part 5

950 131 13
                                    



ခရမ်းရင့်​ရင့်​..​ရောင်​ခြည်​တို့က ​မြေပြင်​တစ်​ခုလုံးကို ခပ်​​ဖျော့​ဖျော့လွမ်းမိုး​နေသည်​.....ခပ်​သဲ့သဲ့တိုက်​ခတ်​​နေ​သော...​လေပြည်​ညင်းနဲ့အတူ....​ခေါင်း​လောင်းသံတို့ကပါ ​လေအသင့်​မှာတစ်​ချက်​တစ်​ချက်​ကြား​နေရ​လေရဲ့.....
ရောင်​စုံ​တောပန်းတို့က အဖိုးမတန်​​ပေမယ.့်​လည်း....သူ့ဟာနဲ့သူ...ပနံတင့်​ကာ သာယာတဲ့ည​နေခင်း​လေးတစ်​ခုအဖြစ်​ဖန်​တီး​ပေးနိုင်​​တာ​တော့အမှန်​ပင်​.....

မြေပြင်​​ပေါ်ဟိုတစ်​လုံးဒီတစ်​လုံးကျ​နေတဲ့​ကျောက်​ခဲခပ်​လုံးလုံးတစ်​လုံးကို​ကောက်​ယူပြီး...အားစိုက်​ပြီး...လွင့်​ပစ်​လိုက်​သည်​....ဆင်​​ခြေ​လျှောအတိုင်း​ပြေးဆင်းသွားတဲ့အသံနဲ့အတူ...မြင်​ကွင်းက​နေ​ပျောက်​ကွယ်​သွား​တော့...ဘာမဆိုင်​ညာမဆိုင်​...​ခဏတာအတွင်း​ပျောက်​ကွယ်​သွားနိုင်​​သော..လူ့ဘ၀ကိုပါသတိရလိုက်​​သေးသည်​.....

"Xing....ဒီ​နေရာ​လေးက သာယာ​နေ​ရောပဲ​နော်​..."

ည​နေခင်းအလင်း​ရောင်​နဲ့လိုက်​ဖက်​လွန်းတဲ့အင်္ကျီအဖြူ​ရောင်​​လေး..နဲ့ junmyeon....
ခုချိန်​မှာ kim groupရဲ့ သားငယ်​မဟုတ်​....
ထို့အတူ သူလည်း zhang groupရဲ့ဆက်​ခံသူမဟုတ်​.....
သာမန်​၁၉နှစ်​အရွယ်​ လူငယ်​နှစ်​​ယောက်​သာလျှင်​.......

Junmyeon..အင်္ကျီနားကပ်​​နေ​သော...မြက်​ပင်​အချို့ကို ဆွဲဖယ်​လိုက်​ပြီး....အနည်းငယ်​​လျော​နေ​သော အင်္ကျီလက်​ကိုအ​ပေါ်ပြန်​တင်​​ပေးလိုက်​သည်​.....

" ..ခုလို​လေးသာအမြဲဆိုရင်​​ကောင်းမယ်​​နော်​..."

သူသက်​ပြင်းသာချလိုက်​သည်​...အမှန်​အတိုင်းဆိုလျှင်​ အတ္တမာန​တွေနဲ့ပြည့်​​နေ​သော...အသိုင်းအ၀ိုင်းကြားထဲစာလျှင်​ ဒီ​နေရာ​လေးကို သူလည်းမြတ်​နိုးပါရဲ့.....

"Inn...ငါဒီ​နေရာ​လေးမှာပဲ..အမြဲ​နေချင်​တာ...မင်းနဲ့ငါနဲ့​နေကြတာ​ပေါ့ကွာ...appaတို့လာရှာရင်​လည်း ​အောင်း​နေကြမယ်​​လေ...."

သူ့ရဲ့အူ​ကြောင်​​ကြောင်​စကား​ကြောင့်..့​...junmyeon..ဟက်​ဟက်​ပက်​ပက်​ရယ်​​လေသည်​.....သူ့ရင်​ထဲ တစ်​စုံတစ်​ရာ ငြိမ့်​​ညောငိးစွာစီးဆင်းသွားသလို....

ဖြူစင်​ခြင်းရဲ့​နောက်​ကွယ်​.....Donde viven las historias. Descúbrelo ahora