ကိုယ့်အလှည့်ကျ မနွဲ့စတမ်းပေါ့ကွာ.....။
မင်းချစ်တဲ့သူတွေ အားလုံး မင်းမျက်စိရှေ့မှာ အလှည့်ကျ သေတာထက်ဆိုးတဲ့ မြင်ကွင်းတွေကို မင်းမြင်သွားစေရမယ်။
ကံကြမ္ဘာက ငါ့ကို မျက်နှာသာ ပေးလာတော့လည်း
ParkChanYeol မင်းထိုင်ငိုတော့ကွာ.....။
DoKyungSoo ဆိုတဲ့ငါ မင်းအတွက် ကံကြမ္ဘာဆိုးတွေ
ခေါ်ဆောင်လာပြီလေ...Ha Ha Ha:)ကောင်းကင်ထက်ကနေ တဖွဲဖွဲ ကျလာတဲ့ မိုးစက်၊မိုးပေါက်တွေကို ငေးကြည့်နေတုန်း......
^ ဒေါင်....ဒေါင်....ဒေါင် ^
တိုင်ကပ်နာရီက အချက်ပေးသံ ကြားသည်နှင့် လက်ထဲတွင် အဆင်သင့် ရှိနေသည့် ထီးကို ဖွင့်ချလိုက်ကာ မိုးရေထဲ ပြေးထွက်လာခဲ့သည်.....။
>> အချိန်တန်ပြီ.....။ သေဖို့ အတွက် အချိန်တန်ပြီလေ.....။
မကြာခင် လွတ်မြောက်တော့မည့် အတွေးနဲ့တင် ဝမ်းသာကြည်နူးမိသည်။ မွေးကတည်းက ဘာဆိုဘာမှ ဖြစ်ဖြစ်မြှောက်မြှောက် ထွန်းပေါက်မှု မရှိတဲ့ ကျွန်တော့်အဖို့ ဤကမ္ဘာပေါ်မှာ သေသွားခဲ့ရင်လည်း မည်သူတစ်ဦးတစ်ယောက်မှ ကျွန်တော့်အတွက် လွမ်းဆွတ်ငိုကြွေးဖို့ ရှိမည်မထင်။ သေဆုံးခြင်း သည်ဆင်းရဲ ဒုက္ခပေါင်းများစွာ ခံစားနေရသော ကျွန်တော့် အတွက်တော့ ထွက်ပေါက် တစ်ခုပင် ဖြစ်သည်။ နောက်ဆုံး ကားသွားကားလာ ရှုပ်လှသော လမ်းမကြီးပေါ်သို့ တဖြေးဖြေး လျှောက်လာခဲ့သည်။
သေရတော့မည် ဆိုသည့် အတွေးဝင်လာတော့ ခြေထောက်တွေက မသွားလို.....ဝေဖန်ပိုင်းခြား နိုင်သောစိတ်က သေဖို့အတွက် အဆင်သင့်ဖြစ်နေပြီ ဆိုသော်လည်း မသိစိတ်အချို့က ထိုအခြင်းအရာကို တားမြစ်ချင်နေသည်။ တဖြေးဖြေး သေခြင်းတရားကို ကျွန်တော် ကြောက်ရွံ့လာသည်။ နောက်ပြန်လှည့်ဖို့ ကြိုးစားစဉ်မှာဘဲ အရာရာဟာ မှောင်အတိ ကျသွားချေပြီ။●~●~●~●~●~●~●~●~●
>> ဆရာဝန် ဖုန်းဆက်လိုက်ပါ.....သမီးလေး သတိရလာပြီ:)
အိပ်ခန်းလေး အတွင်း လူအများ ရှုပ်ရှက်စွာ သွားလာနေကြသည်.....။
မျှော်လင့်ချက် ကင်းမဲ့နေသော သူတို့အဖို့ ရောင်စဉ်တန်း ညိုပြပြလေး တိုးဝင်လာတာသော ဒီနေ့သည် သူတို့အတွက်တော့ ပျှော်ရွှင်မဆုံး ဖြစ်နေကြသည်.....။ သူတို့စောင့်မျှော်နေသော ဘဝအလင်းရောင်လေး ပြန်လည် လင်းထိန်လာသော နေ့ဆိုလည်း မမှားပေ.....။
ESTÁS LEYENDO
~VindictiveNess~
RomancePark Chan Yeol Do Kyung Soo HoMo FanFic.... ✌ExO FanFiction✌ By::::Chan_Soo_Candy