#Minseokkie
JongDaeသတိမေ့နေခဲ့တာ ဒီနေ့နဲ့ဆိုတစ်လနီးပါးရှိနေပြီ။ ခုထိလည်းသတိမရသေးဘူး ဆရာဝန်ကြီးတွေကတော့ခေါင်းကိုထိထားလို့လူနာပေါ်မူတည်ပြီးဆုံးဖြတ်ရလိမ့်မယ်လို့ပြောသွားခဲ့လေသည်။ ဒါမဲ့ခုချိန်ထိသတိပြန်မရလာသေး၍Yifanတော်တော်လေးကိုစိတ်ပူနေတာပါ။
Companyလည်းမသွားအိမ်လည်းမပြန်ပဲJongDaeအနားကတဖွားမှမခွာပဲနေနေလေသည်။
တစ်ရက်Yizingဆေးရုံရောက်လာပြီးး
Xing - WuYifan shi!
Yifan JongDaeဘေးနားအိပ်နေရာမှခေါင်းထောင်လာပြီးး
Yifan - မင်းဘာလာလုပ်တာလဲ
Xing - ခင်ဗျား ခဏလောက်နားလိုက်ပါလား တော်ကြာ...
Yifan - မင်းပါးစပ်ကိုပိတ်ထား ငါ့ကိုဘာမှလာမပြောနဲ့
Xing - ငါကစေတနာနဲ့ပြောတာပါ တော်ကြာမင်းလဲကျသွားရင် ဘယ်လိုလုပ်မလဲ
Yifan - အပိုတွေလာပြောမနေနဲ့ ခုချက်ချင်းဒီကထွက်သွား
Xing - ထွက်သွားမှာပါ ဒါမဲ့တခုလောက်တော့ပြောချင်တယ်
Yifan - ဘာလဲ
Xing - မင်းDaeကိုချစ်ရင် ခုလိုမင်းပုံစံကြီးကိုDaeမမြင်စေနဲ့ မဟုတ်ရင်မင်းကြောင့်သူဝမ်းနည်းရလိမ့်မယ်
Yifanတချက်တွေဝေသွားလေသည်။
Yixingလည်းပြောပြီးအခန်းထဲကနေချက်ချင်းထွက်လာခဲ့လေသည်။
Yifanသေချာစဉ်းစားနေရင်းကနေ နောက်ဆုံးဆုံးဖြတ်ချက်တခုချလိုက်လေသည်။
Yifan pov - ဟုတ်သားပဲ ငါ့ဒီပုံကြီးကိုJongမြင်လို့မဖြစ်ဘူး တော်ကြာ Jongဝမ်းနည်းသွားရင် ဟုတ်တယ် ငါခုပုံကိုပြောင်းမှဖြစ်မယ် ဟုတ်တယ်
Yifanဆုံးဖြတ်ချက်ချပြီး Yixingကိုဖုန်းဆက်ပြီး JongDaeအနားမှာနေပေးဖို့ပြောလိုက်လေသည်။ တကယ်တော့YixingကိုJongDaeအနားနေတာမကြိုက်ပေမယ့် အခြားသူထက်စာရင်Yixingကပိုသင့်တော်မည်ထင်၍ခုလိုလုပ်လိုက်ခြင်းဖြစ်သည်။