Part.19

541 51 2
                                    

Mark POV:မကောင်းဘူးဘယ်သူမှမကောင်းကြဘူးOmmaကောအားလူံးငါ့အပေါ်ဘယ်သူမှမကောင်းကြဘူး။Nyoungရယ်မင်းကိုကိုယ်အရမ်းလွမ်းတာဘဲမင်းထွက်သွားတဲ့နေ့ကနေစပြီးခုချိန်ထိကိုယ်မင်းကိုလွမ်းနေဆဲပါ။
....တွေးရင်းမျက်ရည်များကလည်းတလောဟောကျလာရင်း
Mark:ဘယ်သူ့မှမရှိဘူးငါ့ဘေးနားမှာဘယ်သူမှမရှိကြဘူး။အရမ်းမုန်းတယ်လူတိုင်းကိုမုန်းတယ်
အော်ဟစ်ပြောဆိုရင်းလီဗာကိုအရှိန်မြှင့်ကာမောင်းတင်လိုက်သည်။
Mark:Nyoungရယ်မင်းကိုယ့်ကိုတကယ်ချစ်ခဲ့ဖူးပါတယ်။မင်းကိုယ့်ကိုလိမ်နေတာကိုယ်သိနေတယ်။အရာရာကမှားယွင်းနေခဲ့တာကြီးဘဲ။ဖြောင့်ဖြူးနေတဲ့လမ်းကိုဘယ်သူတွေကဆူးခလုတ်တွေချခဲ့တာလဲကွာ..အား...
...မျက်ရည်များကျရင်းအော်ဟစ်ငိုကြွေးလျှက်....
တဖက်မှလာနေသောကုန်တင်ကားကိုမမြင်ဘဲလမ်းပြောင်းပြန်မောင်းမိလိုက်သည်။
Mark:အား.....(mianhae yo baby)
...ကျွီ...ဒုန်း....
...Ambulance Ringing.....
************************************
At the Airport,
Jinyoung POV:သွားခွင့်ပြုတဲ့အတွက်ကျေးဇူးပါကို...အမုန်းတရားတွေဘယ်လောက်ဘဲကြီးနေခဲ့ပါစေ။ကျိန်းသေပေါက်ကျွန်မသူ့ကိုချစ်ခဲ့မိသည်။
Yugyeom:Noonaဝင်လို့ရပြီတဲ့
Jinyoung:ဩော်အင်းသွားရအောင်
Yugyeom:ဟင်Noonaငိုနေတယ်ဘာလို့လဲဘာဖြစ်လို့လဲNoonaရယ်Appaနဲ့ommaကိုလွမ်းလို့လား
Jinyoung:Arniyaw noonaငယ်လေးနဲ့နိုင်ငံခြားမှာပညာသွားသင်ရမယ်မို့ပျော်လို့ပါ။
Yugyeom:Noonaသားတခုပြောမယ်နော်
Jinyoung:အင်းငယ်လေး
Yugyeom:Noonaဘဝမှာတသက်လုံးပျော်ရွှင်နေချင်ရင်နောင်တရမဲ့ကိစ္စမျိုးတွေကိုရှောင်ရှားရမယ်တဲ့။Noonaကိုသားပြောချင်တာကnoona hyungအပေါ်တကယ်စိတ်ပြတ်နိုင်ရဲ့လား
Jinyoung:ဩော်ငယ်လေးရယ်စိတ်ပြတ်နိုင်လို့ဒီထိရောက်လာခဲ့တာပေါ့။ကဲပါဝင်ကြရအောင်လာ....
...အိတ်လေးတွေကိုယ်စီဆွဲရင်းဝင်ပေါက်ဆီသို့...
