" Ah.. မိုး တွေ ရွာလာပြန်တာလား "
ကျွန်တော် ပြတင်းပေါက်မှန်ကို စိတ်ရှုပ်စွာ ငေးကြည့်ရင်း သက်ပြင်းချလိုက်မိတယ် ..
"waiter .. coffee pls"
ကျွန်တော့်ကို လက်ညိုးလေးထောင်ပြီး လှမ်းခေါ်တဲ့ လူအသံကို မကြားချင်ယောင်ဆောင်ရင်း ကျွန်တော် ပြတင်းပေါက်မှန်နား ပြေးကပ်လိုက်တယ် ..
" မိုးရွာရင် အိမ်ကို ဘယ်လိုပြန်ရပါ့ "
"Hey ! Waiter with V shape line "
ဘာလား .. ဟ
ကျွန်တော် .. ကျွန်တော့်ကို ခေါ်နေတဲ့ လူကို ဆတ်ခနဲ လှည့်ကြည့်လိုက်တော့ .. အသားခပ်ညို ညို ခပ်သန့်သန့်လူငယ်တစ်ယောက် ..
လူကြည့်တော့ ကိုရီးယား ရုပ်ရယ်ပါ .. ဘာများ အဆန်းတကြယ် အင်္ဂလိပ်လို လာမှုတ်နေရတာတုံး .. စိတ်ပျက်စရာ ..
ကျွန်တော် ခန္ဓာကိုယ်ကို ဆတ်ခနဲ ပြန်လှည့်လိုက်ရင်း .. ထိုလူကို ကျောပေးပစ်လိုက်တယ် .. လက်ထဲမှာ waiter တွေကိုင်တဲ့ လင်ပန်းလေးက ပိုက်လျက်သား ..
မိုးရွာလို့ စိတ်ရှုပ်ပါတယ် ဆိုနေ .. သူက တစ်မျိုး ..
"Appa ကလည်း ဒီနေ့မှ ကားမပေးလိုက်ဖူး ကွာ .. မိုးရွာထဲ လမ်းလျောက်ပြန်ရင်တော့ . ငါ့ရဲ့ Milk skin လေး ရွံ့လူးရချည်ရဲ့ .. "
"Hey !! Hello !! Waiter!!! Coffee pls!! "
ကျွန်တော်ပုခုံး ကို လှုပ်ရမ်းပြီး ထိုအသားခပ်ညို ညို လူက ဘေးနား တ coffee ထဲ coffee နေတော့ ..
" ဘာလဲဗျာ !! အာ့လောက်စွပ်အော်မနေနဲ့ .. ကျွန်တော် နားမကန်းဘူးဗျ !! "
" I want coffee !!! "
" No coffee anymore!! Get out !! bye bye "
ကျွန်တော် ထိုလူကို မျက်စောင်းကြီး ထိုးပစ်လိုက်ရင်း သိသမျှ မှတ်သမျှ လေးနဲ့ အင်္ဂလိပ်လို မှုတ်ပစ်လိုက်တယ် ..
ထိုလူကတော့ ကျွန်တော့်အပြောကို တအံ့တသြ ငေးလို့ ..