မှာဒူးလေးထောက်ချလိုက်ရင်း မေးစေ့ကိုကိုင်ကာ သူ့မျက်နှာကိုမော့လိုက်တယ်...
ကျွန်တော်ထင်တဲ့အတိုင်းပါပဲ...သူ့ရဲ့ပါးပြင်ပေါ်မှာ ကျွန်တော့်ကြောင့် ဒုတိယအကြိမ် မျက်ရည်တို့နဲ့ စိုရွှဲနေပြန်လေပြီ...
"ကျွန်-ကျွန်တော် ခင်ဗျားကို ရပ်လို့ပြောတယ်.
ဒါပေမယ့်...ဒါပေမယ့်...ခင်ဗျားမရပ်ခဲ့ဘူးနော်"
"ဒါပေမယ့် chanyeol-ah...ငါမင်းကိုဘာမှမထိခဲ့ဘူးလေကွာ"
"ဒါကလည်း ခင်ဗျား အမေ ခေါ်လို့ မထိလိုက်နိုင်တာပါ . နို့မို့ဆို..."
yeol အသံ တိမ်ဝင်သွားကာ အင့်ခနဲ ရှိုက်ငိုပြန်တယ်. ကျွန်တော်ကတော့ သူငိုတာကိုကြည့်ရင်း ခြေမကိုင်မိလက်မကိုင်မိဖြစ်နေမိတယ်.
အရင်တုန်းကဆို ကျွန်တော်ရှေ့မှာတစ်ယောက်ယောက်ငိုရင် ကျွန်တော် မသိသလို ဒီတိုင်းပစ်ထားတတ်တယ်
. အခုလို ယောက်ယတ်ခတ်နေတာမျိုးတစ်ခါမှမဖြစ်ဖူးပေ.
Park Chanyeol ဆိုတဲ့ကောင်လေးကကျွန်တော့်ဘဝကို တစ်ဆစ်ချိုးပြောင်းလဲအောင်လုပ်နေတာပါလား...
"ကျွန်တော့်ကိုအိမ်ပြန်ပို့ပေးပါ"
"နေဦး. ထမင်းစားသွားပါလား?ငါမိသားစုနဲ့မိတ်ဆက်ပေးမယ်လေ"
ကျွန်တော် မျှော်လင့်ချက်နဲ့ သူ့ကို မရဲတရဲမေးလိုက်တယ်...တကယ်တော့ yeol ကို ကျွန်တော့်ဘေးနားမှာ ကြာကြာရှိနေစေချင်လို့ပါ . သူဘေးနားမှာရှိနေရင် ကျွန်တော် အလိုလိုပျော်နေမိတတ်တယ်လေ...
yeol ကကျွန်တော့်ကိုတစ်ချက်ကြည့်ပြီး သက်ပြင်းလေးချကာခေါင်းကိုလေးပင်စွာခါပြတယ်.
"ကျွန်တော့်ကိုအိမ်ပြန်ပို့ပေးပါ"
ကျွန်တော် ဘာမှဆက်မပြောတော့ဘဲ ခေါင်းသာညိတ်ပြလိုက်တယ်. ကားပေါ်ရောက်တော့လည်း သူနဲ့ကျွန်တော် ဘာစကားမှမပြောဖြစ်. ကျွန်တော် ကားမောင်းနေရင်းကနေ သူ့ကိုမကြည့်မိအောင်တင်းထားပေမယ့် မနေနိုင်မထိုင်နိုင် တစ်ချက်တစ်ချက်လှန်းလှန်းကြည့်မိတယ်. yeol ကတော့ လက်ကလေးပိုက်ကာ ကားအပြင်ကိုငေးကြည့်ရင်းကနေ အိပ်ပျော်သွားလေရဲ့...
သူ့အိမ်ရှေ့ရောက်တော့ ကျွန်တော် သူ့ကိုဖြေးဖြေးလေးလှုပ်နှိုးလိုက်တယ်.
"chanyeol...ထတော့ . အိမ်ရောက်ပြီ"
"immmmmmmm"
ခပ်တိုးတိုးလေး ညည်းညူရင်း yeol မျက်လုံးလေးတွေကိုပွတ်ပြီး ဟိုကြည့်ဒီကြည့်တစ်ချက်ကြည့်လိုက်ကာ ကားတံခါးကိုဖွင့်လိုက်တယ်.
ကျွန်တော် မကြာခင်ကမှ ရှာဖွေတွေ့ရှိလိုက်တဲ့ ရင်ထဲကခံစားချက်တစ်ခုကို ဖွင့်ပြောဖို့ သူ့လက်ကိုလှန်းဆွဲလိုက်တယ်.
yeol ရုတ်တရက်ဆိုတော့ ပြူးကြောင်ကြောင်လေးပြန်ကြည့်နေရင်းကနေ ကျွန်တော် ဘာပြောမလဲဆိုတဲ့ပုံစံလေးနဲ့မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ကျွန်တော့်ကိုစောင့်နေလေရဲ့...
ကျွန်တော် လေတစ်ချက်မှုတ်ထုတ်လိုက်ပြီး သူ့မျက်ဝန်းညိုလေးတွေထဲကို စိုက်ကြည့်လိုက်တယ်. သူ့မျက်ဝန်းထဲကိုစိုက်ကြည့်လိုက်တာနဲ့အမျှ ကျွန်တော် ပြောမယ့်စကားတို့အစရှာမရတော့ဘဲ ရုတ်တရက်ဆွံ့အသွားတယ်.
ခဏကြာတဲ့အထိ ကျွန်တော့်ပါးစပ်က ဘာစကားမှထွက်မလာဘဲ ဟရက်တန်းလန်းကြီးဖြစ်နေတာကိုကြည့်ရင်း yeol ကပြုံးစိစိလေးဖြစ်သွားကာ သူ့ကိုကိုင်ထားတဲ့ကျွန်တော့်လက်ကို ဖယ်လိုက်ကာ ကားပေါ်ကဆင်းသွားတယ်...
"kris. ခင်ဗျားဘာမှမပြောရင်ကျွန်တော်သွားတော့မယ်.ကျွန်တော့်ကိုစောင့်နေကြတော့မယ်. bye "
ကျွန်တော့်ကို လက်ကလေး တစ်ချက်ဝေ့ပြကာ အိမ်ထဲကိုဝင်ရောက်ပျောက်ကွယ်သွားတယ်.
ကျွန်တော်ကတော့ သူ့အိမ်ရှေ့ကနေ တစ်ချက်မှ မရွှေ့နိုင်သေးဘဲ အပေါ်ထပ်ကနေ မီးလင်းလာတဲ့ အခန်းလေးကိုသာငေးစိုက်ကြည့်နေမိပါတော့တယ်.
#TBC

My New ToyDonde viven las historias. Descúbrelo ahora