************************************
After 3 years later,
At the airport back from LA,
Jinyoung:Junရေommaကိုစောင့်အူံးလေဘယ်နဲ့ပြည့်နေရတာလဲ
Jun:ommaကလည်းမြန်မြန်လာပါဆိုနေ
Jinyoung:Junရယ်ဖြေးဖြေးသွားပါပြေးရင်ချော်လဲလို့ကတော့ommaရိုက်မှာနော်
...စကားသံနားမထောင်ဘဲပြေးတော့
Jinyoung:ဟူးဒီကောင်လေးနဲ့တော့အဆော့မက်ပုံကတော့
Yugyeom;Noonaရယ်လွှတ်ထားလိုက်ပါကလေးကပျော်နေတာကို
Jinyoung:ငယ်လေးမင်းလည်းလေမင်းတူကြည့်ကျက်အလိုလိုက်သူ့ကမင်းကြောင့်ဆိုးနေတာ
Jun:Hanmoni
Jinyoung's omma:မြေးလေး
Jinyoung:omma
...ပြေးဖက်လိုက်ကြရင်း
Yugyeom:ommaရယ်သားလွမ်းနေတာ
Jinyoung:ကောင်စုတ်လေးအမေကိုချွဲနေတယ်
Omma:ကဲကဲလာလာommaကားခေါ်ထားတယ်။
...Taxiကားလေးကလည်းမောင်းထွက်ရင်း
Jinyoung pov:ဩော်၃နှစ်တောင်ကြာသွားပေမဲ့ဒီနေရာဒီနိုင်ငံကဘာမှမပြောင်းလဲပါလား။
...ပြတင်းတံခါးလေးကိုဖွင့်လိုက်ရင်းတိုက်ခတ်နေတဲ့လေနုအေးလေးတွေကိုခံစားလိုက်သည်။
Yugyeom:omma appaကိုတယောက်တည်းထားခဲ့တာလား
Omma:Nurseရှိပါတယ်သားရဲ့မင်းappaကမင်းတို့ပြန်လာတာကိုပျော်လို့မနက်ကဆိုထမင်းတွေအများကြီးစားလို့
Jun:omma
Jinyoung:ဟင်
Jun:ဒါကseoulမဟုတ်လားဟင်
Jinyoung:အင်းလေသားရဲ့ဘာလို့လဲ
Yugyeom:စပါပြီငါတို့ရဲ့သိပ္ပံပညာရှင်ကြီးမေးခွန်းထုတ်ပါပြီ
...ရှေ့ခန်းကနေလှမ်းပြောလိုက်ရင်း
Jun;ဒါဆိုappaကဘာလို့လာမကြိုတာလဲ
Jinyoung;Park Yugyeomနင်တော့သေတော့မယ်ကလေးကိုဘာတွေလျှောက်ပြောထားတာလဲ
Yugyeom:Noonaရယ်အမှန်တရားကအမှန်တရားဘဲကိုတော်လိုက်ပါတော့
Omma:ဟုတ်ပါတယ်သမီးရယ်မြေးလေးအနေနဲ့အဖေကိုတွေ့ချင်မှာပေါ့
Jinyoung:အချိန်မတန်သေးလို့ပါommaရယ်ကဲjun ommaပေါင်ပေါ်လာခဲ့အဘွားပေါ်မှာမှီမနေနဲ့လာအိပ်တော့
ကလေးကိုommaဘေးကနေဆွဲချီလိုက်ရင်းသူမပွေ့ထားလိုက်သည်။
************************************
Girl:ဥက္ကဌကြီး
JB:အင်းဘာလဲ
Girl:ဧည့်သည်တယောက်လာရှာပါတယ်
JB:လွှတ်လိုက်
...ထိုမိန်းကလေးထွက်သွားတာနဲ့ဝင်လာသူ သူမ
Jinyoung:JB shi
JB:ဟင်Jinyoungမလားဘယ်လိုလုပ်နင်ပြန်ရောက်နေတာလဲထိုင်ထိုင်
...ဘေးကခလုတ်ကိုနှိပ်လိုက်ရင်း
JB:Coffeeတခွက်လောက်
Jinyoung:မေးစရာလေးရှိလို့ပါ
JB:အင်းခဏလေးနော်မန်နေဂျင်းကိုလွှတ်လိုက်ပါ
Jinyoung:Jacksonလား
JB:အင်းဟုတ်တယ်သူကနင့်ကိုအရမ်းတောင်းပန်ချင်နေတာ
Jinyoung:ရပါတယ်ဟာ
JB:ပြီးတော့Bammieနဲ့အဆက်အသွယ်မရတာလည်းပါတယ်။
