" အာ့ဂျီရှိ .. အာ့ဂျီရှိ .. "
ကျွန်တော့် ရှေ့မှာ ပိတ်ရပ်နေတဲ့ အသားညိုညို ဦးလေးကြီးကို ကျွန်တော် ခေါ်လိုက်တော့ ..
သူက ကျွန်တော့်ကို လှည့်ကြည့်ဖို့ နေနေသာသာ အဖက်တောင်မလုပ် ...
ဂါးးး .. ဘယ်လိုလူတုန်း????
ဒီက Company ထဲ လမ်းပျောက်နေလို့ မေးမလို့ပါဆို!!
" ကျွတ် .. Appa ရုံးခန်းက ဘယ်ဘက်သွားပြီး ဘယ်လိုရှာရမလဲ မသိ .. "
ဘေးပတ်ဝန်းကျင် ဟိုကြည့် သည်ကြည့်လုပ်တော့လည်း .. ကျွန်တော့် အနီးနားမှာ အဲ့ ချောကလက်လူကြီးပဲ ရှိတယ်လေ....
" ဟိုလူကြီး !! ဟိုလူကြီး !! ချောကလက်လူကြီး! ! ! "
ဒီတစ်ခါတော့ ကျွန်တော် အသံအောင်သွားတယ် ထင်ပါတယ် ..
ဆတ်ခနဲ ကျွန်တော့်ဘက်ကို လှည့်ကြည့်ပြီး..
" မင်း .. ငါ့ကို ခေါ်နေတာလား ! "
ဆံပင်အညို ရောင် ကို သန့်သန့်ပြန့်ပြန့် နောက်ကို လှမ်းသိမ်းထားပြီး အနောက်တိုင်းဝတ်စုံနဲ့ .. ခန့်ချောကြီးရယ်ပါ ..
ကျွန်တော့်ကို ကျွန်တော် ပြန်ငုံ့ကြည့်မိတော့ .. ဘောင်းဘီဒူးဖုံး သာသာလေးနဲ့ အရုပ်စတေကာ အကျီင်္လေး .. သူနဲ့ ယှဉ်ရင် တော်တော့်လေးကို ကလေးဆန်လှသည်လေ..
" ကလေး ..မင်း Hyung ကို ခေါ်နေတာလား "
နေပါဦး !! ဒီလူကြီးကို ကျွန်တော် ရင်းရင်းနှီးနှီးသိသလိုပါပဲ !!
" ဟေ့ကောင်လေး "
သူ .. ကျွန်တော့် မျက်နှာရှေ့လက်လေးဝှေ့ရမ်းရင်း အနားကပ်ခေါ်တော့ အလိုလို နှုတ်ခမ်းစူလျက်သား ...
ရေမွှေးနံ့လေးကို သင်းနေတာပဲ ...ဟင့် .. ကျွန်တော့်လည်း အဲ့လို ဆွဲဆောင်မှုရှိတဲ့ အနံ့လေး လိုချင်တယ် .. ဗြဲ ..
Suho Hyung ပြောတာတော့ ကျွန်တော့်ဆီက နိုနံ့ပဲရတယ်တဲ့ ... အဲ့လူကြီးလို ဆွဲဆောင်မှုရှိချင်တာဆိုနေ....
" ဟင့် ..အီးးးးးးးးဟီးးးးးးး Baek mama !!!! "
ဘာရယ်မဟုတ် ကျွန်တော်က အလကားနေအလကားထငိုတော့ တစ်ဖက်ကလူပြာယာခတ်လေပြီ ..