တောထဲတစ်နေရာရဲ့ စခန်းတစ်ခုမွာတော့ နေရာလုရင်း
မာန်ဖီ နေကြသူနှစ်ဦး .....
သူတို့ကတော့ တျခားသူတွေမဟုတ်
(IGOT7မ်ား ခွင့်လွှတ်ကြပါညော်)
ခန့်ညားထယ်ဝါသော ရုပ်ရည် အောင်မြင်လွသောအသံ
တစ်ချက်အော်ရင် လူလွင့်လောက်တဲ့ အတွင်းအားကိုပိုင်ဆိုင်ထားသူ ဓားပြဗိုလ်ကြီး ဂျေဘီ (A/N.oppa Miannae )...ဓားပြဗိုလ်ကြီးရဲ့ကြီးကျယ်မြင့်မြတ်လွတဲ့ ရာထူးကို တန်မှန်းမသိ မတန်မှန်းမသိနဲ့ လောဘတတ်နေသူက
အရပ်ပုပေမဲ့ ဇမသေး ဒူးခေါင်း ထိဂြက်နေသောဘောင်းဘီကို၀တ်မွ စတိုင်ကျသည်ဟု တစ်ထစ်ချမှတ်ယူထားသူ ့မိုက်တိမိုက်ကန်း ဂျက်ဆင်..တစ်ယောက်နဲ့တစ်ယောက် စားမတတ်ဝါးမတတ်ကြည့်နေသည်
အဲ့အချိန် ကျန်တဲ့ဓားပြတွေကို မဲဆွယ်နေသူက ဓားပြကြီး JBရဲ့တစ်ဦးတည်းသောတပည့် ဘန်းဘန်း...
ဂျေဘီ မှာတပည့်ဆိုလို့ ဘန်းဘန်း တစ်ယောက်သာရှိတယ်လေ ကျန်တဲ့သူတွေကတော့ ဂျက်ဆင်ဘက်ကပေါ့...ဘန်းဘန်း တစ်ယောက် မြောက်ကြွ မြောက်ကြွ နှင့် သူ့ဆရာအကြောင်းကို ကြော်ငြာ ၀င်ပုံက ဒီလို....
ဘန်းဘန်း ;ဒီမွာ မင်းတို့ နှစ်လုံးပြူး ဂျေဘီ ဆိုတာကိုကြားဖူးလား
တရုတ်ကြီး(mark) ;မကြားဖူးဘူး(အာပြဲကြီးဖြင့်)
ဘန်းဘန်း ;မင်းကလည်းဖြေးဖြေးပြောပါကွ မကြားဖူးလည်းပြောပြမှာပေါ့
အေး မကြားဖူးရင်မှတ်ထား နှစ်လုံးပြူး ဂျေဘီ ဆိုရင် လှန်ရဲတဲ့သူတစ်ယောက်မှမရှိဘူး နှစ်လုံးပြူး ဂျေဘီ ဆိုတဲ့ နာမည်ကိုရဖို့လွယ်တယ်များထင်နေလား နယ်နယ်ရရ မဟုတ်ဘူးနော် အဲ့နာမည်ကိုရဖို့ ငါ့ဆရာဘယ်လိုကြိုးစားခဲ့ရလဲမင်းတို့သိလား...အငယ်လေး(Yugyeom) ;ငါသိတယ် ...သူကြီးရဲ့ နှစ်လုံးပြူး သေနတ် ကိုခိုးပြီး ရောင်းစားလို့ရခဲ့တဲ့နာမည် ဟုတ်တယ်မလား
ဘန်းဘန်း ;ဒါပေါ့...ဟာ...ဟျောင့် ဘာတေလျှောက်ပြောနေတာလဲ မင်းသေချင်နေပြီလား...
ဒီမှာမသိရင်မှတ်ထား သေနတ်ပစ်တဲ့ နေရာမှာ တစ်ဖက်ကမ်းခပ် အောင် ကျွမ်းကျင်လို့ နှစ်လုံးပြူး ဂျေဘီ ဆိုပြီး နာမည်တွင်သြားတာ ကြ သိပြီလား.....ဟားဟား ဟားဟား .....ဂျေဘီ ;ဟေ့ကောင် ဘန်းဘန်း တော်တော့
ဒီမွာ ဂျက်ဆင် မင်းက ငါ့နေရာကိုလိုချင်တယ်ပေါ့ ဟုတ်လား မင်းနဲ့တန်ရာတန်ရာစဉ်းစားစမ်းပါကြာဂျက်ဆင် ;ခင်ဗ်ား အပိုတွေ ပြောမနေနဲ့ မွ်မွ်တတ ယှဉ်ပြိုင်မယ် နိုင်တဲ့သူ က ဗိုလ် ပဲ ဘယ်လိုလဲ
ဂျေဘီ ;ဟားဟား မင်းကငါနဲ့သေနတ်ချင်ယှဉ်ပစ်မယ်ပေါ့ ကောင်းပြီလေမင်စိန်ခေါ်တာဆိုတော့ မင်းအရင် စ....
