##5##
အတန်းထဲကို
ငိုကြီးချက်မ ဖြင့်ဝင်လာသော
Taeyeon..ကြောင့် Yuriရော sooyoung ပါလန့်သွားသည်
Tae ၏ဖြူဥနေသော ပါးမှာရိုက်ခံထားသလို
နီနေသည်
Tae အနားရောက်လာမှ Yuri ရော sooyoung ပါ ဝိုင်းချော့ကာ မေးရသည်
"Tae ...ဘာဖြစ်လာတာလဲ"
"နင့်ကိုဘယ်သူလုပ်လိုက်တာလဲ ..fany နဲ့ရန်ဖြစ်လာတာလား."
"အဟင့် ...အီး...*sob*"
မေးနေတာကိုမဖြေဘဲ ငိုနေတုန်း
"Taeyeon ya ..မြန်မြန်ပြောစမ်းပါဘာဖြစ်လာတာလဲလို့ "
"ငါ့.ငါ့ အဖေက.. *sob* ..ငါနဲ့ fany ကို သဘောမတူဘူးတဲ့..ငါ့ကိုလည်း*sob* ပါးရိုက်တယ် .."
"နင့်အဖေ ကဘယ်လိုသိသွားတာလဲ
နင်ပြောလိုက်တာလား""မဟုတ်ဘူး..မနေ့ကငါ fany နဲ့လျှောက်လည်နေတုန်းငါ့appaတွေ့သွားတာ ..
fany ကိုလည်း နှစ်ပြားမတန်အောင်ပြောလွှတ်လိုက်တယ် appaက....အီး ..အဟင့်..ငါ ငါဘယ်လုပ်ရမလဲ...အီး..ငါfany နဲ့မခွဲနိုင်ဘူး""မငိုပါနဲ့ဟာ..နင့်အဖေကဒီအတိုင်းသွေးပူနေတုန်းမို့ပြောလိုက်တာနေမှာပါ"
sooyoung က Taeyeon ကျောကိုပုတ်ပြီးနှစ်သိမ့်နေတယ်...
Yuriလည်းသူ့အတွက်ဘယ်လိုပြောရမလဲကိုမသိတော့ဘူး ..
ခဏနေတော့ ငိုနေတဲ့ Taeyeon ရုတ်တရက်အငိုတာကိုရပ်လိုက်ကာ သူ့မျက်ရည်တွေကိုလက်ဖြင့်ဆွဲသုတ်ပြီး"ငါ..fany ကိုမခွဲနိုင်ဘူး..ငါဘယ်လိုလုပ်ရမလဲ..အီး.."
Tae ကပြောရင်းနဲ့ငိုပြန်တယ်
"ငါ့ ကိုကူညီပါလား ..yuri ya ငါfany နဲ့ အတူနေနိုင်အောင် ... ငါ ငါ ခိုးပြေးရမလားဟင်"
Yuriနဲ့ sooyoung လန့်သွားသည်..
Taeyeon ကိုကြည့်တော့လည်းတကယ်လုပ်မဲ့ရုပ်.."Taeyeon ya ..နင် fany ကိုအရမ်းချစ်တာငါသိပါတယ်..ဒါပေမဲ့အခုနင်ကျောင်းမှမပြီးသေးတာ ..ခိုးပြေးတယ်ဘာတယ်တော့မလုပ်ပါနဲ..တကယ်လို့နင်ခိုးပြေးသွားရင် ..နင့်အဖေကနင့်ကိုအမွေဖြတ်စွန့်လွှတ်လိုက်မှာလေ..နင်ကဘာမှလုပ်တတ်ကိုင်တတ်တာလဲမ
ဟုတ်ဘူး..."