Part(6)

1.8K 149 1
                                    

Zawgyi

ဒီလိုနဲ့စိမ်းစိမ်းကားကားနေလာရင်း...တစ်နေ့တော့Hunရဲ့နှလုံးသားလေးကအရင်ဆုံးနိုးထလာပါတော့တယ်။ ဒီနေ့မှာပေါ့။ Luအိမ်မှာ စာအုပ်စင်အမြင့်ကြီးရှိတယ်လေ။Hunတစ် ယောက်တည်းဆိုတော့ဒီစာအုပ်စင်ကြီးကိုပဲအ ဖော်ပြုနေရတာပေါ့။Hunဖတ်ချင်တဲ့စာအုပ်က စင်ရဲ့အပေါ်ဆုံးထပ်ရောက်နေတော့လှေကား နဲ့တက်ယူတယ်။ခါတိုင်းလည်းတက်နေကျပါ။ဒါ ပေမယ့်ဒီနေ့တော့စာအုပ်ယူရင်းသတိလွတ်ပြီး ခြေချော်ကျပါရော။
Hun pov*ငါတော့သေပြီ*
ဆိုပြီမျက်လုံးစုံမိတ်ထားလိုက်ပါတော့တယ်။ဖြစ်ချင်တော့Luကလည်းစာအုပ်စင်ဘက်ကိုလို တဲ့စာအုပ်ရှိလို့လာအယူချော်ကျ သွားတဲ့Hun ကိုမြင်တော့အချိန်မီလှမ်းဖမ်းလိုက်တယ်။Lu ရင်ခွင်ထဲကိုHunပုံလျက်သားလေးကျ သွားတယ်။မှိတ်ထားတဲ့မျက်စိကိုဖွင့်ကြည့်လိုက်တော့-
Hunကိုအပေါ်ကမိုးပြီးကြည့်နေတဲ့သူ...ယောကျာ်းတန်မဲ့ချောနိုင်လိုက်တာ...မျက်လုံးတွေက ဝိုင်းစက်နေတယ်။မျက်နှာကအပြစ်ကင်းပြီးချော မွေ့ဖြူ ဝင်းနေတယ်။နတ်သားလေးများလား...
Hun pov*ရှင်ရယ်...ကျွန်မကိုဘာ လို့အဲလောက်ဆွဲဆောင်နိုင်ရတာလဲ...ကျွန်မ အိပ်မက်များမက်နေတာလား...ရှင်ရင်ခွင်ထဲမှာ ရောက်နေပြီးရှင့်မျက်နှာကိုနီးနီးကပ်ကပ်မြင်နေ ရတာကျွန်မကံကောင်းတာလား၊ကံဆိုးတာ လား။*
Lu-"Hun...Hun..."
Hun-"ရှင်..."
Lu-"မင်းအဆင်ပြေလား။"
Hun-"ပြေပါတယ်။ကျေးဇူးတင်..."
Lu-"ငါသွားတော့မယ်။"
ဟုဆိုကာစာအုပ်ကိုယူ၍ထွက်သွားလေသည်။ ရင်ခုန်သံများနှင့်ကျန်ခဲ့သူမှာHun...
Hun pov*ငါရူးသွားပြီလား။ငါတကယ်ချစ်မိ သွားပြီ။သူကတော့စိမ်းကားလိုက်တာနော်။ ကောင်းပါတယ်။သူပြန်မချစ်မှဖြစ်မှာ။မဟုတ်ရင် ငါ့ကြောင့်သူသေရလိမ့်မယ်။*
အဲဒီနေ့ကစလို့Luကိုတွေ့တိုင်းHunပျော်သည်။ Luကိုမြင်နေရရင်စားဖို့သောက်ဖို့ကိုမေ့လို့။သူ့ နှလုံးသားတစ်ခုလုံးကိုLuဆီသာပုံအပ်ထားမိ သည်။LuကိုHunမတွေ့ရလျှင်မနေနိုင်အောင် ချစ်မိသွားတော့သည်။ထိုသို့အချစ်တွေနက်ရှိုင်း လာသောအခါLuနှလုံးသားကိုHunပိုင်ဆိုင်ချင် လာမိသည်။သူချစ်ဖို့မဖြစ်နိုင်ဆိုတာကိုပြန်တွေး ကြည့်တော့ရူးမတတ်ခံစားရသည်။သူတစ် ယောက်တည်းရူးတော့မတတ်ပင်။သို့သော်Lu ကတော့ဘာမှလည်းမသိ၊Hunကိုလည်းတစ် စက်မျှပင်အာရုံမရှိပါ။Hunစိတ်ထဲတွင်ဝေဒနာ တွေစုလာသောအခါစိတ်ဖိစီးမှုကြောင့်တစ်နေ့ တခြားပိန်လာပါတော့သည်။Hunကိုသတိပြုမိ သူမှာBaek...။
Baek-"Hun...Hunဘာတွေဖြစ်နေတာလဲဟင်။ တစ်နေ့တခြားပိန်လာတယ်နော်။စိတ်ဖိစီးမှု တွေများနေတဲ့ပုံပဲ။"
Hun-"ဒီလိုပါပဲ။"
Baek-"Luhanကြောင့်လား။"
Hun-------
Baek-"ဟုတ်တယ်မလား။"
ထိုသို့မေးရင်းဖြင့်BaekကိုHunခံစားနေရသမျှကိုရင်ဖွင့်မိတော့သည်။
Baek-"ဘာမှမဖြစ်ပါဘူးHunရယ်...Hunအခြေ အနေနဲ့ကမဖြစ်နိုင်ဘူးဆိုတာကိုတော့တွေး ထားပါ။သူ့ကိုချစ်တယ်ဆိုရင်တော့အနစ်နာခံ ပေးဆပ်ရမှာပဲမလား။ကြာလာရင်နေသားကျ သွားမှာပါ။"
Hun-"ဟုတ်ကဲ့ပါ။"
ထိုနေ့မှစ၍အေးစက်မှုနှင့်နေသားကျအောင် Hunကြိုးစားသည်။Lu၏အကြည့်စိမ်းများ၊ဂရု မစိုက်သောအပြုအမူများကိုနေသားကျအောင် ကြိုးစားသည်။နွေးထွေးမှုမရှိသောသူမ၏အချစ် ခရီးလမ်းလေးကိုသူမ၏တစ်ဖက်သတ်အချစ်တို့ ဖြင့်သာနွေးထွေးအောင်ကြိုးစားသည်။သို့သော် Luဆီမှမျှော်လင့်မိနေသောစိတ်တို့ကပျောက်မသွားပါ။Hunဘဝကမဖြစ်နိုင်တဲ့အရာကိုမျှော် လင့်မိသလိုပါပဲ......
×××××××××××××××××××××××××
မကောင်းရင်လည်းပြောကြပါနော်။ကျော်ကသိပ်မရေးတတ်သေးလို့ပါ။ကျော့်ficလေးကိုအချိန်ပေးဖတ်လို့အရမ်းကျေးဇူတင်ပါတယ်။
Thanks for reading....
Thanks for vote....
Heehee....ပျော်တာ...authorဂေါက်ပြီ။
နောက်တစ်ပိုင်းကိုရှည်ရှည်လေuးpပေးပါမယ်။

အသက်မဲ့နေသောနှလုံးသား(Completed)Donde viven las historias. Descúbrelo ahora