ကျွန်တော်တို့နှစ်ယောက်ရဲ့ အထက်တန်းကျောင်းသားဘဝက သူ့နားမှာ ကျွန်တော် ကျွန်တော့်နားမှာ သူ ဒီလိုပုံစံမျိုးနဲ့ ပြီးဆုံးခဲ့တယ်
တက္ကသိုလ်ရောက်လာတော့ သူက စီးပွားရေးဘာသာ ကျွန်တော်က အနုပညာဘာသာ မတူညီတဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွေမှာနေရင်း ကျွန်တော်တို့နှစ်ယောက် အတူတူရှိနေခဲ့တယ်
အချိန်များများမတွေ့ရတဲ့ ကျွန်တော်တို့နှစ်ယောက်ဟာ တွေ့တဲ့ အချိန်လေးမှာ သူ့အကြောင်း ကိုယ့်အကြောင်းပြောရင်း ကုန်ဆုံးခဲ့တယ် ဒါပေမယ့် အချစ်ဆုံးသူငယ်ချင်းတွေဟာ တစ်ခါတစ်လေကျတော့လည်း အချစ်လျော့လာတာမျိုးတွေရှိတတ်တယ်
ကျွန်တော်တို့နှစ်ယောက် ဒီလိုနေရင်းနဲ့ဘဲ သံယောဇဉ်တွေ နည်းလာကြတယ် ဒါကို သူလည်း သတိထားမိတယ်ထင်ပါတယ် တစ်နေ့တော့ သူကပြောတယ် နှစ်ယောက်တည်းဘဲ ရှိနိုင်မယ့်ခရီးမျိုး သွားရအောင်တဲ့ ကျွန်တော် ခေါင်းညိတ်ခဲ့တယ်
ဒါပေမယ့် အခြေအနေက မပေးဘူး အလုပ်တွေရှုပ်နေကြတဲ့ ကျွန်တော်တို့နှစ်ယောက်က ကိုယ့်ကိုယ့်ကိုတောင် အချိန်မပေးနိုင်ခဲ့ဘူး
"Suho အိမ်မှာရှိလား အန်တီ"
"အင်း ရှိတယ် သား ဝင်သွားလိုက်"
သူရောက်လာတဲ့အချိန်မှာ ကျွန်တော်က ကျောင်းက ပြဇာတ်အတွက် လေ့ကျင့်နေတာ
"Wow မင်းအရမ်းကြိုးစားတာဘဲနော်"
Zhang Yixing မင်း ဘယ်တုန်းက ရောက်လာတာလဲ""ခုနလေးတင်က ဒါနဲ့ မေးစရာတစ်ခုရှိတယ်"
"အင်း ပြော"
"ငါပြောချင်တာကကွာ ခု ကျောင်းပိတ်ရက်တွေရောက်တော့မယ် အဲတော့ အဲကျောင်းပိတ်ရက်တွေအတွက် ဘာအစီအစဉ်တွေရှိလဲ"
"အင်း ခုထိတော့ ငါ့မှာ ဘာမှမရှိသေးဘူး"
"ဒါဆို ငါတို့ ခရီးသွားရအောင်"