Jinyoung:ဟင်ဘယ်လိုဖြစ်လို့လဲ
JB:နင်တို့ထွက်သွားတဲ့နောက်ပိုင်းBammieလည်းအလုပ်ထွက်သွားတာ။
Jackson:Hyung
JB:ကဲလာလာဘယ်သူလဲကြည့်ပါအုံး
Jackson:ဟင်Jinyoung
Jinyoung:Anneyeong
Jackson:ငါတောင်းပန်ပါတယ်ဟာငါနင့်ကိုပြောမိခဲ့တာတွေ
Jinyoung:ရပါတယ်ဟာဒါနဲ့ပြောပါအုံးBammieနဲ့ဘယ်လိုဖြစ်ရတာလဲ
Jackson:နင်တို့ထွက်သွားတာJuneနော်ငါလည်းသူ့ကိုလိုက်ကပ်နေတာဒါပေမဲ့ပြန်အဆင်မပြေခဲ့ပါဘူးဟာNovemberလလောက်ကပေါ့ငါလဲအလုပ်ကိစ္စနဲ့singaporeရောက်နေတာအဲ့ချိနိသူအလုပ်ထွက်သွားတာပြန်ပြန်လာလာချင်းလိုက်ရှာပေမဲ့မတွေ့ခဲ့ဘူး။
Jinyoung:အင်းသူကလည်တကောင်ကြွက်ဆိုတော့နင်ရှာရခက်နေမှာပေါ့။
Jb:ကဲJacksonကိစ္စခဏထားMark hyungအကြောင်းဆက်ပြောရအောင်
Jinyoung:ကျွန်မသူနဲ့တွေ့ချင်တယ်။
JB:တွေ့တာကတွေ့လို့ရပြီဘာလို့လဲဆိုတော့သူအတိတ်မေ့နေတာငါတို့တောင်မမှတ်မိဘူး။ခုလောလောဆယ်သူငါတို့ရပ်ကွက်ထဲမှာနေတယ်။ငါကတော့Companyကိုလွှဲယူပေးထားရတာပေါ့။hyung coffeeဆိုင်လေးတစ်ဆိုင်ဖွင့်ထားတယ်
Jinyoung:အတိတ်ကိုသူမှတ်မိသွားရင်သူခံစားရမှာပေါ့
Jb:arniသူကိုယ်တိုင်ကအဲ့အတိတ်ကိုမှတ်မိချင်နေတာပါ။ကြိုးစားကြည့်ပါ။ဒါသူ့လိပ်စာ။
Jinyoung:Gomarwooဒါနဲ့Youngjae shiလဲပူပူလေးနဲ့ဆို
Jackson:ဟုတ်ပါဟေ့ဟုတ်ပါ့ငါတို့အားလုံးကပျက်ရွှင်းသွားတဲ့အချိန်မှာသူကပူပူလေးနဲ့
Jinyoung:နောက်မှတို့တွေအားလုံးဆုံရတာပေါ့။Jacksonလဲအားမငယ်ပါနဲ့။ဒါနဲ့Bammieသူ့သူငယ်ချင်းတွေဆီလိုက်ရှာပြီးပြီလား
Jackson:အဲ့လောက်ထိတော့ဘယ်ဟုတ်ပါ့မလဲငါကသူအကြောင်းသေချာမှမသိတာ။နည်းနည်းနာမည်တူတာနဲ့လိုက်ရှာတာဘဲဒါပေမဲ့ခုချိန်ထိမတွေ့ခဲ့ဘူး
Jinyoung:တခုသတိရပြီသူ့အဒေါ်Busanမှာရှိတယ်အဲ့တာအဲ့ကိုသွားကြည့်ပါလား
Jackson:Busanဘယ်မှာလဲ
Jinyoung:ဘယ်နားလဲဆိုတာတော့ကျွန်မလည်းသေချာမသိဘူး။မျိုးရိုးနာမည်နဲ့ဆိုရင်ရှာရလွယ်မယ်ထင်တယ်ကြိုးစားကြည့်ပေါ့
Jackson:Jinyoung ya jinja gomarwooငါကိုခွင့်လွှတ်ပေးတာကောBammieအကြောင်းကိုပါ။ငါထင်ပါတယ်နင့်ဆီကအဆက်အသွယ်ရရင်တော့သူနဲ့တွေ့ဖို့လွယ်ကူမှာပါ။
Jinyoung:ရပါတယ်။သူနဲ့အဆင်ပြေဖို့လည်းကူညီပါအုံးနော်
Jackson:Hyungအပေါ်နားလည်သွားပြီလား
Jinyoung:သူ့အမှားမဟုတ်ဘဲအမှန်ကိုမမြင်ဘဲစွပ်စွဲမိတာကျွန်မအမှားပါ။ကျွန်မကြောင့်သူဒီလိုတွေဖြစ်ရတာ။ပြန်ပြီးပေးဆပ်ချင်တယ်
JB:အင်း....(သက်ပြင်းချသံ)
...တချက်ပြုံးလိုက်ရင်း
Jinyoung:သားကသူ့အဖေကိုလွမ်းနေတာ
Jackson and JB:Borသား..
