Love Me Like You Do
" သခင်လေး သခင်လေး ဒီနေ့ သခင်ကြီး ပြန်လာမယ်လို့ သတင်း ကြားထားပါတယ် "
အထိန်းတော်ကြီးဆီကနေ သူမမျှော်လင့်ထားတဲ့ သတင်း တစ်ခု ကြားလိုက်ရတော့ Kyung Soo တစ်ယောက် ၀မ်းသာ အားရနဲ့ ထရပ်လိုက်သည် ဖတ်လတ်စ စာအုပ်ကို ပိတ်ရင်း ၀တ်ရုံလေး မကာ အခန်းတံခါး ကို ဖွင့်လိုက်တော့
အပြင်ဘက်မှာ ရပ်နေတဲ့ သူ့ရဲ့  အထိန်းတော်ကြီး ကို တွေ့ရလေသည်
~ စစ်ပွဲရော နိုင်တယ် လို့ သတင်း ရတယ်မဟုတ်လား
Kyung Soo မေးလိုက်တော့အထိန်းတော်ကြီးက ပြုံးရင်း
~ သခင်ကြီး ရဲ့ ရာဇ၀င်မှာ ဘယ်တုန်း ကမှ စစ်မရှုံး ခဲ့ဘူး ပါဘူး
အထိန်းတော်ကြီးရဲ့ အဖြေကြောင့် ဒီတစ်ခါ ပြုံးမိသွားတဲ့ သူက Kyung Soo
~ အင်း ဒီနေ့ ခမည်းတော် ပြန်လာတဲ့ အထိမ်း အမှတ် အနေနဲ့ ဟင်းလျာတွေကို အကောင်းဆုံး ပြင်ဆင်ထား ကြမယ် အကုန် လုံးကို ပြောထား လိုက်တော့ ......ကျွန်တော်လည်း အသီး တန်းဘက်ခန သွားပြီး ပြန်လာ ခဲ့မယ်
Kyung Soo ပြောရင်း ထွက်လာခဲ့သည် သူ့ ခမည်းတော် နဲ့ သူ မတွေ့တာ ၆ လလောက်တောင် ရှိနေပြီ ခမည်းတော်က တိုင်းပြည်ရဲ့ အားအထား ရဆုံး စစ်သူကြီး ဖြစ်တာမို့ တစ်ချိန်လုံး စစ်တိုက်ထွက်နေရတဲ့ အချိန်က များလှသည် သူကတော့ ခမည်းတော်လို စစ်တွေ ဘာတွေကို စိတ်မ၀င်စားဘဲ အေးအေးဆေးဆေး စာပေကိုသာ သင်ကြားချင်တဲ့ သူတစ်ယောက်
မွေးချင်း မောင်နှမ လည်း မရှိဘဲ အဖေ တစ်ခု သားတစ်ခု သာ ရှိတာမို့ သူ့ ဖခင်ကို သူ အ ချစ်ဆုံးပင်......
~~~~~××××××~~~~~~
" မင်းသားလေး မင်းသား လေး ဒီလို လုပ်လို့ မရပါဘူး "
နန်းတော် ရဲ့ အုတ်တံတိုင်း တွေကို ကျော်ဆင်းဖို လုပ်နေတဲ့ Jongin မင်းသား လေးနောက်မှာ အထိန်းတော်တွေ အယောက် ၂၀ လောက်က မျက်နှာ မသာ မယာ နဲ့ စိုးရိမ်နေကြလေသည်