Episode 2

1.5K 140 13
                                    

I'm Yours

တစ်လွင့်လွင့်ဖြစ်နေတဲ့ လိုက်ကာလေးရဲ့နောက်က စူးရှတဲ့ နေရောင်ခြည်ကြောင့် seul မျက်လုံးလေးတွေ မပွင့်တစ်ပွင့်ဖြစ်လာခဲ့သည်။

လူကတော့မထသေး အိပ်ယာပေါ်မှာ ဟိုလိမ့်ဒီလိမ့်။

သူလှိမ့်နေတာကြောင့် တစ်ကိုယ်လုံးလည်း စောင်တွေပတ်နေပြီ။

လူကလည်း အိပ်ယာပေါ် မှောက်လိုက်လှန်လိုက်အကြိမ်ကြိမ်။

တီ~~~~တီ~~~~~တီ

ဘေးစားပွဲခုံလေးပေါ်က ထမည်လိုက်တဲ့ နှိုးစက်သံကြောင့် seul
မျက်လုံးမှိတ်လျက်နဲ့ပင် နှုတ်ခမ်းလေးကိုဆူကာ လက်နှစ်ဖက်ကိုအပေါ်ဘက်ဆန့်တန်းပြီး ဆွဲနိုင်သမျှ အပျင်းကြောကို ဆွဲဆန့်လိုက်သည်။

ပြီးတော့ မျက်လုံးလေးတစ်ဖက်ကို လက်နဲ့ပွတ်ကာ ပါးစပ်ကလည်း အကျယ်ကြီးဟပြီး သန်းလိုက်သေး။

ရုတ်တရက်ဆိုသလို မျက်လုံးလေးတွေဖွင့်ကာ အိပ်ယာပေါ်ကိုငုတ်ကနဲထထိုင်ပြီး စားပွဲပေါ်က နာရီကို ခေါင်းလေးစောင်း၍ တစ်ချက်ကြည့်လိုက်သည်။

အချိန်က (7)နာရီ။ ဒါ သူအမြဲတမ်း ထတတ်တဲ့အချိန်ပဲလေ။

ဒီအချိန်ဆို ommaနဲ့ appaလည်း မရှိတော့လောက်တာ သေချာပါတယ်။

appa နဲ့ ommaတို့နှစ်ယောက်လုံး company သွားကြပြီပေါ့။

companyဆိုလို့ တစ်ခုတည်းလို့တော့ မထင်နဲ့။

appaက သူပိုင်တဲ့ အစားအသောက် ကုန်စည်တွေ ထုတ်တဲ့ company။

ommaကတော့ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းခဲ့တဲ့ ကျောက်မျက်ရတနာ companyကြီးပေါ့။

appaနဲ့ ommaတို့က တစ်ဦးတည်း သားသမီးတွေ ဖြစ်သလို သူကလည်း appa နဲ့ ommaတို့ရဲ့ တစ်ဦးတည်းသော သမီးလေးပါ။

လူတော်တော်များများကတော့ ပြောကြတယ်။

ကျွန်မအရမ်းကံကောင်းတယ်တဲ့။

appa နဲ့ ommaတို့ရဲ့ အမွေတွေကို တစ်ယောက်တည်း ရမှာမို့လို့တဲ့လေ။

ဒါပင်မဲ့သူတို့မသိကြဘူး။ကျွန်မ ဘယ်လောက်အထီးကျန်သလဲဆိုတာ။

I'm YoursWhere stories live. Discover now