သားဟုတ်လား
Jinyoung:အင်း၃နှစ်ရှိပြီ။
JB:ဟာMark hyungတို့ကံကောင်းတာဘဲဒါပေမဲ့သူဦးနှောက်ကလက်မခံနိုင်မှာဘဲဆိုးတာ
Jinyoung:အင်းအဲ့တာကြောင့်Koreaပြန်လာဖို့စဉ်းစားခဲ့ရတာပါ။ဒီမှာကျွန်မphအသစ်ပါတခုခုဆိုပြောပါနော်။
JB:Ok jinyoungငါတို့တွေတရက်အေးဆေးတွေ့ကြတာပေါ့နော်
Jinyoung:အင်းဒါဆိုကျွန်မပြန်လိုက်အုံးမယ်နောက်မှချိန်းကြတာပေါ့
JB and jackson:Nae
..ကားပေါ်ကိုတက်ကာကားစက်နှိုးလိုက်သော်လည်းမမောင်းမိဘဲအတိတ်ကနေ့ရက်တွေဆီသို့
Jinyoung POV:
#FlashBack Starts
Ph Ringing....
Jinyoung:Hello
JB:Jinyoungလားဟင်
Jinyoung:Naeဘယ်သူပါလဲ
JB:ငါJBပါ
Jinyoung:ဩော်အင်းပြောပါဘာကိစ္စများရှိလို့လဲ
JB:mark hyung accidentဖြစ်တာသိလား
Jinyoung:ဟင်
JB:ဟုတ်တယ်နင်တို့ထွက်သွားတဲ့နေ့ကHyungကားAccidentsဖြစ်တာ
Jinyoung:သူ....သူ...ဘာဖြစ်သွားသေးလဲဟင်
JB:သတိမလည်တာ၁ပတ်ရှိပြီ..
Jinyoung:ဟင်ဘာလို့လဲရောဂါအရမ်းပြင်းလို့လားဟင်
JB:ခေါင်းကိုထိသွားခဲ့တာကံကောင်းလို့မသေတာ
Jinyoung:သူအခုဘယ်မှာလဲ
JB:Seoul hospitalမှာ
Jinyoung:Aww
JB:Jinyoung yaနင်နည်းနည်းလေးမှမခံစားရဘူးလားဟင်
Jinyoung:နင်ငါတို့ဒါအတွက်ဖုန်းဆက်တာဆိုရင်တော့ငါဖုန်းချလိုက်တော့မယ်
JB:ဟာနေပါအုံးငါနင့်ကိုE.mailတခုပို့လိုက်မယ်နင်စစ်ကြည့်လိုက်ပါ
Jinyoung:Ok
From JB:သက်သေမှတ်တမ်းလိုမျိုးရေးသားထားတဲ့ရဲအရာရှိတွေရဲ့မှတ်တမ်းတခု
2016.05.13
ထို့နေ့
တရားခံKim June hae
အောက်ကစာသားတွေကိုထပ်ဖတ်ကြည့်လိုက်တော့
Mark Tuanနဲ့ပက်သက်နေသောလည်းထိုအခင်းဖြစ်တဲ့နေ့ကမိမိသဘောဖြင့်သာလုပ်ဆောင်ခဲ့ခြင်း၊Mark Tuanခိုင်းစေမှုမရှိခဲ့။
Jinyoung:ဟင်ဒါဆိုရင်သူနဲ့ဘာမှမဆိုင်ဘူးပေါ့
Yugyeom:Noona
Jinyoung:ငယ်လေးရေ
...မျက်ရည်တွေကျလျှက်ထိုင်နေတဲ့ဆုံလည်ကုလားထိုင်လေးပေါ်ကနေအောက်သို့
Yugyeom:Noona ....Noona...
************************************
#Flashback Ends...
