##3##
ကျွန်မ Jung sooyeon ထွက်သွားတာကိုအောင်နိုင်သူအပြုံးနဲ့ကြည့်နေလိုက်တယ်
နောက်ဆုံးတော့လည်းငါကအောင်နိုင်သူပဲလေ
"ဒီနေ့တော့နင်တို့ကြိုက်တာမှာစားကြငါရှင်းမယ်"
"စားမယ်စားမယ် အဝကိုစားမှာ"
"အစားနဲ့ ပတ်သတ်လာရင်နင်ဗိုက်ကဝတယ်ဆိုတာကောရှိလို့လား sooyoung"
"ya!Kim Taeyeon နင့်ပါးစပ်ငှားစားလို့"
"ya..ya ရန်ဖြစ်မနေနဲ့နှစ်ယောက်သား"
"အာ ဒါနဲ့ငါနင့်ကို မေးအုန်းမယ် နင်ဘာလို့ jung sooyeon ကို လိုက်အနိုင်ကျင့်နေတာလဲ အနိုင်ကျင့်တယ် ဆိုတာထက် ပြိုင်နေသလိုဘဲ
နင်နဲ့သူက ဆီနဲ့ရေ လိုပါ နင်အဆင့်မရှိတဲ့သူနဲ့လိုက်ပြိုင်မနေပါနဲ့""ငါကသူ့လို့အဆင့်မရှိတဲ့သူကို လိုက်ပြိုင်နေတာမဟုတ်ဘူး သူ့ရဲ့အဆင့်အတန်းမရှိတဲ့ မာန တွေကို ရိုက်ချိုးဖြစ်ချင်တာ"
"အေးကွာ နင်ကြိုက်သလိုသာလုပ် ဟုတ်ပြီလား"
×××××××××××××××××××××××××××××××××××××××
တခန်းလုံးခြေချစရာမရှိအောင် ရှုပ်ပွနေတဲ့အရက်ပုလင်းတွေကို ခြေထောက်နဲ့ဖယ်ပြီး ကျွန်မ အခန်းထဲဝင်ကာအိပ်နေလိုက်သည် ဒီနေ့တော့ ကျွန်မအဖေ လည်းဘယ်ရောက်နေလည်းမသိ
မရှ်ိတာလည်းကောင်းပါတယ်လေ ကျွန်မကိုအရက်မူးပြီးရိုက်နှက်နေဦးမှာ"ဒုန်းဒုန်းဒုန်း..ဒုန်းဒုန်းဒုန်း"
ကျွန်မဘယ် နှနာရီအိပ်ပျော်သွားလည်းမသိ တံခါးတဒုန်းဒုန်း ထုသံကြောင့် နိုးလာခဲ့သည်။
တခန်းလုံးကမှောင်နေသေးတာဘဲ ဘယ်အချိန်ရှိပြီလဲ လို့ကျွန်မဖုန်းကနာရီကိုကြည့်လိုက်တော့ မနက်နှစ်နာရီ"Jung sooyeon! တံခါးဖွင့်စမ်းငါဝင်လာရင်ပိုဆိုးမယ်"
ကျွန်မအဖေရဲ့အသံ ဘယ်အချိန်ကပြန်ရောက်နေလဲမသိ ထုံးစံအတိုင်း အရက်ဖိုးတောင်းနေတာဘဲထင်တယ် မနေ့ညကအလုပ်ထုတ်ခံရလို့ ပိုက်ဆံတပြားမှမရှိ