Ep - 3

102 9 1
                                    


လေပြေ ရန်ကုန်ပြန်ရောက်ပြီး သိပ်မကြာဘူး ပုဂံကို ပြန်ခဲ့ရတယ် ။

နှစ်ပေါင်းများစွာကြာမှ ပြန်ရတဲ့ နေရာလေးဖြစ်တဲ့အတွက် လေပြေအရမ်းကို ပျော်ရွှင်နေခဲ့တယ် ။ ပုဂံက ဟိုတယ်မှာ အုပ်ချုပ်ဖို့ လေပြေ့ဖေဖေက တာဝန်ပေးခဲ့လို့ လေပြေ ရောက်လာရခြင်းဖြစ်တယ် ။ Managing Director ဒေါ်နှင်းလေပြေသော်တဲ့ ။ သူ့အလုပ်စားပွဲခုံက နာမည်ကိုကြည့်ပြီး လေပြေ တချက်ပြုံးလိုက်တယ် ။

'ဟုတ်တယ်...လေပြေ....ဒါ နင့်ဘ၀ပဲ....နင် ဘယ်လောက်ထွက်ပြေးပြေး ရှောင်လို့မရတာ နင်သိသင့်တယ်.... နင်ပျော်မွေ့သင့်သလောက်ပျော်မွေ့ပြီးပြီပဲလေ....အခုအချိန်မှာ လုပ်သင့်တာကိုပဲလုပ်ရတော့မှာပဲ'

ပြန်ရောက်ပြီးကတည်းက Sehun ဆီက message တွေဆိုရင်လဲ သူပြန်မပို့ပဲ စိတ်ပိုင်းဖြတ်ပြီးနေနေတယ်လေ ။

သူ့ဘာသာသူအားပေးစကားပြောပြီး laptop ကိုဖွင့်လိုက်တယ် ။ အခုချိန်ထိ မပြောင်းလဲသေးတဲ့ desktop wallpaper လေး ။ သူကိုယ်တိုင်ရိုက်ထားတဲ့ Sehun ရီနေတဲ့ပုံလေး ။ လေပြေတချက်ပြုံးလိုက်တယ် ။

'ဒါ ငါကြိုက်တဲ့ idol ပုံပဲလေ...wallpaper က မပြောင်းလဲရတာပဲမဟုတ်လား..' ပြီးတော့ သူ့ကိုယ်သူ သဘောကျပြီး ရီလိုက်တယ် ။

'Young Ah...'

Baek ၀င်လာတော့ သူ တံခါးဘက်ကိုလှည့်ကြည့်လိုက်တယ် ။ Baek က Travel & Tour အပိုင်းမှာ MD အနေနဲ့ လေပြေနဲ့တူတူ ပုဂံကိုရောက်လာခဲ့တယ် ။ အမှန်ကတော့ အိမ်က တူတူလွှတ်လိုက်တာပါ သူတို့နှစ်ယောက်ကို ။ လုပ်ငန်းတွေ တူတူအုပ်ချုပ်လို့ရအောင်ဆိုပြီးတော့ ။

'ဘတ်မ....နင် ကိုယ့်ရုံးမှာ ကိုယ်မနေပဲ ဘယ်လိုဖြစ်ပြီး ငါ့ဆီရောက်လာပြန်တာလဲ...'

'အောင်မာ...ငါက နင်တယောက်ထဲ မနေတတ်မှာစိုးလို့ အဆင်ပြေရဲ့လား ခဏ၀င်ကြည့်တာ...နင်ကြိုက်တဲ့ မုန့်တွေလဲ ၀ယ်လာရင်းနဲ့ လာကြည့်တာကို ...မစားလဲနေပေါ့...မနက်စာလဲ မစားရသေးဘူးဆို..'

'ဟယ်....ဘတ်.....(ချွဲနွဲ့တဲ့အသံနဲ့ သနားစရာရုပ်လေးလုပ်ရင်းပြောလိုက်တယ်)....ငါက စတာပါဟာ'

You've reached the end of published parts.

⏰ Last updated: Jul 01, 2016 ⏰

Add this story to your Library to get notified about new parts!

True BondWhere stories live. Discover now