" Appa.. Omma.. hunnie ပြန်လာ..."
ကိုယ့်ဟာကိုယ် ထီးလေးနဲ့ ဈေးတွက် တွက်ပြီး ပြန်လာရင်း ကြည်နူးတုန်း ရှိသေး ... လားလား .. appa နဲ့ omma က ဧည့်ခန်းထဲမှာထိုင်ပြီး ..
ကျွန်တော့်ကို မီးတ၀င်းဝင်းတောက် မျက်လုံး တွေနဲ့ ကြည့်နေတာ ...
"အယ် .. appa နဲ့ omma .. ဘာလို့ အာ့လိုကြီး hunnie ကို ကြည့်နေတာလဲဟင် "
"မင်းးး "
ကျွန်တော့်စကားလည်း ဆုံးရော appa က ကျွန်တော့်ကို လက်ညိုး ပြီး ထိုးပြီး ဆူမယ်လုပ်တော့ .. ကျွန်တော့်မျက်နှာလေးကို မန်ကျ ည်းစေ့ ထက်ငယ်ပြလိုက်တယ်...
ဘေးနားက သား မျက်နှာအညိုးမခံတဲ့ Omma က ..
" Yeol ကလည်း .. ကလေးကို အဲ့လောက်ထိ မဆူပါနဲ့ "
"အင် .. Baekkie ရယ် ကို ဘာမှ မဆူရသေးဘူးလေ"
"ကလေး ကို ကြည့်ပါဦး မျက်နှာလေးကို ငယ်လို့ .."
omma စကား အဆုံး ကျွန်တော် နှုတ်ခမ်းလေးဆူရင်း ခေါင်းလေး တဆတ်ဆတ်ငြိမ့်ပြလိုက်တယ်..
Appa ဆိုးတယ် ဆိုတဲ့ သဘော ..။
"Baekki ya.. မင်း သားက မင်းအလိုလိုက်လို့ ကို ဆိုးနေတာ.. အခု မင်း ရဲ့သား လုပ်ပုံကောင်းသေးလား .. Coffee မှာ waiter လုပ်ပြီး customer ကို coffee မရောင်းဘူးတဲ့လေ ... "
" ကို ကလည်း သားလေးက ကလေးပဲကို သူလည်း တစ်နေ့တစ်နေ့ Customer တွေနဲ့ စိတ်ရှုပ်ရှာမှာပေါ့ "
Omma စကားကို ကျွန်တော် မျက်နှာငယ်လေးနဲ့ ထောက်ခံသလို ခေါင်းငြိမ့်ပြလိုက်သေးသည် ။
ဟုတ်တယ် ဆိုတဲ့ သဘော... ။
"Ya!! Park sehun .. မင်းအသက် ဘယ်နှနှစ်လဲ .. "
"1 .. 18 ပါ appa.."
" အေး မကြာခင်ပဲ 20 ပြည့်တော့မယ် ခုထိ ကလေးဆန်တုန်း .. "
"ဟင့် .. appa ကလည်း .."
" ဟင့် တွေ .. အင့်တွေ .. လာလုပ်ပြမနေနဲ့ .. မင်းကို အခု waiter အလုပ်ဖြု တ်ပစ်လိုက်ပြီ .. အေး .. အဲ့ အစား .. မနက်ဖြန် ငါ့ company မှာ အလုပ်လာဆင်း .. ဒါပဲ "
