5 နှစ်ကစလို့ တဖြည်းဖြည်းကြီးလာလိုက်တဲ့ အသက်တွေ တက်ခဲ့ရတဲ့ အတန်းတွေ ခုတော့ အထက်တန်းတောင် ရောက်ပြီ
ကျွန်တော်လား ကြွားတာတော့မဟုတ်ပါဘူး ဒါပေမယ့်လေ တော်တော်ချောလာတာဗျ စာကလည်းတော် ကောင်မလေးတွေလည်း ကြွေကြတာပေါ့ဗျ
ဒါပေမယ့် ကျွန်တော့်အကြောင်းပြောရင် မဖြစ်မနေ ပြောရမယ့် တစ်ယောက်ရှိတယ် ကျွန်တော့် ငယ်သူငယ်ချင်းကြီးပေါ့ဗျာ ရုပ်ကတော့ဗျာ ခုနောက်ပိုင်း တော်တော်ချောလာတယ် ပြောလို့ရတယ် ကျွန်တော့်လောက်တော့ မဟုတ်ဘူးပေါ့
ကောင်မလေးတွေကျတော့လည်း တစ်ယောက်ပြီး တစ်ယောက်ဘဲ တွဲလိုက်ရင်လည်း Queen တွေ princesses တွေချည်းဘဲ ဒါမဲ့လည်း သူ့မှာ ကြာရှည် RS ရယ်လို့ မရှိပါဘူး ပြတ်ပြတ်သွားတာချည်းဘဲ
သူ့အတွက်သင့်တော်မယ့်သူ မပေါ်လာသေးလို့ ဖြစ်မှာပါတစ်နေ့ အတန်းထဲကို သူနောက်ကျမှ ရောက်လာတယ် ဆရာကလည်း ဆူတာပေါ့
ကျွန်တော်လည်း ရှေ့ကဆရာစာသင်နေတုန်း စာရွက်လိပ်လေးထိုးပေးပြီး "ဘာလို့ နောက်ကျနေတာလဲ"လို့မေးလိုက်တယ် သူက "ငါ့ကောင်မလေးကို လိုက်ပို့နေလို့ဟ"
"ဟင် မင်းက ဘယ်တုန်းက နောက်တစ်ယောက်ထပ်ရသွားတာတုန်း" "သိပ်မကြာသေးဘူး"ရုတ်တရက် "ဝုန်း"ကနဲ စာသင်ခုံပေါ် စာအုပ်အထူကြီး ရောက်လာတော့ ကြောင်ပြီး ကြည့်လိုက်တော့ ဆရာ
"ဟီး" သူရော ကျွန်တော်ရော သွားဖြီးပြလိုက်တယ်
နောက်ဆုံးတော့ အတန်းအပြင်ထွက် ဒူးထောက်နေရတာပေါ့
ဒါနဲ့နေ့လည်ထမင်းစားချိန်ရောက်တော့ ထမင်းအတူစားနေတုန်း
"ကဲ ပြောစမ်းပါဦး ဒီတစ်ခါ ဘယ်လောက်ကြာမှာတုန်း မင်း RS က"
"တော်တော်ကြာမယ်"
"ဒီတစ်ခါ တကယ်ကြွေသွားပြီပေါ့"