Race with him

881 88 15
                                    

မျက်​စိ​ရှေ့မှာ ချထားတဲ့ စာအုပ်​ကိုကြည့်​​နေ​ပေမယ့်​ သူ့အ​တွေးထဲ စာဟု မဆိုထား သ​င်္ကေ တစ်​လုံးပင်​မရှိ​ချေ။ စာမျက်​နှာ​တွေက TV ဖန်​သားပြင်​သဖွယ်​ Hyun ပုံရိပ်​​တွေ ထင်​ဟပ်​လျက်​။

သူ့လက်​ကို ဆွဲဖြုတ်​လိုက်​ကာ မျက်​နှာကို စူးစူးစိုက်​စိုက်​ကြည့်​ပြီး

''Sorry Yeol. ဒီ​နေ့ည သူငှါးထားပီးသား မင်းတကယ်​လို့လိုချင်​ရင်​ ​နောက်​တခါကြို​ပြော​ပေါ့ကွာ မင်းရဲ့ ​မေ့​လျော့မှုကို အပြစ်​တင်​လိုက်​​ပေါ့''

အပြစ်​တင်​တဲ့ Hyun နဲ့အတူ ​လှောင်​ပြုံးပြုံး​နေတဲ့ Sehun ပုံရိပ်​တို့မှာ မျက်​စိ​ရှေ့မှပင်​မထွက်​​​တော့​ချေ။

###

''ကဲကဲ ... ကိုယ်​​လေ့လာရမယ့်​ အမှုတွဲ​တွေကို မဲနှိုက်​ရမ်ျ​။ ၆​ယောက်​တစ်​ဖွဲ့စီ။ တရားလိုနဲ့ တရားခံ ။ အမှုတစ်​မှုကို နှစ်​ဖွဲ့စီ။ အဖွဲဖွဲ့ပီးရင်​ စာရင်းလာ​ပေးကြ​ပါ ဒီ​နေ့​တော့ ဒီ​လောက်​ပဲ​ပေါ့ကွာ''

Sri. Kris ထွက်​သွားတဲ့​နောက်​မှာ​တော့ ​ကျောင်းသား​တွေ အ​ပြေးအလွှားနင့်​ Sehun အနားသို့။ ဒီ​ကောင်​က Sir.Kris ရဲ့ လက်​စွဲ​တော်​မဟုတ်​လား။ သူက​တော့...

အားလုံးလိုလို ဝိုင်းအုံ​နေကြသည်​မို့ ​လေဒယ်​ဆိုတဲ့ အကြည့်​နဲ့ကြည့်​လိုက်​ကာ... အတန်းထဲက ထွက်​ဖို့ပြင်​​တော့

''​ယျောင့်​ Chan Yeol ငါမင်းအဖွဲထဲမှာ ပါမှာ​နော်​ စာရင်း​ပေးထား​ပေးအူး''

ကြည့်​လိုက်​​တော့ Lay. သူ​ပြောချင်​ရာ​ပြောကာ ပြန်​အိပ်​သွားတယ်​။ တစ်​​ယောက်​​တော့ သူ့ဘက်​မှာ ရှိ​သေးသည်​ဟု စဉ်းစားလိုက်​​ပေမယ့်​ ထို​တျောက်​ကလဲ အမြဲအိပ်​​နေတတ်​သည့်​ ကာလနဂါး(ကာလသိုးပါ...အမှန်​က) တစ်​​ကောင်​ဆို​တော့.... ဘုရားတယုံသာ။

အ​ဆောင်​ပြန်​​ရောက်​သည်​နှင့်​ ဘယ်​လိုအမှုတွဲမျိုး စိတ်​ဝင်​စားလဲ စဉ်းစား​နေမိ၏။ ဒီပွဲက ​Fresher ​တွေရဲ့ ပွဲဦးထွက်​မဟုတ်​​ပေလား။ တကယ့်​အပြင်​မှာ ရင်​ဆိုင်​​နေဆဲ အမှု​တွေကို ​ဖြေရှင်းခိုင်းသည်​မို့... ​ကျောင်းသား​တျောက်​ဘွက လက်​ခဲ လွန်း​ပေသည်​။

Can be??????Où les histoires vivent. Découvrez maintenant