Episode 5

1.8K 111 6
                                    

I'm Yours

ရု​တ်​တရက်​ဆိုသလို seul စက်​ဘီးကို ဘရိတ်​​ကောက်​အုပ်​လိုက်​​တော့ အ​နောက်​က မှီပြီးလိုက်​လာတဲ့ irene တစ်​​ယောက်​ ပြုတ်​ကျမလို​တောင်​ ဖြစ်​သွားရရှာသည်​။

Ya!! Kwang Seulgi 😡 စက်​ဘီးကို ဘယ်​လိုနင်း​နေတာလဲ ? ဒီမှာ ပြုတ်​ကျ​တော့မယ်

ဗြဲ------------ ဗြဲ------------ ဗြဲ

ဘယ်​ကထွက်​​ပေါ်လာမှန်းမသိတဲ့ က​လေးတစ်​​ယောက်​ရဲ့ အာ​ခေါင်​ခြစ်​ ​အော်​ငိုသံကြီးကို bae irene တစ်​​ယောက်​ စပ်​စပ်​စုစု လိုက်​ရှာကြည့်​​တော့မှ သူတို့စက်​ဘီး​ရှေ့တွင်​ ​ငုတ်​တုတ်​က​လေးနဲ့ ဒူး​ခေါင်း​လေးကို ပွတ်​ရင်း ထိုင်​ငို​နေရှာ​သော က​လေးပင်​။

Seul က စက်​ဘီး​ဒေါက်​ကို အလျင်​အမြန်​ ​ထောက်​ချလိုက်​ရင်း က​လေး​လေး​ဘေးနားမှာ ​ဆောင့်​​ကြောင့်သွားထိုင်​လိုက်​သည်​။

ထိုင်​လိုက်​ပင်​မဲ့ သူ့မှာ ဘာ​ပြောလို့ ​ပြောရမှန်းမသိ။အတန်​ကြာတဲ့အထိ သူ့​ခေါင်း​လေး သူ ကုတ်​ရင်း စ​ပြောရမည့်​ စကားလုံးများကို လိုက်​လံ ရှာ​ဖွေ​နေမိသည်​။

သူ့​ရှေ့မှာ ရှိ​နေ​သော က​လေး​လေးက​တော့ အသံပြဲ​လေးနဲ့ တ​ကြော်​​ကြော်​ ​အော်​ငို​နေဆဲ။

ခြေမကိုင်​မိ လက်​မကိုင်​မိနဲ့ အတန်​ကြာစဉ်းစားပြီးမှ သူမ စလုပ်​လိုက်​​သော အရာက က​လေး​ခေါင်းကို ပွတ်​သတ်​​ပေးလိုက်​ခြင်းပင်​။တစ်​ဆက်​တည်းမှာပင်​ ​လေ​ပြေ​အေး​လေးနဲ့ သူမ နှုတ်​ခမ်းမှ စကားလုံးများကို စတင်​လိုက်​သည်​။

က​လေး ​တော်​​တော်​နာသွားလားဟင်​? က​လေးက ရုတ်​တရက်​ ​ပြေးထွက်​လာလိုက်​​တော့​ မမက ​ရှောင်​ချိန်​မရဘူး ဖြစ်​သွားလို့ပါ 😥

က​လေးတစ်​​ယောက်​နဲ့ ​ပြော​နေသည်​ဆိုပင်​မဲ့ seul တစ်​​ယောက်​ မျက်​နှာက မျက်​နှာငယ်​​လေးနှင့်​ပင်

ဒီမှာ မမလုပ်​လို့ ဒူးပြဲသွားပြီ 😭😭😭

က​လေး​လေးက လက်​တစ်​ဖက်​​လေးနဲ့ သူ့မျက်​လုံး​လေးများကို ပွတ်​​နေရင်း ​နောက်​လက်​တစ်​ဖက်​က​နေလည်း သူ့ဒူး​ခေါင်း​လေးကို ညွှန်​ပြ​နေသည်​။

You've reached the end of published parts.

⏰ Last updated: Sep 14, 2017 ⏰

Add this story to your Library to get notified about new parts!

I'm YoursWhere stories live. Discover now