Jinyoung POV:အဲ့နေ့ကသားသားကျွန်မဘဝထဲကိုရောက်လာခဲ့ပြီဆိုတာသိတဲ့နေ့လေးပါ။စိတ္တဇဆေးရုံရောက်နေတဲ့သူ့ကိုသွားတွေ့ချင်ခဲ့ပေမဲ့အချိန်တွေလိုအပ်နေတဲ့သူ့အတွက်koreaကိုမပြန်ဘဲနေခဲ့လိုက်တာပါ။Nyoungမှားခဲ့ပါတယ်ကို။nyoungကြောင့်Nyoungအတ္တကြောင့် ကို ခုလိုဖြစ်ခဲ့ရတာ။Nyoungကိုခွင့်လွှတ်ပါ။ကို မရှိမှ ကို့ ကိုအရမ်းလိုအပ်နေတဲ့ကိုယ့်ကိုနားလည်လာတာပါ။ကို...တလှည့်ပြန်ကြည့်နိုင်ပါစေ။
************************************
ကျေးရွာလေးရဲ့မူလတန်းကျောင်းလေးတခု
..ကျေးလက်ဆန်ဆန်ငှက်လေးတွေရဲ့တေးသံလေးတွေကြားနေရသောနေရာလေး
Teacher:ဆရာမကြီးလူတယောက်လာရှာလို့ပါ
ကျောင်းအုပ်ကြီး:ဝင်ပါ
Jackson:ဆရာမကြီးဟိုကျွန်တော်လူတယောက်အကြောင်းမေးချင်လို့ပါဒီမှာအချိန်ပိုင်းဆရာမလာလုပ်နေတယ်ဆိုလို့
ကျောင်းအုပ်ကြီး:ဟုတ်ကဲ့ဘယ်သူများလဲ
Jackson:ဒါကသူ့မပုံပါ။နာမည်ကBammie
ကျောင်းအုပ်ကြီး:ဩော်ဟိုဆရာမလေးဘဲ
Jackson:ဟိုဟိုသူဒီမှာများရှိလို့လားဟင်
ကျောင်းအုပ်ကြီး:ဒီနေ့ကသူ့ရက်မဟုတ်ဘူးလေသူဒီမှာမရှိဘူးကွဲ့
Jackson:သူ့အိမ်လိပ်စာလေးများသိခွင့်ရမလားဟင်
ကျောင်းအုပ်ကြီး:ဒါကသူ့personalမို့
Jackson:ကျွန်တော်ကသူနဲ့လက်ထပ်ဖို့ရည်ရွယ်ထားတဲ့သူပါ။ဒါကသူနဲ့ရိုက်ထားတဲ့ပုံလေးပါ။
ကျောင်းအုပ်ကြီး:ဩော်ဟုတ်ကဲ့
Jackson:သူပျောက်နေတာ၃နှစ်ရှိနေပြီကျွန်တော်သူ့ကိုနေရာတိုင်းလိုက်ရှာခဲ့ပေမဲ့လုံးဝကိုရှာမတွေ့ခဲ့တာပါ။ခုဒီနေရာမှာရှိနေတယ်ဆိုတဲ့သတင်းတောင်မနည်းကြားခဲ့ရတာပါ။
ကျောငိးအုပ်ကြီး:ကဲဟုတ်ပါပြီသူမအတွက်အန္တရာယ်မဖြစ်ဖို့အဓိကပါ။
Jackson:ဟုတ်ကဲ့ပါလိပ်စာလေးဘဲပေးပါဗျာ
ကျောင်းအုပ်ကြီး:Nae
************************************
Jackson POV:လိပ်စာထဲကအတိုင်းဆိုဒီအိမ်ပါဘာလို့သော့ခတ်ထားပါလိမ့်
...အိမ်ပုသေးသေးလေးတစ်လူံးရှေ့ဝယ်
ကလင်းကလင်း....
