We meet again

469 54 2
                                    

" Yifan မင်းး ငါတို့အိမ်ကိုလိုက်လည်ပါလား? နယ်မြို့လေးဆိုတော့အေးချမ်းပါတယ်ကွ လိုက်မလား??"

ပထမဆုံးသူငယ်ချင်း …… တစ်ဦးတည်းသောသူငယ်ချင်းမို့ အလည်ခေါ်ချင်မိတယ်ကွာ
မင်းလိုက်ခဲ့ရင်သိပ်ကောင်းမှာပဲ……

" ByunBaekရယ် မင်းမပြောလဲ ငါကလိုက်မယ်ပြောမလို့ပဲကွ ခုလိုအလိုက်သိလို့ငါ့သားလေးကိုချစ်တာ"

လိုက်မှာ လိုက်ကိုလိုက်အုန်းမှာ
လိုက်ကိုကဲပစ်အုန်းမယ်
အပေါင်းအသင်းပေါပေမယ့် ဘာသံယောဇဉ်မှန်းမသိ ဒီအပုလေးကိုမှ အလွန်အကျွံခင်နေတဲ့ကျွန်တော်လေ



အုံမှိုင်းမှိုင်းသစ်ပင်တွေနဲ့ ကာဆီးထားတဲ့ အိမ်လှလှတစ်လုံး
အနည်းငယ် ဟောင်းနွမ်းနေတဲ့ အိမ်လေးက အထိုက်အလျောက်အဆင်ပြေပါတယ်လေ
"Yifan မင်းငါမှာတာလုံးဝ မမေ့နဲ့နော် "
စိတ်ပူလို့သာသတိပေးတာပါ ဒီကောင်က အလိုက်တော့သိပါတယ်

" အေး မင်းညီစိတ်မမှန်တဲ့ကောင်လေးမလား ?? ငါသည်းခံပါ့မယ်ကွာ အလွန်ဆုံး သူငါ့ကိုလုပ်မှသတ်ရုံပေါ့ ဟားးဟားး "

" ဟေ့ကောင် မျက်နှာမပြောင်နဲ့ ခေါ်ချင်လွန်းလို့ခေါ်လာတာ  မင်းကိုစိတ်ချတာမဟုတ်ဘူး"

တကယ်စိတ်မချဘူး Yifan ငါခေါ်လာပေမယ့် မှားသွားမှာလည်းကြောက်မိတယ်
မင်းငါ့ကိုမခင်တော့မှာတော့ ငါကြောက်တယ်Yifan

အိမ်အပေါ်ထပ်ဆီမော့ကြည့်ရင်းစိတ်ထဲကတိုင်တည်မိတယ်
" ငါမင်းအလိုကျနေလာခဲ့တာLuhan…… ကျေးဇူးပြုပြီးဒီတခါခွင့်ပြုပါ ငါ့ရဲ့တစ်ဦးတည်းသောသူငယ်ချင်းကို မင်းဒုက္ခမပေးဖို့မျှော်လင့်တယ်"

ထိုစဉ်အိမ်အပေါ်ထပ်ပြတင်းပေါက်မှာဖြတ်ကနဲလှုပ်ရှားသွားတဲ့အရိပ်လေးတစ်ခု

အိမ်ထဲဝင်ဝင်ချင်းမြင်ရတဲ့မြင်ကွင်းကသိပ်တော့ကြည့်မကောင်းလှ

ထုပ်တန်းပေါ်က "YOU ARE NOT WELCOME!!"
ဆိုတဲ့ဆေးနီတွေနဲ့စာသားရယ်
"GET OUT" ဆိုတဲ့ နံရံအပြည့် စာလုံးတွေရယ်

"Yi yifan ငါ ငါတောင်းပန်ပါတယ် ငါ့ညီလေး"

" Haha ကိစ္စမရှိဘူး Daddyက စိတ်ရောဂါကုဆရာဝန်ကွ ဒါမျိုးတွေမြင်ဖူးတယ် ပြောလို့ရမလား မင်းညီကိုငါကုလို့ရ ရင်တောင်ရမှာ"
စနောက်နိုင်သေးတဲ့Yifanကြောင့်စိတ်သက်သာရာရပေမယ့် မဖြစ်နိုင်ဘူး Yifan
မင်းသူ့ကိုမကုနိုင်ဘူး
ဘာလို့လည်းဆိုတော့ သူဟာ ငါ့ညီမဟုတ်သလို စိတ်ဝေဒနာသည်လည်းမဟုတ်တဲ့ ငါ့မိသားစုကကျေးဇူးကြွေးကိုအစဉ်အဆက်ဆပ်လာရတဲ့သူမို့လို့ပဲ

"Wow!! ဒါငါ့အခန်းလား?? သားလေးက လိမ္မာလိုက်တာ အခန်းကရှယ်ပဲ အမ်!!!"

