" ဟေ့ ရောင် yeol မင်း ဒီကားကိုလက်ခံလိုက်ပါလား .... ဒီဇာတ်ရုပ်နဲ့မင်းနဲ့လိုက်တယ် ...."
sehun ကသာ တက်ကြွစွာပြောနေတာ Chanyeol ကတော့ စီးကရက်သောက်မပျက် ... coffee ဆိုင်ထဲကနေလှမ်းမြင်နေရသော ရေကူးကန်ထဲက မိန်းကလေးတွေကို မျက်လုံးမ
အစာကျွေးနေသည်။" Yeol .. မင်းရိုက်မှာလား .... "
" ဘာလုပ်မှာလဲကွာ .. ငါမှစိတ်မဝင်စားတာ "
" ဒါဆို မင်း .... ဘာကိုဝင်စားတာလဲ "
" ကောင်မလေးတွေ .."
ရွဲ့မေးတာကို တကယ်ရွဲ့ဖြေသည်။မျက်လုံးတွေကိုလည်းအမှန်အကန်မခွာဘဲနေသည်။sehun စိတ်ပေါက်လာကာ စားပွဲမှာထောက်ထားသည့်လက်ကို မညှာမတာ ရိုက်ချလိုက်သည်။ ဒီလိုလုပ်မှာကိုကြိုသိထားသလိုမျက်နာနှင့် ရှောင်လိုက်သောကြောင့် သူ့မှာလေကိုသာရိုက်မိသွားသည်။
" sehun ... မင်း ဘာဖြစ်နေတာလဲ .."
" ငါမင်းကို မင်းသားဖြစ်စေချင်တာ ... မင်းကို ဒါရိုက်တာတွေကြိုက်နေကြတာကို ...."
အစကတည်းကနာမည်ကြီးနေပီဖြစ်သောကြောင့် သူငယ်ချင်းတစ်ယောက်အကူအညီတောင်းမှုကြောင့် MTV တစ်ပုဒ်တွင် ဝင်သရုပ်ဆောင်ပေးလိုက်ရာ ဒါရိုက်တာအချို့ ကသဘောကျပြီးလာကမ်းလှမ်းကြသည်ကို အနှီကိုယ်တော်က တုတ်တုတ်မလှုပ်ပဲ အိနြေ္ဒတောင်မပျက်ပေ ..... ကြာတော့ တွန်းအားပေးသည့် sehun ပင်သူ့စကားတစ်ခွန်းကြောင့် လက်လျှော့ လိုက်လေသည် ... ကြည့်ဦး ပြောပုံက ..
" NO ပဲ ဟေ့ရောင် ... ငါက စိတ်မပါရင် သက်ပြင်းတောင်မချဘူး ... "
အဲ့လိုအပြတ်အသတ်ပြောချပလိုက်သည်။ လောကကြီးကလည်း .... တယ်......
်ထူးဆန်းသည် ... မလိုချင်တဲ့သူကြတော့ပေးလိုက်တာ ...လိုချင်တဲ့သူတွေကျတော့ လိုချင်လေ မရလေ လိုက်လေဝေးလေ ....သူတွေးနေတုန်း Chanyeol ဆီမှ ဖုန်းသံကြားလိုက်ရသည်။ သူကြည့်လိုက်တော့ Chanyeol က ဖြေနေလေပြီ ....
Chanyeol ph no ကြည့်လိုက်တော့ အိမ်ကဖုန်းပဲ ခါတိုင်းဆို သူ့ဆီဆက်လေ့ဆက်ထမရှိပါဘူး .. omma ကလည်း နေကောင်းတာသိပ်မကြာသေးတော့ တစ် ခုခုများလားဆိုပြီး ဖုန်းကို ကိုင်လိုက်တော့ ..