...အသံလေးနဲ့အတူစက်ဘီးလေးတစ်စီးသူ့နောက်ရောက်လာရင်း
Bammie:ဘယ်သူလဲမသိဘူး။
...ယောကျာ်းဆန်ဆန်ဝတ်စားထားတဲ့အရင်ကပုံစံမျိုးမဟုတ်ဘဲလူငယ်ဆန်ဆန်ဦးထုတ်လေးဆောင်းထားရင်းပေါ့ပေါ့ပါးပါးဝတ်စားထားတဲ့Jacksonကြောင့်
...Jacksonအသံကြားလို့နောက်လှည့်ကြည့်လိုက်တော့ဆံပင်လေးနှစ်ဖက်ခွဲပြီးကျစ်ဆံမြီးလေးနဲ့ဂါဝန်တိုတိုလေးကိုအောက်ကဘောင်းဘီတိုလေးနဲ့ဝတ်ထားတဲ့သူမပုံစံကကလေးတယောက်နဲ့တူလွန်းသည်။
Jackson:Baby
Bammie:ဟင်ရှင်...ရှင်ဘယ်လိုလုပ်သိတာလဲဒီနေရာကို
Jackson:ဟိုတပတ်ကYoungjaeဆီပို့လိုက်တဲ့စာလေးကြောင့်ပါ။Babyရယ်ကိုယ့်အနားကနေထပ်ပီးရှောင်မပြေးပါနဲ့တော့
Bammie:ရှောင်ပြေးတာမဟုတ်ဘူးကျွန်မကသာယာပျော်ရွှင်တဲ့နေရာလေးတွေမှာနေချင်တာ။ကဲရှင်ဖယ်ကျွန်မအထဲဝင်မလို့
Jackson:ကိုယ့်ကိုဝင်ခွင့်လေးတောင်မပြုတော့ဘူးလားရေလေးတခွက်တောင်မတိုက်တော့ဘူးလား
Bammie:ရေသောက်ချင်ရင်တော့ဝင်ပါပြီးရင်ပြန်
Jackson:အင်း
...အထဲကိုလိုက်ဝင်လိုက်တော့သပ်သပ်ရပ်ရပ်လေးနဲ့ကျယွကျယ်ဝန်းဝန်းပြင်ဆင်မှုလေးတွေနဲ့အခန်းလေး။
Bammie:ဒီမှာရေ
...သူမယူလာပေးတဲ့ရေခွက်လေးကိုဆွဲယူလိုက်တော့လက်နှစ်ခုကထိသွားမိသည်။
Jackson:Baby
Bammie:ကဲရှင်ပြန်တော့
Jackson:ကိုယ့်ကိုမေးခွန်းတခုလောက်မေးခွင့်ပြုပါ။ဘာလို့မင်းဘယ်သူနဲ့မှအဆက်အသွယ်မလုပ်ဘဲထွက်သွားရတာလဲ
Bammie:ကျွန်မကအစကတည်းကတကောင်ကြွက်ဘဲကိုး။ကဲရေသောက်ပြီးရင်ပြန်တော့
...မတ်တပ်ထရပ်လိုက်တဲ့သူမကိုလက်လေးကနေဆွဲရင်းပေါင်ပေါ်မှာထိုင်စေကာအနောက်ကနေအတင်းအကြပ်ဖက်ထားလိုက်သည်၊
Bammie:ရှင်ဘာလုပ်တာလဲလွှတ်စမ်းအခုလွှတ်
Jackson:Mianhaeyo babyကိုယ့်ကိုတခေါက်လောက်တော့ပြန်ကြည့်ပေးပါကွာ။
Bammie:ဘာကိုပြန်ကြည့်ရမှာလဲကျွန်မမှာခုယောကျာ်းရှိတယိ
Jackson:ကိုယ့်ကိုမလိမ်ချင်စမ်းပါနဲ့Babyရယ်Babyမှာခုချိန်ထိရည်းစားမရှိသေးဘူးဆိုတာကိုယ့်ကိုကျောင်းအုပ်ကြီးပြောပြီးပြီ
Bammie:ဟင်ရှင်ကဆရာမကြီးနဲ့တွေ့ခဲ့တယ်ပေါ့
Jackson:ဒါပေါ့Babyရယ်ကိုယ့်ကိုသနားပါနော်ကိုယ့်မှာအလုပ်တွေမအားတဲ့ကြားကBabyကိုလိုက်ရှာနေရတာမောနေပြီ။တောင်းပန်ပါတယ်အချစ်ရယ်၃နှစ်တောင်ရှိနေပြီကို။ကိုယ့်ကိုပြန်လက်ခံပါနော်
Bammie:ကျွန်မစဉ်းစားအုံးမယ်လောလောဆယ်ရှင်ပြန်တော့
Jackson:ကောင်းပါပြီ။ဒါနဲ့Jinyoung shiပြန်ရောက်နေပြီသိလားအဲ့တာဒီမှာသူ့ဖုန်းဆက်လိုက်အုံးနော်
Bammie:ကျေးဇူး
Jackson:မလိုပါဘူးအချစ်ရယ်ကိုယ်လိုချင်တဲ့အဖြေသာပေးဖို့ပြင်ထားပါ။မနက်ဖြန်လဲကိုယ်လာခဲ့အုံးမယ်နော်။တာ့တာ့Baby
...Jacksonထွက်သွားတော့Bammieလဲခုံလေးပေါ်ပြန်ထိုင်လိုက်ရင်းလက်ကလည်းဖုန်းဆီသို့....
