Love Me Like You Do
ဒီနေ့တော့ Kyung Soo တို့ရဲ့ စံအိမ်တော်ကြီးထဲ လူပေါင်း များစွာ နဲ့ အလုပ်တွေရှုပ်နေကြသည်..ဒီကနေ့ ဟာ Lee အိမ်တော်နဲ့ သူတို့ D.O. အိမ်တော် နှစ်ခု ရဲ့ ရွှေလမ်း ငွေလမ်း ဖောက်မယ့် နေ့
Kyung Soo သူ့ကိုယ်သူ ကြည့်ရင်း ကျေနပ်နေမိသည် အနီရဲရဲ မင်္ဂလာ ၀တ်စုံဟာ သူနဲ့ လိုက်ဖက် တယ် လို့ သူ ထင်သည်......စစ်သူကြီး ရဲ့ သား တစ်ယောက် ဖြစ်တာမို့ ကိုယ်ပေါ်မှာ ဆင်မြန်း ထားတဲ့ အဆောင် အယောင်တွေကလည်း သူ့ ကို ပိုပြီး ခံ့ညား စေသည်
" Lee အမတ်ကြီးရဲ့ သမီးတော်က ဘယ်လို လေးပါလိမ့် "
Kyung Soo ပြုံးရင်း သူ့ဘေး နားက သူ့ရဲ့ တစ်ဉီးတည်းသော သူငယ်ချင်း လေး ကို မေးလိုက်မိသည် အဲ့တော့ Baek Hyun ကပြုံးရင်း
~ ဂုဏ်သတင်း ကတော့ မွှေးပေမယ့် မင်းလောက်တော့ ချော မှာ မဟုတ်ဘူး တကယ် ဆို မင်းက မိန်းကလေး ဖြစ်သင့်တာအဲ့လို သာဆိုရင်တော့ ငါမင်းကို ကြင်ယာတော် မြှောက်မှာ
အမေး တစ်ခြား အဖြေ တစ်ခြား ပြောတဲ့ Baek Hyun ကြောင့် Kyung Soo မနာအောင် အသာ ထုလိုက်ရင်း
~ မင်းဘဲ စကား တတ်
~~~~~~×××××~~~~~
မင်္ဂလာ အချိန် ကျရောက်ပြီမို့ သတို့သားလောင်း Kyung Soo အား စင်ပေါ်သို့ ကြွမြန်းရန် ဖိတ်ခေါ် ပါသည်
အပြင်ဘက်က အသံတွေကြောင့် Kyung Soo ထိုင်နေရာကနေ အသာ ထရင်း မင်္ဂလာ စင်မြင့် ထက်သို့ လှမ်းလာခဲ့သည်
သူ့ ကို ပြုံးကြည့် နေတဲ့ သူ့ ခမည်းတော်ကို ပြန်ပြုံး ပြရင်း သူ့ ခြေလှမ်းတွေကလည်း စင်မြင့် ထက်သို့
^^ အခု ချက်ချင်း သစ္စာဖောက်တွေကို ဖမ်းစမ်း ^^
အယောက် ၁၀၀ လောက် ရှိတဲ့ ရဲမက်တွေဟာ သူတို့ ရဲ့ လှပတဲ့ မင်္ဂလာ အခမ်း အနား ထဲရောက်လာ ကာ ဖျက်ဆီးမှု့တွေ လုပ်ဆောင်ပြီး Kyung Soo ရဲ့ ဖခင် ကို ကြိုးနဲ့ တုပ်လိုက်တာကြောင့် Kyung Soo စင်ပေါ် ကနေ ပြေးဆင်း လာခဲ့သည်
YOU ARE READING
Love Me Like You Do
FanfictionKaiSoo Yaoi Angst Romance Cover Picture :ExoL Thaeei Toun