#Minseokkie
' FanFan! ကျွန်တော်ဗိုက်ဆာတယ်'
' FanFanပြန်လာရင် ကျွန်တော့်အတွက်ဘာဂါဝယ်ခဲ့ပေး'
' Chickenရော'
' FanFan! ပြန်မလာသေးဘူးလား'
' FanFan! ဘယ်အချိန်ပြန်လာမှာလဲ '
' FanFan! ကျွန်တော်တယောက်တည်းပျင်းတယ် အမြန်ပြန်လာပါ '
Yifanအစည်းဝေးလုပ်နေရင်းဖုန်း vibrateကြောင့် ဖုန်းကိုကြည့်ရင်းအူယားနေလေသည်။
Yifan pov - aigoo ဒီကလေးလေးကတော့
အစည်းအဝေးတွင်အာရုံမရှိပဲ စားပွဲခုံအောက်ကဖုန်းကိုသာအာရုံရောက်နေသောYifanအား အစည်းအဝေးခန်းမထဲကလူတွေရိပ်မိလာလေသည်။ Yifanအားအချက်ပေးသော်လည်းသူကတော့ဖုန်းကိုသာအာရုံရောက်နေမြဲပင်
နောက်ဆုံးအလုပ်အကြောင်းရှင်းပြနေတဲ့သူက ကျယ်ကျယ်ခေါ်လိုက်မှYifanသတိပြန်ဝင်သွားလေသည်။
' သူဌေး!'
Yifan - huh? အော် ဘာလဲပြောလေ
' ဟို ကျွန်တော်ရှင်းပြတာတွေဘယ်လိုသဘောရလဲလို့'
Yifan - အော် အဲ့ဒါက... အင်း မဆိုးပါဘူးကောင်းပါတယ်
' Nae! ဒါဆိုBandအသစ်ကြော်ငြာဖို့အတွက် နာမည်ကြီးIdol Layကိုပဲရွေးလိုက်တော့မယ်နော်'
Yifan - Aa ဒါပဲမလား ပြောစရာရှိသေးလား
' မရှိတော့ပါဘူး'
Yifan - ကောင်းပြီ ဒါဆိုဒီလောက်နဲ့အစည်းဝေးရပ်မယ်
' Naee သူဌေး'
(တကယ်တော့Layနဲ့YixingဆိုတာYifanမသိပါဘူးအာ့ကြောင့်လက်ခံလိုက်တာပါ)
Yifanတယောက်အစည်းဝေးခန်းမထဲကနေအမြန်ဆုံးအရင်ထွက်လာပြီး သူ့ရုံးခန်းတောင်မသွားတော့ပဲ မန်နေဂျာကိုပြောပြီးအိမ်ပြန်လာခဲ့လေသည်။
Jongအတွက်ဘာဂါနဲ့Chickenဝယ်ပြီးYifanအိမ်ကိုအမြန်ပြန်လာခဲ့လေသည်။