************************************
တီတီတီ
Jinyoung:Hello
Bammie:Jinyoungလား
Jinyoung:ဟင်Bammie မလားဟယ်နင်ဘာလို့ပျောက်သွားတာလဲဟအခုနင်ဘယ်မှာလဲနေရောကောင်းရဲ့လား
Bammie:နင်ကလည်းဖြေးဖြေးမေးပါဟယ်။ငါစိတ်တွေအေးချမ်းချင်လို့ပြီးတော့ငါ့အသိရဲ့ကျောင်းလေးမှာစာသင်ချင်တာနဲ့ပြောင်းလိုက်တာပါ။ခုBusanမှာပါ။နင်သူ့ကိုပြောပြလိုက်တာမလား။ငါထင်ပါတယ်။
Jinyoung:ဟင့်နင်Seoulကိုမလာတော့ဘူးလားဟင်ငါနင့်ကိုတွေ့ချင်တယ်ပြောချင်တာတွေလည်းအများကြီးဘဲ။ငါပြန်ရောက်တာလဲတပတ်ဘဲရှိသေးတယ်
Bammie:အင်းငါနောက်အပတ်ပိတ်ရက်တက်လာခဲ့မယ်လေအဲ့ကျနင့်အိမ်လာခဲ့မယ်
Jinyoung:Jinja ဒါဆိုငါမျှော်နေမယ်ဟာ။
Bammie:အေးပါဒါဆိုငါဖုန်းချလိုက်တော့မယ်ငါအလုပ်သွားရမှာမို့
Jinyoung:အေးပါဟာ။
...Bammieဖုန်းချသွားပြီးနောက်အိမ်အောက်ထပ်ကိုဆင်းလာလိုက်သည်။
************************************
တေးသံညင်းညင်းလေးထွက်နေတဲ့လှပပြီးသပ်ရှင်းသပ်ရပ်တဲ့Coffeeဆိုင်လေး
...Welcomeဆိုတဲ့စာသားလေးရဲ့ဘေးနားမှာ
***ဝန်ထမ်းအလိုရှိသည်။***
လူတွေရှုပ်နေတာမျိုးမဟုတ်ဘဲသူ့နေရာနှင့်သူပြည့်နေသောဆိုင်လေး
Girl:ဒီမှာဒီမှာ
...ကောင်တာမှာထိုင်နေတဲ့Shirtအနီရေင်လေးနဲ့ဘောင်းဘီအဖြူလေးဝတ်ထားတဲ့ကောင်လေးဆီသို့
Mark;ဘာအလိုရှိပါသလဲဗျ
...ဂါဝန်ကားကားလေးနဲ့ဆံပင်လေးနှစ်ဖက်အသာချထားတဲ့မဟူရာမျက်လုံးလေးနဲ့ကောင်မလေးလှလှလေးကိုကြည့်ရင်း
Jinyoung:လိုချင်လို့ပါ
Mark:ဗျာ
Jinyoung:ဩော်မှားလို့အလုပ်လိုချင်လို့ပါ
Mark:Naeဒီမှာလျှောက်လွှာပါနာမည်က
...ကမ်းပေးတဲ့စာရွက်လေးကိုကိုင်လိုက်ရင်း
Jinyoung:Park jinyoung jinyoungပါလို့
Mark:ဟင်
************************************
To Be Continued....
Love ya my got7&All of ahgases♡♡♡
Sorry for my late update..
အရှည်ကြီးရေးပေးထားပါတယ်။ဘယ်လိုဖြစ်လို့မှန်းမသိဒီတပိုင်းရဖို့ကို၂ရက်ကြာတယ်တော်တော်စဉ်းစားလိုက်ရတာ။လိုနေတာတွေလွှဲသွားတာတွေရှိရင်Got7လွှတ်ပါ။
90°Bow.....

She Is My QueenTahanan ng mga kuwento. Tumuklas ngayon