##1##
11pm
အိမ်တစ်အိမ် အတွင်းမှကောင်မလေးတယောက်ခြေဗလာဖြင့်ငိုကာပြေးထွက်လာသည်။သူ့တကိုယ်လုံးတွင်လည်းဒဏ်ရာများအရှိုးများပြည့်နက်နေ၏။
~~Ya..!Jung sooyeon အခုချက်ချင်းပြန်လာခဲ့ငါနင့်ကိုသတ်မယ်~~
ထိုအသံကြောင့်သူမခြေလှမ်းကိုအားပိုစိုက်ကာပြေးလေသည်။ဒီနေ့လည်းသူမ ရပ်ကွက်ပန်းခြံလေထဲမှာဘဲညကိုဖြတ်သန်းရတော့မည်လေ။
ရပ်ကွက်နဲ့ကျောင်းရဲ့ အနှိမ်ခံ ရှုံ့ချခံ အရက်သမားလူရမ်းကားရဲ့သမီး အဲ့လို့နာမည်တွေနဲ့သတ်မှတ်ခံရတာတော့ ကျွန်မ Jung sooyeon ပေါ့ ကျွန်မအဖေ က အမေမရှိတော့တဲ့နောက်မှာ အရက်မူးရူး နေအောင်သောက် ပြီးရင် ကျွန်မကို နွားတကောင်လိုရှိုက်နှက် တာ။ အဖေက ရှိုက်နှက်လို့ပြေး ရတာကတမျိုး အကြွေးရှင်တွေက လိုက်ဖမ်း လို့ အိမ် မပြန်ရဲ လို့ ရပ်ကွက်ပန်းခြံလေး ထဲမှာ ညကိုကုန်ဆုံးနေရတာ ကျွန်မ 10 နှစ် သမီးကတည်းကပေါ့ အခုတော့ ကျွန်မ က အထက်တန်း နောက်ဆုံးနှစ်ပေါ့ ။
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ကလင် .ကလင်.ကလင်......
ကျောင်းတက်ခေါင်း လောင်းထိုး သံကြောင့်
Jung sooyeon တယောက် ကျောင်းတွင်း သို့
အမြန်ပြေးလေသည် ။ ထိုစဉ် ကားတစီးမှာ သူမနားမှကပ်ကာ ဖြတ်သွား လေသည် ။ သူမ လန့်ကာ လဲကျသွားသည် ။
ကားပေါ်မှာဘယ်သူလဲဆိုတာသူမသိပြီးသား~~ya! Kwon yuri နင်ဘယ်လိုလုပ်လိုက်တာလဲ~~
~~ဘာလဲ အရက်သမားရဲ့ သမီး
မကျေနပ်ဘူးလား
နင် ဘဲလမ်းလယ်ခေါင် ကလျောက်နေတာလေ~~~~တောက်! နင်လုပ်ထားပေါ့လေ ငါအလည့်ရောက်ရင် နင်ကိုငါ သေအောင်သတ်မှာ Kwon yuri ~~
~~Ha ha ဘာပြောလိုက်တယ် Jung sooyeon
ငါနားကြားများမှားသွားသလားလို့ နင့်လိုခွေးလောက်တောင် အဆင့်မရှိတဲ့သူကငါ့ကို
သတ်ဦးမယ်ဟုတ်လား အမလေး ကြောက်လိုက်တာ အမြန်ထပြီးလာခဲ့နော် ဂိတ်ပေါက်ဝမှာ နင့်ကို တုတ်တချောင်း နဲ့ဆရာစောင့်နေတယ် ငါတော့သွားနှင့်ပြီနော် ~~