သေချာပြင်ဆင်တဲ့အခန်းကို Yifanသဘောကျနေလို့ဝမ်းသာပေမယ့်အိပ်ယာခင်းဖြူဖြူပေါ်မှာ ကြွက်သေတွေ……

Luhanရေ တောင်းပန်ပါတယ် သူ့ကိုချမ်းသာပေးပါ

" ကဲကဲသားလေး Daddyကိုယ့်ဘာကိုရှင်းလိုက်မယ် နားတော့ သားလေးအိမ်က Daddyအိမ်ပဲမဟုတ်လား"

"ဟေ့ကောင် Wuyifan ရိုသေစမ်း ငါကအိမ်ရှင် ကောက်ရိုက်လိုက်လို့ ကဲနားနား ငါသွားမယ် ကြည့်ရှင်းလိုက်အဲ့ဒါတွေ"

Yifanကိုဟန်ဆောင်ပြုံးပြရင်း ရင်းနှီးနေတဲ့အခန်းတစ်ခုဆီပြေးဝင်လာခဲ့တယ်

အခန်းအလည်မှာထောင်ထားတဲ့ ကျွန်တော်တို့အိမ်ရဲ့ပုံစံတူပန်းချီကားထဲမှာ ကောင်လေးတစ်ယောက်ကြွက်သေတွေကိုကိုင်ပြီးအပြစ်ကင်းတဲ့မျက်နှာနဲ့ရယ်မောနေတယ်
တစ်ခုခုကိုကျေနပ်နေသလိုလို

"Luhan!! ငါ့ကိုသနားပါလားကွာ ငါ့ရဲ့တစ်ဦးတည်းသောသူငယ်ချင်းပါ မင်းဧည့်သည်တွေကိုမုန်းတာကိုငါသိပေမယ့် သူ့ကို တော့ ခွင့်လွှတ်ပါ ငါပထမဆုံးအနေနဲ့တောင်းဆိုတာပါLuhan!"

ပြောပြီး ထွက်သွားတဲ့Baekhyunရဲ့ နောက်မှာတော့ စိတ်ပျက်လက်ပျက်ထိုင်နေတဲ့ပန်းချီကားထဲကကောင်လေးရုပ်ပုံမှာ ခုနကအပြုံးလေးပျောက်ဆုံးလို့………

"မရဘူး Baekhyun ငါမင်းကိုအားနာပေမယ့် မင်းခေါ်လာတာသူဖြစ်နေလို့ကို ငါမရပ်တန့်နိုင်တာ ငါအဆုံးသတ်ချင်ပြီBaekhyun သူ့လက်နဲ့ပဲ အဆုံးသတ်ချင်တာBaekhyun"

***********-------*************

နှုတ်ဆက်ခွဲခွါခြင်းတိုင်းဟာ အဆုံးသတ်မဟုတ်ဘူး ……
သံသရာဟာလည်နေသ၍ တချိန်ချိန်ကျရင် ဒီနေရာမှာငါတို့ပြန်ဆုံကြအုန်းမှာပဲ Yifan
အဲ့ဒီအချိန်ကျရင် မင်းလက်နဲ့ငါ့ကိုအဆုံးသတ်ပါ
ဒါမဟုတ် ငါ့လက်ထဲမှာမင်းဇာတ်သိမ်းရမှာပဲ
ဒါငါတို့ကံကြမ္မာပဲYifan…


ဘယ်သောအခါမှ ငါ့လက်နဲ့မင်းကိုအဆုံးမသတ်ဘူး
ရွေးစရာရှိအုန်းမှာပါ Luhan…
ငါရယ်မင်းရယ် အတူရှိနိုင်မယ့်လမ်းကရှိကိုရှိတယ်
အဲ့ဒီလမ်းကိုရှာမတွေ့ခင်အထိ ငါကပဲ မင်းလက်နဲ့ အသေခံမယ် Luhan
နှုတ်ဆက်ခြင်းကအဆုံးသတ်မှမဟုတ်တာ
ငါတို့ပြန်တွေ့ကြအုန်းမှာပါ…

You've reached the end of published parts.

⏰ Last updated: Jun 12, 2016 ⏰

Add this story to your Library to get notified about new parts!

The PortriatWhere stories live. Discover now