Ep -1

280 13 1
                                    


ပုဂံမြို့ရဲ့ လှပခန့်ညားတဲ့ ရှုခင်းတွေကို ကြည့်နေရင်းနဲ့ လေပြေတယောက် မကြာခင် ဒီနေရာကို စွန့်ခွာရတော့မှာမို့လို့ ၀မ်းနည်းစွာနဲ့ရပ်ကြည့်နေခဲ့တယ် ။ မြန်မာလူမျိုးစစ်စစ်တယောက်မဟုတ်ပေမယ့် ၂နှစ်သမီးဘ၀ထဲက ဒီနေရာမှာ သူကြီးပြင်းလာခဲ့တဲ့အတွက် ဒီနေရာလေးကို သူမြတ်နိုးတွယ်တာနေခြင်း ဖြစ်တယ် ။

'လေပြေလေးရေ...ကားအဆင်သင့်ဖြစ်နေပြီ သမီးရဲ့...လေယာဉ်ချိန်နောက်ကျနေဦးမယ်... မြန်မြန်သွားကြရအောင် '
မေမေ ဒေါ်မေမီသော်ရဲ့ အသံကြောင့် လေပြေတယောက် ကားရပ်စောင့်နေတဲ့နေရာသို့ မဆိုင်းမတွ ထွက်ခွာသွားခဲ့တယ် ။

ကားပေါ်တက်ထိုင်ပြီး ကားရှေ့ခန်းမှာထိုင်နေတဲ့ လေပြေရဲ့ ဖေဖေ Kim Hyun Soo ကတော့ သူ့သမီးလေးကို ရီပြပြီးပြောလိုက်တယ် ။
'ဘာမှ စိတ်မပူပါနဲ့ သမီးရဲ့....ရန်ကုန်ရောက်ရင် ဖေဖေ့လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းမှာလဲ သားလေးတယောက်ရှိပါတယ်...သူဆို မြန်မာလိုလုံးဝတောင်တက်တာမဟုတ်ဖူး...အဖေကော အမေကော ကိုးရီးယားတွေဆိုတော့လေ....သူတို့မိသားစုက အခုမှ ရန်ကုန်မှာ အခြေချဖို့ပြောင်းလာတာ သူ့သားလေးကို သမီးနဲ့ကျောင်းတူတူထားပေးမလို့လေ...အဖော်ရအောင်လို့....'

ဒီနေရာမှာ လေပြေကိုယ့်ကိုကိုယ် မိတ်ဆက်ပေးဖို့မေ့နေတယ် ။ နာမည်အရင်းက နှင်းလေပြေသော်။

မေမေက ဒေါ်မေမီသော် ။ မေမေက ကိုးရီးယားမှာ ကျောင်းပြီးပြီးတော့ ကိုးရီးယားလူမျိုးတယောက်ဖြစ်တဲ့ ဖေဖေ့ရဲ့ ကုမ္ဗဏီမှာ အလုပ်ဝင်လုပ်ရင်းနဲ့ ဖေဖေနဲ့ စတင်တွေ့ဆုံခဲ့ပြီး လက်ထပ်ခဲ့ကြတယ် ။ဖေဖေက သူ့ဟိုတယ်လုပ်ငန်းတွေကို ချဲ့ထွင်ရင်းနဲ့ မေမေရဲ့ မိခင်နိုင်ငံဖြစ်တဲ့ မြန်မာပြည်မှာပါ သူ့လုပ်ငန်းကို အခြေစိုက်လုပ်ကိုင်ခဲ့တယ် ။ ဖေဖေက စီးပွားရေးလုပ်ငန်းအကွက်မြင်တဲ့သူပီပီ မြန်မာနိုင်ငံရဲ့ အထင်ကရ tourist attraction မြို့ဖြစ်တဲ့ ပုဂံမြို့မှာ အကြီးဆုံးဟိုတယ်တခုကို တည်ဆောက်ပြီး လုပ်ငန်းချဲ့ထွင်နေရင်းကနေ လေပြေရဲ့ ပညာရေးအတွက် ရန်ကုန်မြို့ကို ပြောင်းခဲ့ခြင်းဖြစ်တယ်။ ရန်ကုန်မှာ လေပြေရဲ့ ပညာရေးအတွက် private school တခုမှာ english စာပါ တိုးတက်စေရေးအတွက် ကျောင်းထားဖို့ စီစဉ်ခဲ့ခြင်းဖြစ်တယ် ။

True BondWhere stories live. Discover now