သခင့်​ရင်​ခွင်​ Part(3)

1.1K 131 3
                                    

Baek အိပ်​ရာ နိုးနိုးခြင်း ခြံထဲမှာ ပန်းပင်​​တွေ​ ​ရေ​လောင်း​နေတဲ့ Yeol Arjishi ကို​တွေ့ရသည်

သည်​နားတစ်​ဝိုက်​ ခြံကျယ်​ ဝန်းကျယ်​ ​တွေနဲ့ ​နေထိုင်​တဲ့ လူ​တွေ ကြည့်​ပဲ မို့လို့လားမသိဘူး မိုးလင်းလို့ လင်းမှန်းမသိရ ဘအသံမှလည်း မကြားရဘူး

ဒါ​ကြောင့်​Arjama က စိတ်​ငြိမ်​ရက်​ကွက်​ လို့​​ခေါ်တယ်​လို့ ​ပြောဘူးတယ်

ဟုတ်​မှာပါ ​တော်​​တော်​ တိတ်​ဆိတ်​ပြီး လူရိပ်​ကို မမြင်​ရ​အောင်​ကို ငြိမ်​သက်​လွန်းတယ်

Baekတို့ဆီမှာဆို ဒီချိန်​ စိုက်​ခင်းက​တောင်​ ပြန်​လာပြီ
ဒီချိန်​ဆို ထမင်း​တောင်​ စားပြီးပြီ

ဟုတ်​သားပဲ ဒီမနက်​ငါ ဘာစားရမှာပါလိမ့်
Arjama ကလည်းမလာ​သေးဘူး
ဟိုဦး​လေးကြီးက​တော့ ​ရေ​လောင်းလို့​တောင်​ ပြီး​တော့မယ်
တစ်​ခြံလုံးက သစ်​ပင်​​တွေကလည်း ​ရေ​​တွေနဲ့ စိမ်းလန်း​နေသည်

Baekက​တော့ baek​နေထိုင်​ရာ ပတ်​ဝန်းကျင်​ ကို အံသြစွာ ​ငေး၍မဆုံးနိုင်

မြင်​မြင်​သမျှကလည်း အသစ်​ဆန်းကြည့်​ပဲ
Baekအတွက်​ ​ပေးထားတဲ့အခန်းဆို ဟိုလူကြီး​ခေါ်​တော့သာ ကားဂို​ဒေါင်​တဲ့ baekတို့ အရပ်​မှာဆို အိမ်​အ​ကောင်းစားကြီးပဲ မှတ်​ကြမှာ
အောက်​ခံသမံတလင်းကလည်း ​ပြောင်​လက်​ သန့်​ရှင်း​နေတာပဲ နံရံ​တွေကိုလည်း အစိမ်း ​ဖျော့​ဖျော့​လေး​တွေ သုတ်​ထား​သေးတယ်

တစ်​ဖက်​ခန်းမှာ ကားထားပြီး ဒီဘက်​ခန်းမှာ baek​နေရတယ်​ Baekအတွက်​ ကုတင်​ နံရံကပ်​ဗီရို စာကြည့်​စားပွဲ ကုလားထိုင်​ အစုံရှိတာ

Arjama ကဆို အခန်းကို ကြည့်​ပြီး ညည်း​တော့ဟန်​ကျတာပဲတဲ့

အိပ်​ရာနိုးစ ပုံစံအတိုင်း ဖိနပ်​အပါး​လေး စီးပြီး အိမ်​ထဲက ထွက်​ခဲ့တယ်

Chan Yeolက baekကို​တွေ့​တော့ ပြုံးပြတယ်

Yeol:ညက အိပ်​​ပျော်​ရဲ့လား baek baek

Baek:ဟုတ်​ကဲ့

Yeol:​နေရတာ ဘယ်​လို​နေလဲ

ပြုံးစိစိ မျက်​နှာ​လေးနဲ့ ကြညိ့​နေတဲ့ baekကို chan yeol ထူးဆန်းစွာ ကြည့်​​နေမိတယ်

သခင့်​ရင်​ခွင်​Hikayelerin yaşadığı yer. Şimdi keşfedin