Part - 1

78 7 6
                                    

Attention plz !!! The Flight you are riding will be arrived at Incheon International Airport soon

လေယာဉ်မယ်ရဲ့ အသံကြောင့် အိပ်ပျော်နေရာက ကျမနိုးလာခဲ့တယ် ခါးကောင်းကောင်းမဆန့်ခဲ့မိတော့ ခဏလောက် တောင့်တောင့်ကြီး ဖြစ်နေရင်း ရုတ်တရက် ဘေးပြတင်းပေါက်ကိုလေ့လာရင်း
'' ရောက်ပီ နောက်ဆုံးတော့ ......... ပျော်လိုက်တာ နောက်ဆုံးတော့ ငါ့လန်ဘားလေးနဲ့ ဒုတိယအကြိမ်ပြန်တွေ့ရ __
ပြောရင်း ဘေးက သူငယ်ချင်းဘက်လှည့်လိုက်တော့
မျက်တောင်တချက်မခတ် အသက်တောင်ရှူရဲ့လားမသိ ကျောက်ရုပ်ကြီးအတိုင်း ဖြစ်နေတဲ့သူမကြောင့် ကျမ ဆွံအသွားပီး
" ဟဲ့ သဲရေ နင်စိတ်လွတ်သွားပီလား သတိလေးဘာလေးထားဦး အသက်ကလေးဘာလေးရှူနော် "

ဟွန့် အဲအစုတ်ပလုပ်မ ကျမကို အဖက်တချက်မှပြန်မလုပ်ပဲ ပြုံးတုံးတုံးကြီးနဲ့ ထပီး ဆင်းဖို့ပြင်နေတယ်လေ
ကျမလဲ ကျမရဲ့လွယ်အိတ်ကို အမြန်လွယ် အနွေးထည်ခါးစီးပီး အမြန်လိုက်ထရတော့တာပေါ့ တော်ကြာ အောက်ရောက်ရင် လူကွဲသွားမှဖြင့်

ထင်တဲ့အတိုင်းပါပဲ ကျေးဇူးရှင်မက ရှေ့ကသွားနေလိုက်တာ လူကို ရှိနေတယ်တောင်မအောက်မေ့တော့
သူလဲ တော်တော်စိတ်လှုပ်ရှားနေပုံရပါတယ် အဲဒါနဲ့ ကျမလဲ ခရီးဆောင်အိတ်ရွေးပီး သူမနောက် အိတ်၂လုံးနဲ့ အမြန်ပြေးလိုက်ရရင်း တနေရာအရောက် ဒင်းက ရုတ်တရက်ရပ်ပစ်လိုက်တော့
" ...... ဒုန်း ..... "

" မေကြီးရေ ပလုပ်တုတ် ဟဲ့ ရုတ်တရက်ကြီး ဘာကိစ္စ ကောက်ရပ်ပစ်တာတုန်း "
သူမ နောက်မှ ၀င်ကျုံးခါနီး အချိန်မှီဘရိတ်အုပ်ရင်း ကို့ရို့ကားယား ဖြစ်နေတဲ့ကျမ ကို လှည့်ပီး ဖက်လိုက်ရင်း

" ပျော်လိုက်တာ နောက်ဆုံးတော့ သူခြေချနေကျ ဒီလေဆိပ်နေရာကို ငါခြေချနိုင်ခဲ့ပီ .... ငါတို့ သူတို့နဲ့ ကောင်းကင်တခုထဲ အောက်ပြန်ရောက်ပီ .... သူတို့နဲ့မတရားနီးသွားသလိုကို ခံစားရတယ်ဟာ "
feel အပြည့်နဲ့ ပြောရင်း မျက်ရည်ဝဲနေတဲ့သူမ .....

သူမကို ပြန်ဖက်လိုက်ရင်း " သဲရေ အစကတည်းက ကောင်းကင်ကြီးက တခုတည်းရှိတာပါဟ .... စိတ်ကလေးကို သည်းခံပီးထိန်း ... ခုမှစရမှာ .... လေဆိပ်ပဲရှိသေးတယ် ကျောင်းနဲ့ နေစရာအဆောင်ရော အများကြီး စုံစမ်းရဦးမယ် .... နင်အရမ်းစိတ်လှုပ်ရှားနေရင်းနဲ့ တော်ကြာအငယ်မကိုသာ တွေ့ရင် နင်တက်ပါတက်သွားမလားပဲ 😂

Prefix From A Mindless MeetDove le storie prendono vita. Scoprilo ora