ဂျက်ဆင် လည်း ဆိုက်နဲ့ ဂိုက်နဲ့ ဘေးက သောက်ပီးသားအရက်ပုလင်းကိုယူပြီး မိုးပေါ်ပစ်တင်လိုက်တယ်
ပြီးတော့ ခါးကြားထဲကဖိနပ် အဲမှားလို့...သေနတ်ကိုဆွဲထုတ်ပြီး ဒိုင်းကနဲနေအောင် မကြည့်ပဲ ပစ်လိုက်တဲ့အချိန်မှာတော့ ပုလင်းက ခွမ်းကနဲ မိုးပေါ်မှာကွဲသွားတော့တယ်ဂျက်ဆင် ;မြင်တယ်နော် ....
ဂျက်ဆင် အောင်နိုင်သူအပြုံးနဲ့ ဂျေဘီ ကိုလှမ်းခနဲ့လိုက်တော့ဂျေဘီ ;အပြော မစောပါနဲ့အုံး ဒါပဲလား မင်းအစွမ်း
ဟားဟား ကောင်းပြီ ဒါဆို ငါ့အလှည့်ဂျေဘီ ဘောင်းဘီ အိတ်ကပ်ထဲက အကြွေစေ့နှစ်စေ့ကို ထုတ်လိုက်လိုက်ပြီး လက်ထဲမွာ မြှောက်လိုက်ပြန်ဖမ်းလိုက်နဲ့ ပဲမ်ားနေပြီးတော့မှ မိုးပေါ်ကိုပစ်တင်လိုက်တယ် သူလည်းမကြည့်ပဲ သေနတ်ကိုမိုးပေါ်ထောင်ပြီး
ဒိုင်းကနဲ ဒိုင်းကနဲနှစ်ချက်ပစ်လိုက်တယ်အကြွေစေ့တွေအောက်ပြုတ်က်လာတော့ ဂျက်ဆင်သြားကောက်ကြည့်ပြီး မျက်လုံးပြူးသွားရတာပေါ့ အကြွေစေ့
တွေမှာအပေါက်တွေနဲ့လေ....အဲ့တော့မှ ဂျေဘီ ကိုငိုမဲ့မဲ့နဲ့မော့ကြည့်တယ်ဂျေဘီ ကတော့အေးဆေးပဲ ၀တ်ထားတဲ့ ကုတ်အင်္ကျီအရှည်ကြီးကို ဖုန်ထအောင်ခါပြီး သူနေတဲ့ တဲထဲကို ပြန်၀င်သြားတော့တယ်
ဘန်းဘန်း ;တွေ့တယ်နော် နောက်တစ်ခါအာခံဖို့မကြိုးစားကြနဲ့
ယောင်ကြီးကလက်ပြန်နဲ့ရွယ်လိုက်တော့ ဘန်းဘန်း ကဆုန်ပေါက်ပြီး ဂျေဘီ နောက်ပြေးလိုက်သွားတယ် တဲထဲမွာတော့ သူဆရာဂျေဘီကအိပ်နေတယ်လေ
ဂျေဘီဘေးဘကစားပွဲပေါ်မှာတင်ထားတဲ့ အကြွေစေ့တွေ ကိုမြင်တော့ ဘန်းဘန်း အံ့သြသွားရတယ် အကြွေစေ့တွေ အကုန်လုံးကအပေါက်တွေနဲ့......
ဘန်းဘန်း ;ဟင်ဒါဆိုခုနက....
ဟွန့် အလကား အီးပေါလောကြီး.....
YOU ARE READING
ဘိုင်စကုပ် ဇာတ်ရှုပ်
HumorBTS နဲ့ GOT 7 နှစ်ဖွဲ့ပေါင်းလောင်းကျော်မဲ့ Fic လေးပါ မှီငြမ်းပြီး မွမ်းမံ ထားပါတယ်