""Xiumin ရေ ဒီနေ့ မုန်တိုင်းတိုက်မယ်လို့ ကြားတယ် မိုးရွာရင် ပင်လယ်ဖက်မသွားနဲ့နော် ပန်းတွေလဲသွားမကောက်နဲ့ဦး""
""ဟုတ် အန်တီလေး အာ့ဆို xiumin yifan gegeဆီသွားပြောလိုက်ဦးမယ် မုန်းတိုင်းတိုက်မှာမို့လို့ ပန်းသွားမကောက်တော့ဘူးလို့""
××××××××××××××××××××××××××××××××
""သား minmin နဲ့ မခွဲနိုင်ဘူး မေမေ""
""မင်း လမ်းမခွဲလို့မရဘူး ဒီကောင်မလေးက မွေးထဲက ကံဆိုးခြင်းတွေနဲ့ အတူတူရောက်တဲ့ကလေး သူ့ကြောင့် သူ့မိဘတွေ အသက်သေရတယ် သူပဲသူ့မိဘတွေကို သတ်သလိုဖြစ်ခဲ့တာ... အဲ့ဒီအဖြစ်တွေကို ငယ်ငယ်လေးနဲ့ တွေ့လိုက်ရတော့ ဘာမှမသင်ယူနိုင်လောက်အောင် မှတ်ညဏ်တွေ ပျောက်ဆုံးသွားခဲ့တဲ့ မိန်းကလေး...မိဘမဲ့မိန်းကလေး... ငယ်ငယ်တုန်းကသာ မင်းတို့ကို ငါကြည်ဖြူခဲ့တာ ဒီပညာမတတ်တဲ့ ကံဆိုးလွန်းတဲ့ မိန်းကလေးနဲ့တော့ ငါ့သားကို ငါသဘောမတူနိုင်ဘူး yifan ""
×××××××××××××××××××××××××××××××
အဲ့ဒီစကားသံတွေကို ကြားပြီး ပြေးထွက်သွားတဲ့ ကောင်မလေးရဲ့ မျက်လုံးထဲမှာ
မီးပျက်နေတဲ့ အိမ်လေးထဲမှာ မီးထွန်းထားတဲ့ဖယောင်းတိုင်တွေနဲ့ ဆော့နေတဲ့ ကလေးမလေးကို ထိုင်ကြည့်ပြီး မဆော့နဲ့လို့ တားမြစ်နေတဲ့ သူမရဲ့ မိခင်
မီးစက်နှိုးဖို့ ဓာတ်ဆီပုံးကိုင်လာတဲ့ သူမရဲ့ ဖခင်ကိုတွေ့တော့ ပြေးလိုက်သွားရင်း သူမတွန်းမိသလို ဖြစ်သွားတော့ မှောက်ကျသွားတဲ့ ဓာတ်ဆီပုံးတစ်ပုံး
ဖယောင်းတိုင်မီးနဲ့တွေ့သွားတဲ့အခါမှာ
အလျှံတညီးညီး တောက်လောင်နေတဲ့ မီးတောက်တွေကြားမှာ သူမကို အိမ်အပြင်ရောက်အောင် ပို့နေတဲ့ သူမရဲ့ ဖခင်
နောက်ဆုံး သူမတွေ့လိုက်တာကတော့ မီးတွေဝါးမျိုသွားတဲ့ သူမရဲ့ မိခင်နဲ့ဖခင်
YOU ARE READING
ပန်းကြွေကောက်သူ
Romanceဤအဖြစ်အပျက်လေးတွင် ပန်းကြွေကောက်သူ ၃ဦးရှိပါသည် xiumin wu yi fan sehun သို့သော်လဲ ကျွန်မရည်ရွယ်ထားသော ပန်းကြွေကောက်သူမှာ တစ်ယောက်ထဲသာ ဖြစ်သည်