သူ

1K 127 5
                                    

မီးရောင်စုံကြားကbarတခုတွင်

ကျွန်မရှင့်ကိုကြိုက်တယ်

ငါ့မှာပိုင်ရှင်ရှိတယ်

ရတယ်!ကိစ္စမရှိဖူး ကျွန်မကရှင်ဆိုတဲ့Kris Wu
ကိုပဲပက်သက်ချင်တာ

ငါသူ့ကိုအရမ်းချစ်တယ်…ငါသူ့ကိုသစ္စာမဖောက်ချင်ဖူး !!

အပိုတေပါရှင်…အနဲဆုံးရှင်ဒီကိုလာထဲကသူ့စီက
ရတဲ့stressကိုဖြေချင်လို့မလား နောက်ပီးအသက်
ကြီးလာတော့ပျက်စီးလာတဲ့သူ့အလှတရားကြောင့်သူနဲ့တွဲမသွားချင်တော့ဘူးမလား?

Krisဆေးလိပ်ကိုတချက်ဖွာလိုက်ပီး

ဟက်ခ် မင်းငါ့ကိုဘာလို့ကြိုက်တာလဲ ??

ရှင်လား??ရှင်ကတည်ကြည်တယ်ခန့်ညားတယ်
အရာရာကိုဦးဆောင်နိုင်မဲ့လူမျိုး အားကိုးရမဲ့လူမျိုး
နောက်ပီး ပိုက်ဆံလည်းချမ်းသာတယ် ကျွန်မတွေ့ဖူးတဲ့ယောကျာ်းလေးတေနဲ့မတူတာတော့အမှန်ပဲ …

ဟက်ခ်  မင်းကိုတခုတော့သိထားစေချင်တယ်
ငါလဲတချိန်ကမင်းတွေ့ဖူးတဲ့ယောကျာ်းလေးမျိုးထဲကပဲ…အလုပ်အကိုင်မရှိတစ်ရာ့ကိုးတရာ့တဆယ် လောကရီးကိုအရှုံးပေးထားတဲ့ ရည်မှန်းချက်မရှိ ပန်းတိုင်မဲ့ပီး သုံးစားမရတဲ့လူတယောက် 

ရှင်ပြောချင်တာကသူ့ကြောင့်ပြောင်းလဲလာတဲ့
သဘောလား??

အင်း!.…ဟုတ်တယ် သူကြောင့်ငါ့ဘဝရီးက အမှောင်ထဲကထိုးထွက်ပီး ရည်မှန်းချက်ဆိုတာမျိုး
မွေးဖွားလာခဲ့တာ…ဘဝပန်းတိုင်ဆိုတာမျိုးကိုလဲ
သူပဲလမ်းပြပေးခဲ့တာ…ငါကြိုးစားမှုတေအောင်မြင်လာတဲ့ တနေ့ငါသူ့ကိုလက်ထပ်ခဲ့တယ် …
အစပိုင်းမှာအိမ်ထောင်ဦးပစ္စည်းတစိုးတစိမရှိပဲငါတို့နှစ်ယောက်စတင်ခဲ့ရတာ…လက်ထပ်ပီး
တစ်နှစ်ခွဲနေမှငါသူ့ကိုစိန်လက်စွပ်လေးတကွင်း
လုပ်ပေးနိုင်ခဲ့တာ ဒါတောင်သူမသိအောင်စုပီး
ဝယ်လို့ မဟုတ်ရင်သူကငြင်းအုံးမှာ !.

Krisဆေးလိပ်ပြာကိုတချက်ခါသည်ထိထိုမိန်းခလေးစကားဖြတ်မပြောပေ

တခါတလေ စိတ်ဓာတ်ကျပီးအရက်ရဲ့ကျေးကျွန်
ဖစ်မိတဲ့ငါ့ကိုဆုံးမသွင်သင်ခဲ့တာလဲသူပဲ…
အလုပ်ပင်ပန်းပီးအပြင်းဖျားတော့ဆောင်းတွင်း
ခိုက်ခိုက်တုန်ညရီးထပီးငါ့အတွက်ဆန်ပြုတ်လုပ်ပေးခဲ့တဲ့သူ…အဲ့အရသာကိုငါခုထိမမေ့ဖူး …

သူကချောလား ??

