စိမ်းစိုနေတဲ့ ပါတ်ဝန်းကျင်နဲ့အတူ ပင်လယ်ပြာကြီးရှိသော ကမ်းစပ်မြို့လေးတစ်မြို့...
စံကားဝါပန်းပင်တွေ ရှိနေတဲ့ လမ်မလေးထက်မှာ မိန်းကလေးတစ်ယောက်... သူမ၀တ်ဆင်ထားတဲ့ အဖြူရောင် ၀တ်စုံပေါ်မှာလဲ စံကားဝါပန်းပွင့်လေးတွေ...
အသားအရောင် ဖြူဖြူဖျော့ဖျော့မှာ အဖြူရောင် ၀တ်စုံနဲ့ဆိုတော့ ပန်းအ၀ါတွေ ကြွေလွင့်နေတဲ့ စံကားဝါလမ်းထက်မှာ အဖြူရောင် အရိပ်ကလေးလွင့်နေသယောင်...
သူမရဲ့ မျက်နှာမှာတော့ လွမ်းဆွတ်ကြေကွဲမှုနဲ့အတူ မျှော်လင့်ချက် အရိပ်အယောင်တွေအပြည့်... သူမဟာ လေအဝှေ့မှာ ကြွေကျသွားတဲ့ စံကားဝါပန်းလေးတွေကို ကောက်ရင်း လမ်းမအဆုံးမှာရှိတဲ့ ပင်လပ်ကမ်းစပ်ဆီကို ဦးတည်နေလေရဲ့...
ဒီမြင်ကွင်းဟာ ဒီမြို့လေးမှာ မိုးရွာတိုင်းမြင်ရတဲ့ ရင်နင့်စရာ မြင်ကွင်းလေးတစ်ခု...
""Xiumin တစ်ယောက်တော့ မိုးရေထဲ ပန်းကြွေလောက်ကောက်ပြန်ပါပြီ သူထွက်လာတာ ဘယ်သူမှမသိပြန်ဘူးထင်ပါရဲ့""
ဒါဟာ သူမကို တွေ့တဲ့ လူတစ်ချို့ရဲ့ မှတ်ချက်ပြုတဲ့ စကားသံတွေ
××××××××××××××××××××××××××××××
""Yifan gege yifan gege ရေ မိုးတွေရွာလာပြီ ပန်းကြွေသွားကောက်ကြမယ်""
""Minminလေး ပြောတာ နောက်တောင်ကျနေပြီ ge က သွားဖို့အဆင်သင့်ပဲ""
မိုးရေထဲကို လက်တွဲပြီး ပြေးထွက်သွားတဲ့ ၁၂နှစ်အရွယ် ကောင်ကလေးနဲ့ ၇နှစ်အရွယ် ကောင်မလေးကို မြင်ရတဲ့ မြင်ကွင်းဟာလဲ လွန်ခဲ့တဲ့ ၁၀နှစ်က မိုးရွာတိုင်း စံကားဝါလမ်းလေးပေါ်မှာ မြင်နေကျ ကြည်နူးစရာ မြင်ကွင်းလေးတစ်ခု...
၁၀စုနှစ် တစ်စုလောက်ကြာပြီး ၂၂နှစ်နဲ့ ၁၇နှစ်အရွယ် ကောင်လေးနဲ့ ကောင်မလေး ဖြစ်သွားသော်လည်း မိုးရေထဲမှာ ပန်းကောက်နေကြတဲ့ သူတို့နှစ်ယောက်ကို ဒီလမ်းလေးပေါ်မှာ မပြောင်းလဲစွာတွေ့မြင်ရဆဲပဲ
××××××××××××××××××××××××
စံကားဝါလမ်း
ကောင်လေးက ကောင်မလေးကို ပန်းကြွေတွေကောက်ရင်းနဲ့ ဒီလမ်းမလေးထက်မှာ ချစ်တယ်ပြောခဲ့သလို ကောင်မလေးကလဲ ကောင်လေးကို ဒီလမ်းလေးထက်မှာပဲ ချစ်တယ် ပြန်ပြောခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်သင်္ကေတ လမ်းမလေး
××××××××××××××××××××××××××××
""Dr... Dr xiumin မိုးရေထဲထွက်သွားပြန်ပြီ""
ဖြူဖြူဖျော့ဖျော့မိန်းကလေး လမ်းမထက်က ဖြတ်သွားပြီး ၁၅မိနစ်လောက်အကြာမှာ အရပ်ရှည်ရှည် အသားဖြူဖြူ ဂျူတီကုတ်ဝတ်ထားတဲ့ ယောကျာ်းလေးတစ်ယောက်ဟာ မပြေးရုံတမယ် ခပ်သွက်သွက်လှမ်းတဲ့ ခြေလှမ်းတွေနဲ့အတူ ပင်လယ်ကမ်းစပ်ဆီကို ဦးတည်ပြီးသွားနေခဲ့တယ်
""ဟော ဆရာဝန်လေး ဒီလိုသွားနေပုံကို ကြည့်ရင် xiumin ထွက်သွားပြန်ပြီထင်တယ်""
""၀ဋ်ကြွေးတွေပါဟာ သူတို့ကို မြင်ရတိုင်း ရင်ထဲမှာ ပင်ပန်းနေတာပဲ""
သူပြေးလိုက်သွားတာကို တွေ့တဲ့ လူတစ်ချို့ရဲ့ စကားသံဟာလဲ စံကားဝါလမ်းမထက်က မရိုးနိုင်တဲ့ အရာတစ်ခု
သူ ပင်လယ်ကမ်းစပ်ကို ရောက်သွားတဲ့အခါမှာတော့ ကောက်လာခဲ့တဲ့ စံကားဝါပန်းတွေကို ပင်လယ်ထဲမျှောနေတဲ့ မိန်းကလေး ကိုတွေ့မှ သူသက်ပြင်းချနိုင်တော့တယ်
""Xiumin ya ပန်းတွေမျှောပြီးရင် ပြန်ကြရအောင်လေ""
သူ့ရဲ့ အပြောကိုကြားတဲ့ မိန်းကလေးဟာ နောက်ဆုံးပန်းပွင့်လေး ပင်လယ်ထဲမျှောအပြီးမှာ ထိုယောကျာ်းလေးကို ပြေးဖက်ပြီး ငိုလျက် ပြောလိုက်တဲ့စကားလေးကတော့
""Hunnie ဒီစံကားဝါပန်းလေးတွေ yifan gegeဆီရောက်သွားမှာပါနော် xiumin gegeကိုလွမ်းနေတယ်ဆိုတာ gege သိမှာပါနော်""
ထိုစကားပြောပြီး မေ့မျောသွားတဲ့ မိန်းကလေးတွေ ပြန်လည်ပွေ့ဖက်ထားတဲ့ ထိုယောကျာ်းလေးရဲ့ မျက်ဝန်းမှာလဲ မျက်ရည်ကြည်တွေအပြည့်...
*ပန်းကြွေကောက်သူ*
××××××××××××××××××××××××
YOU ARE READING
ပန်းကြွေကောက်သူ
Romanceဤအဖြစ်အပျက်လေးတွင် ပန်းကြွေကောက်သူ ၃ဦးရှိပါသည် xiumin wu yi fan sehun သို့သော်လဲ ကျွန်မရည်ရွယ်ထားသော ပန်းကြွေကောက်သူမှာ တစ်ယောက်ထဲသာ ဖြစ်သည်