အင်းးချောတယ်ဆိုတာထက်တည်ငြိမ်ပီးချစ်ဖို့ကောင်းတာ…သူ့ရဲ့နားကားကားလေးကထက်မြက်မှုကိုဖော်ပြနေသလို!သူ့မျက်လုံးဝိုင်းဝိုင်းလေးတေကပကတိအေးချမ်းမှုကိုဆောင်ထားတယ်လေ…သူ့အပြုံးတေကလည်း ဟိုး…မိုးပေါ်က စန္ဒာလမင်းရီးတောင်အရှုံးပေးရလောက်တဲ့အထိ
အေးမြတယ်

ရှင်ပြောပြလို့ကျွန်မသဘောပေါက်သွားပါပီ
တချိန်မှာကျွန်မသူ့လိုဖစ်အောင်ကြိုးစားမယ်
သူ့ထက်သာမယ်လို့ယုံကြည်တယ်

မှန်ပါတယ် မင်းအတွက်ယောကျာ်းကောင်း
တယောက်ဆိုတာရှိလာမှာပါ မိုးချုပ်နေပီ မပြန်သေးဘူးလား လိုက်ပို့ပေးရမလား ??

နေပါစေ ကျွန်မဘာသာပြန်ပါ့မယ် ရှင်လည်းသူ
စောင့်နေလောက်ရောပေါ့ မြန်မြန်ပြန်ပါ

မီးရောင်စုံကြားမှKrisပျောက်ကွယ်သွားသည်ကို
ထိုစားပွဲမှမိန်းခလေးငေးကြည့်နေမိသည်။

အိမ်ပြန်ရောက်တော့အလင်းဖျော့ဖျော့လေးသာ
ရှိသောအခန်းထဲသို့ဝင်လိုက်သည်။

Yeol ကိုယ်အိမ်ပြန်တာနောက်မကျပါဘူးနော်
ဒီကောင်မလေးနဲ့ဆို6ယောက်မြောက်ရှိပီ
ကလေးကိုယ့်ကိုတော်အောင်လမ်းပြသင်ပြပေး
ခဲ့လို့ကိုယ်လူတော်တယောက်ဖစ်လာခဲ့ပီး ကိုယ့်ကိုကြိုက်တဲ့လူတေလဲအများကြီးပဲ Yeol
တော်ကြာ…ကိုယ်စိတ်ပြောင်းသွားနိုင်တယ်နော်
ဘာလို့ကိုယ့်ကိုတော်အောင်ကောင်းအောင်သင်ပေးပီး ကလေးကဘာလို့အရင်ထွက်သွားရတာ
လဲကွာ…ကိုယ့်မှာတယောက်ထဲကျန်ခဲ့ရတာ
ဘယ်လောက်အထီးကျန်ဆန်လိုက်လဲကွာ

သူမျက်ရည်မကျအောင်ထိန်းရင်းစကားတေဆိုနေရင်းမှမျက်ရည်များမထိန်းနိုင်ဘဲ သူ့လက်ထဲက
ဓာတ်ပုံဘောင်လေးပေါ်လိမ့်ဆင်းသွားသည်။
အခန်းထဲရှိအလင်းပျပျအောက်မှဓာတ်ပုံထဲမှကောင်လေးကတော့ပါးချိုင့်လေးများ
ပေါ်သည်အထိ ဖြူစင်စွာပြုံးလျက်~~~

    ***********သူ***********

Plz left vote & cmt
fic တေupမယ်ဆိုပီး
one shotလေးရေးချင်လာလို့
အားပေးပါအုံးနော်

သူWhere stories live. Discover now